Sunday 18 November 2012

နိင်ငံေ၇းအကျဉ်းသား လွတ်မြောက်မှု သတင်း

ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည့် အကျဉ်းသား ၆၆ ဦးအနက်မှ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်ခဲ့ရာ သာယာဝတီထောင်မှ ကိုလက်ယျာထွန်း၊ ကိုသိန်း (ခေါ်) ကိုသိန်းထွန်း၊ ကိုမြင့်ဟန်၊ ကိုနိုင်အောင်နှင့် ကိုသန့်ဇင် (ခေါ်) သန့်ဇော်ဆွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၀ ဦးဝန်းကျင် လွတ်မြောက်မည်ဟု အကျဉ်းသားများ၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုထွန်းကြည်က နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီ အချိန်က ပြောကြားခဲ့သည်။

“ရမည်းသင်းထောင်မှ ကိုဇော်ဇော်အောင် လည်းလွတ်မယ်လို့ ကြားရတယ်။ကိုဇော်ဇော်အောင် လွတ်တယ်ဆိုရင် သူနဲ့အမှုတွဲ အတူဖြစ်တဲ့ လွိုင်ကော်ထောင်က ကိုမြင့်အေး၊ ကလေးက ကိုရန်ရွှေတို့လည်း လွတ်မြောက်ဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ လူ့အခွင့်အရေး လှုပ်ရှားမှု ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး အကျဉ်းချခံထားရသူတွေပါ၊ အကိုတို့ အဖွဲ့အနေနဲ့ အကျဉ်းသားတွေ လွှတ်ပေးတယ်လို့ သတင်းမှာ ကြေငြာကတည်းက အကျဉ်းထောင်အသီးသီးကို ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး နိုင်ငံရေးအကျဉ်းသား ဘယ်လောက်လွတ်တယ်ဆိုတာကို စုံစမ်းနေပါတယ်၊ အကိုတို့အဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကြိုဆိုပါတယ်။ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးပါလို့ တောင်းဆိုပါတယ် ” ဟု ကိုထွန်းကြည်က ပြောပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည့် အကျဉ်းသားများအား ကြိုဆိုရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအ ဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ သာယာဝတီထောင်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

No comments :