Sunday 18 November 2012

အိုဘားမားကိုကြိုဆိုဖို့  မြန်မာ နိင်ငံသားများ စိတ်လှုပ်ရှားနေကြ



   မူစလင်ကွန်မြူနတီကလဲ အိုဘားမားကိုတခဲနက်သွားရောက်ကြိုဆိုကြမယ်လို့ သိရတယ်။


 အလံလုပ်ရောင်းသူတွေအဆိုအရ အမေရိကန် အလံများကို လူတွေအတော်ဝယ်ယူအားပေးကြတယ်လို့ သိရတယ်။

 အမေရိကန် သမတ တဦးမြန်မာ ပြည်ကိုသွားရောက်လည်တာဟာ အေဒီ ၁၀၄၄ ခုနစ် ပထမ မြန်မာနိင်ငံကိုစတင်တည်ထောင်ကတည်းက ဒါဟာ  မြန်မာသမိုင်းမှာ ဒါဟာပထမဆုံးဖြစ်ပါတယ်။

သမိုင်းအဆက်ဆက် မြန်မာနိင်ငံရေး အခွင့်ထူးခံများ  (Myanmar  Elite )  များက အမေရိကန် ဆိုတာ သူရဲသဘက်တကောင်လို ၊ ဂုတ်သွေးစုတ် အရင်းရှင်နယ်ချဲ့ များသဖွယ် လူထုကို အဆက်မပြတ် မှိုင်းတိုက်ခဲ့ကြတယ်။ သို့ ရာတွင် အဆိုပါ အုပ်စိုးသူများ သူတို့ သားသမီးများဟာ
အမေရိကန် နိင်ငံမှာ အခွင့်အရေးများ ရယူခဲ့ကြပါတယ်။

အမေရိကန်နိင်ငံဟာနိဗာန်ဘုံတခုတော့မဟုတ်ပါဘူး။ ခြောက်ပြစ်ကင်းလဲစင်နိင်ငံတခုမဟုတ်ပါဘူး။
ဒါပေမဲ့ ဒီနိင်ငံဟာ  တခြားနိင်ငံတွေထက်အဖိနိပ်ခံ  မြန်မာ လူမျိုးတွေဖက်ကရပ်တည်ခဲ့တယ်ဆိုတာ မမေ့ သင့်ပါ။


၁၉ ၈၈ ခုနစ်အရေးတော်ပုံကြီး ပြီးနောက်ပိုင်း ၈၈ ကျောင်းသားများရဲ့ ကျေးဇူးကြောင့်
ဆင်းရဲသားလူတန်းစားပေါင်းစုံ တို့ ဟာ အမေရိကန် နိင်ငံကို ဒုက္ခသည်အဖြစ်ပြောင်းရွှေ့ နေထိုင်ခွင့်ရခဲ့ကြပြီး ကောင်းမွန် တဲ့ဘ၀တွေကိုတည်ဆောက်ခွင့်
ကမ္ဘာကြီးရဲ့ အပြောင်းလဲတွေကို မြင်ခွင့်လေ့လာခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။၈၈ နောက်ပိုင်းမှာ
မြန်မာနိင်ငံသား ဒုက္ခသည် သန်းတ၀က်ခန့်  ကို အမေရိကန်နှင့် အနောက်နိင်ငံတွေကလက်ခံခဲ့
ကြပါတယ်။


No comments :