Monday 19 November 2012
အိုဘားမား၊မြန်မာပြည်နဲ့ အပြောင်းအလဲ
 (က)                                                                                                                                  
မြန်မာ့နိုင်ငံရေး နှင့်သံတမန်ရေး သမိုင်းမှာ အမေရိကန်သမ္မတမြန်မာနိုင်ငံ ကိုလာရောက်လည်ပါတ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒီနေ့ နိုဝင်ဘာ၁၉၊ ၂၀၁၂ မှာ အမေရိကန်သမ္မတ ရန်ကုန်ကိုရောက်လာ ပါပြီ။အစီအစဉ် တွေထဲမှာ သမ္မတဦးသိန်းစိန် နဲ့ တွေ့ မယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ မယ်ပြီးရင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်မှာ မြန်မာလူထုကိုမိန့် ခွန်းပြောမယ် လို့ သတင်းတွေက ဆိုပါတယ်။သမိုင်းဝင်ခရီးစဉ်တခုဖြစ်ပါတယ်။
အမေရိကန်သမ္မတ တဦးမြန်မာနိုင်ငံကိုလာရောက်တာဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို တိုးတက်စေတဲ့တွန်းအားပေးမှုတရပ်လို့ မြင်မိပါတယ်။ဒီမိုကရေစီနိုင်ငံ အဖြစ်မြန်မြန်ရောက် ဖို့ အမေရိကန်အစိုးရကမြင်ချင်ပုံရပါတယ်။အမေရိကန်သမ္မတနဲ့ အတူ စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုတွေ၊ဖွံ့ ဖြိုးတိုးတက်ရေးအကူအညီတွေ၊နည်းပညာ တွေ ပုံအောတိုက်ပါလာမယ် လို့ အချို့ ကလည်းတထစ်ချတွက်ထားကြပါတယ်။ဖြစ်နိုင်ခြေများလည်းရှိပေမဲ့ လွယ်လွယ် နဲ့ တော့ မရနိုင်ပါ။အမေရိကန်အစိုးရအနေနဲ့ နှိုင်းချိန်တွက်ဆပြီးမှ တဆင့်ချင်းစီးပွါးရေးရင်းနှီးမြှုပ်နှံမှု အများစုနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးအကူအညီအများစုကိုလုပ်သွားမဲ့အနေအထားရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် Derek Mitchell နဲ့ စက်တင်ဘာ ၁၃ ရက်၊၂၀၁၂ နေ့ က ရန်ကုန်က သံအမတ်ကြီးရုံးခန်းမှာ ကျနော်တို့ အမိမြေငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ နဲ့ ၂ နာရီကြာတွေ့ ဆုံဆွေးနွေးခဲ့စဉ်က လည်းအမေရိကန်အစိုးရရဲ့ မြန်မာနိုင်ပြုပြင်ပြောင်းလဲရေး အမှန်တိုးတက်လာအောင်လိုလားကြောင်း၊တိုးတက်မှု များ အပေါ် အခြေခံပြီး ကူညီမှုများလည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိခဲ့ရပါတယ်။ကျနော်တို့ မှလည်း
ဖွံ့ ဖြိုးတိုးတက်မှုအကူအညီများမြန်မြန်နဲ့ များများပေးဖို့ ၊အစိုးရအရာရှိများအမေရိကန်ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်
ထားမှုများအဆုံးသတ်ပြီးပြည်ဝင်ခွင့်ဗီဇာများထုတ်ပေးဖို့ ၊စီးပွါးရေးပိတ်ဆို့ ထားမှုများအမြန်ရုတ်သိမ်းပေးဖို့ 
တိုက်တွန်းခဲ့ကြပါတယ်။နိုင်ငံသားများအလုပ်အကိုင်အခွင့်အလမ်းများ များလာစေရန်နဲ့ အစိုးရအရာရှိများ
ပြည်ပခေတ်မှီတိုးတက်သောနိုင်ငံများနဲ့ ထိတွေ့ ဆက်ဆံမှုများလာရင် ပြည်တွင်းအခြေအနေတွေ နဲ့ နှိုင်းယှဉ် နိုင်ပြီးတိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အပြောင်းအလဲ လိုအပ်နေပြီဆိုတာ ပိုပြီးသိလာကြပြီး အထောက်အကူများစွာ ဖြစ်လာ မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
ဆိုလိုတာကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေ မြန်မြန်နဲ့ များများလုပ်လေ တိုင်းပြည်အတွက်မြန်မြန်အကျိုးရှိလေပါ။
 (ခ)
အပြောင်းအလဲတွေမြန်မြန်နဲ့ များများလုပ်ဖို့ အဓိကတာဝန်ရှိသူကတော့အစိုးရဘဲဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရရဲ့သိသာထင်ရှားတဲ့ပြောင်းလဲမှုလုပ်ငန်းတွေကိုလည်းတွေ့ နေရပြီဖြစ်ပါ
တယ်။ဥပမာနိုင်ငံရေးအကျဉ်းသားများအပါအ၀င်ရာဇ၀တ်အကျဉ်းသားအတော်များများကိုအကြိမ်ကြိမ်ခွဲပြီး
လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုများ၊သတင်းမီဒီယာလွတ်လပ်ခွင့်ပေးခဲ့မှုများ၊လူထုလွတ်လပ်ခွင့်အချို့ ပေးခဲ့မှုများ
(ဥပမာတရားဝင်ဆန္ဒဖော်ထုတ်ခွင့်)၊ပြည်ပရောက်အတိုက်အခံအချို့ ကိုပြည်တွင်းပြန်ဝင်ခွင့်ပေးခဲ့မှုများ၊တိုင်းရင်း
သားအဖွဲ့များ၊အတိုက်အခံများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေမှုများဟာသိသာထင်ရှားတဲ့ပြောင်းလဲမှုများဖြစ်ပါတယ်
-ဆက်ဖတ်ရန် ခေါင်းစဉ် ကို နှိပ်ပါ။-
                                                                                                                  အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံးကိုပြည်တွင်းပြန်ဝင်ခွင့်ပြုဖို့ လိုပါသေးတယ်။
ပြုပြင်ပြောင်းလဲနေမှုအချို့ ကို ဆက်လက်တိုးတက်ပြောင်းလဲနိုင်အောင်လုပ်ဖို့ လိုပြီး
မပြောင်းလဲရသေးသော နိုင်ငံရေး၊စီးပွါးရေးမူဝါဒများကို ပြုပြင်ပြောင်းလဲမှုဆက်လုပ်ဖို့ လိုပါတယ်။
အစိုးရအနေနဲ့ ပြပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာလက်တွေ့ ကျဖို့ နဲ့ အောက်ခြေ၀န်းထမ်းတွေအထိပြုပြင်
ပြောင်းလဲမှုတွေရောက်ရှိအောင်လုပ်ရပါမယ်၊ဥပမာ အောက်ခြေအရာရှိတွေ ၀န်ထမ်းတွေအနေနဲ့ 
တာဝန်ခံမှုတွေ တာဝန်ယူမှုတွေကို ဥပဒေနဲ့ အညီလုပ်ပိုင်ခွင့်တွေပေးဖို့ လိုပါတယ်။ အရာရာ အထက်ပြန်တင်ပြတာတွေ၊ဥပဒေနဲ့ ညီနေပါလျှက်နဲ့ အထက်ရဲ့ ခွင့်ပြုမိန့် စောင့်နေတာမျိုးတွေမရှိသင့်တော့ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်နဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်အပါ
ရေးအစုအဖွဲ့ များ အတိုက်အခံများ အားလုံးတာဝန်ရှိပါတယ်။ခြုံပြောရရင် နိုင်ငံသားအားလုံးတာဝန်ရှိပြီး ပါဝင်ကြဖို့ လိုပါတယ်။အတိုက်အခံနိုင်ငံရေးအမတ်တွေ၊ပါတီတွေအနေနဲ့ လည်း အတိုက်အခံပီသစွာ လွှတ်တော်ထဲမှာအပြုသဘောဆောင်ပြီးပြောရဲဆိုရဲရှိရပါမယ်။ဒီမိုကရေစီနဲ့ ညီလာအောင်ဥပဒေတွေကိုပြုပြင်ပြောင်းလဲနိုင်
အောင် အဆိုပြုတင်သွင်းရပါမယ်။ပြည်သူ့ ကိုယ်စားလွှတ်တော်ထဲရောက်နေပြီးလက်ညှိုးထောင်ခေါင်းငြိမ့်
လုပ်နေပြီး အနေချောင်အောင် အချောင်နေလို့ မရပါ။တာဝန်ရဲရဲယူကြဖို့ လိုပါတယ်။အချို့ သော ပြည်သူ  ကိုယ်စားလှယ်အမတ်များကတော့ ဥပဒေအချို့ ကိုပြုပြင်ပြောင်း  လဲဖို့ အဆိုတင်သွင်းကြိုးစားနေကြတာ
မြင်နေကြားနေရလို့ အားရစရာကောင်းပါတယ်။     
                                                                                                                                     အစိုးရမှတရားမျှတတဲ့ဥပဒေစိုးမိုးအောင်လုပ်ရမှာဖြစ်သလို လူထုမှလည်းလေးစားလိုက်နာပြီး စည်းကမ်းရှိ
ကြရမှာဖြစ်ပါတယ်။ဗိုလ်ချုပ်ပြောခဲ့သလို လွတ်လပ်ရေးတောင်မရခင် လမ်းပေါ်ဆေးရိုးလှမ်းသလို စည်းကမ်းမဲ့လုပ်လို့ မရပါ။သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေစတင်လုပ်ဆောင်နေသလို၊ငြိမ်းချမ်းရေးဖော်ဆောင်မှု
တွေလုပ်နေသလိုအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ညီညွတ်ရေးတည်ဆောက်ဖို့ လိုပါတယ်၊အားလုံးပါဝင်မဲ့
ဆွေးနွေးပွဲအစည်းဝေးကြီးတရပ်ခေါ်ယူကျင်းပပေးဖို့ လိုပါတယ်။အမျိုးသားပြန်လည်လည်သင့်မြတ်မှုနဲ့ ညီညွတ်
မှုရှိမှသာ အပြောင်းအလဲနဲ့ အတူ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်မှုရရှိလာမှာပါ။
အမေရိကန်သမ္မတ အိုဘားမားရဲ့မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံတကာဆက်ဆံရေး နဲ့ 
 နိုင်ငံခြားရေးမှာ ကဏ္ဍသစ်တရပ်ဖွင့်လှစ်နိုင်ခဲ့တာတော့အမှန်ပါ။ထို့ အတူ အမေရိကန်နိုင်ငံအတွက်လည်း
သစ်စတင် နိုင်ခဲ့ပြီလို့ ပြောလို့ ရမှာပါ။ ကျနော်တို့ မြန်မာနိုင်ငံသားများအနေနဲ့ နားလည်ထားရမှာကတော့ တကဲ့အပြောင်းအလဲကပြည်တွင်းမှာသာရှိ ပြီးကျနော်တို့ အားလုံးမှာတာဝန်ရှိပါတယ်။အစိုးရက အဓိကတာဝန်ရှိပါတယ်။အမေရိကန်သမ္မတမကလို့ တကမ္ဘာလုံးကသမ္မတတွေ ခေါင်းဆောင်တွေလာပါစေ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးမှုတွေ၊ကူညီအားပေးမှုတွေ ထက်မပိုပါ။ တကဲ့အပြောင်းအလဲတွေဖြစ်လာဖို့ က ကျနော်တို့ ကိုယ်တိုင်ကြိုးစားလုပ်ယူကြရမှာပါ။အပြောင်းအလဲက ကျနော်တို့ တွေအားလုံးရဲ့လက်ထဲမှာရှိနေတယ်ဆိုတာမမေ့ကြပါနဲ့ ၊မတွေဝေမေ၀၀ါးကြပါနဲ့ 
လို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုကိုအောင်
ခေတ္တ ဂျပန် ၊
နိုဝင်ဘာ ၁၉ ၊ ၂၀၁၂
အမိမြေငြိမ်းချမ်းရေးအဖွဲ့ ဝင်များ အမေရိကန်သံအမတ် Derek Mitchell နှင့်ရန်ကုန်သံရုံးတွင်းတွေ့ ဆုံဆွေးနွေးပြီးအမှတ်တရ
1 comment :
Anonymous said...
ဒါပေမယ့် ပီကင်းအခြေစိုက် နိုင်ငံတကာလေ့လာရေးသုတေသီ ဇူဖန်းက အမေရိကန်အနေနဲ့ မြန်မာပြည်အပေါ် ကြွေးကြော်နေတဲ့ လူ့အခွင့်ရေး၊ ဒီမိုကရေစီရေးလို့ ဆိုနေတာတွေက အပေါ်ယံ သကာရည်လောင်း ပြောနေတာသာ ဖြစ်တယ်။ အဓိက အမေရိကန်ရဲ့မဟာဗျူဟာအရ မြန်မာဟာ အိန္ဒိယသမုဒ္ဒရာကို ခုန်ပျံကျော်လွှားရောက်ရှိနိုင်တဲ့ တရုတ်ရဲ့ အနောက်ဘက် ထွက်ပေါက် တခုဖြစ်နေတာမို့ အမေရိကန်တွေ မြန်မာအပေါ် ဆက်ဆံရေးပြောင်းလဲလာတာလို့ သုံးသပ်ပါတယ်။
အမေရိကန် အိမ်ဖြူတော်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာက အရှေ့တောင်အာရှ အသင်းဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် အာဆီယံ အဖွဲ့ကြီးနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်မယ်။ မြန်မာက ပထ၀ီနိုင်ငံရေးအရ အိန္ဒိယသမုဒ္ဒရာနဲ့ထိစပ်နေပြီး သဘာဝတွင်းထွက်တွေ ကြွယ်ဝတဲ့နိုင်ငံဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ စိတ်ဝင်စားမှုရှိတဲ့အကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒါက အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက မြန်မာကို တရုတ်ရဲ့သြဇာအောက်က တဖြည်းဖြည်းနဲ့ ဆွဲထုတ်တဲ့ မဟာဗျူဟာလို့ သုံးသပ်ကြပါတယ်
Its absolutely true.American looks not just only Burma,he looks whole Asia ,how to influence his power.America foreign is bullshit but better than Chinese.We can get bone from American.