Thursday 8 November 2012

၂၀၁၂ အမေရိကန် ရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ် အဖြစ် ရွေးချယ်ခံရ တဲ့ ထိုင်း အမျိုးသမီး တမ်မီ ဒပ်ခ် ၀ုသ် (Tammy Duckworth)

Thai-American wins seat in Congress


 -WFWW-
၁၁.၀၉.၂၀၁၂



တမ်မီ ဒပ်ခ် ၀ုသ် ( (Tammy Duckworth)) ဟာ အမေရိကန် အီရတ်စစ်ပြန် တယောက်ဖြစ်ပြီး၊  အီရတ် စစ်မြေပြင် မှာ တိုက်ပွဲဝင်ရင်း  ဒဏ်ရာရ ခဲ့သူဖြစ်တယ်။ သူမ ကို အောက်လွှတ်တော် အမတ် အဖြစ် အရွေးချယ်ခံခဲ့ရတာ ဟာ  အမေရိကန် ပြည်သူ အများစု အမေရိကန်နိုင်ငံရေးမှာ ဘာသာစွဲ၊ လူမျိုးစွဲ မရှိဘူးဆိုတာ ကမ္ဘာ ကို ပြသ လိုက်တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံရေး အကဲခတ်လေ့လာသူတွေ က ပြောဆိုခဲ့ကြတယ်။ 

လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေး အစွန်းရောက်ယူအဆ အတွေးအခေါ်တွေ ကြီးစိုးပြီး ကျဆုံးနေတဲ့ နိုင်ငံတွေ အတွက်တော့  အမေရိကန် နိုင်ငံရေး ဟာ အတုယူစရာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံသားတွေ ကတော့ သူမ အမေရိကန် အောက်လွှတ်တော် အမတ် အဖြစ် အရွေးချယ်ခံရမှု အပေါ်  ၀မ်းပန်းတသာဖြင့် ဂုဏ်ယူမဆုံးဖြစ်နေကြကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာတွေ မှာ ဝေေ၀ဆာဆာဖော်ပြခဲ့ကြတယ်။ ထိုင်း အစိုးရ ၀န်ကြီးချုပ်နှင့် အတိုက်အခံခေါင်းဆောင်တွေ က လည်း  လေးစားဂုဏ်ယူတယ်ဆိုတဲ့ အကြောင်း ဖုန်းကနေတဆင့် သူမ ကို နုတ်ခွန်းဆက် ပြောဆိုခဲ့ကြတယ်။

သူမ  ဟာ ၁၉၆၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့ပြီး၊ ယခု အခါမှာတော့  အေလူးနိုက် ပြည်နယ် (Illinois)  8th district  ရဲ့  အမေရိကန် အောက်လွှတ်တော်  ဒီမိုကရက်တစ်ပါတီ ရဲ့  အမတ်ဖြစ် ၂၀၁၂ အမေရိကန်ရွေးကောက်ပွဲမှာ ရွေးချယ်ခြင်းခံခဲ့ရတယ်။
Rep Joe Walsh Debates Tammy Duckworth 5 11 12 
 

သူမဟာ အမေရိကန် ရဲ့ စစ်တပ်မှာ ဗိုလ်မှူး ရာထူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အမေရိကန် စစ်မှုထမ်း ရေးရာ မှာ ဒုတိယ ၀န်ကြီးအဆင့်ထိ တာဝန်ယူဆောင်ရွက်ခဲ့သူလည်းဖြစ်တယ်။ သူမဟာ အမေရိကန်တပ်မတော်ရဲ့ အမြင့်ဆုံး ဆုတံဆိပ်တွေ ကိုလည်း ချီးမြင့် ဂုဏ်ပြုခြင်းခံခဲ့ရသူလည်းဖြစ်တယ်။

သူမ အကြောင်း ကို ဒီနေရာ မှာ ဖတ်ရှု့ နိုင်ပါတယ်။
 

No comments :