Saturday 1 December 2012

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း



နေပြည်တော်၊ ဒီဇင်ဘာ ၁

ဒေသခံများနှင့် သံဃာတော် များ၏ ကန့်ကွက် ဆန္ဒပြမှု နှင့် ရင်ဆိုင် ခဲ့ရသော လက်ပံတောင်းတောင် စီမံကိန်း နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး

ကော်မရှင် ကို အဖွဲ့ဝင် --- ဦး ဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်

၃ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊
ဌာန ဆိုင်ရာ အရာရှိကြီးများ သာမက မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်မှ
ကိုယ်စားလှယ် တစ်ဦးနှင့် ကြေးနီ စီမံကိန်း ဒေသခံ ရွာသား သုံးဦး ကိုပါ
ပါဝင်ဖွဲ့စည်း ပေးခဲ့သည်ကို တွေ့ရှိ ရသည်။

အဆိုပါ စုံစမ်းရေး ကော်မရှင် အနေဖြင့် ကြေးနီ စီမံကိန်းကြောင့် နိုင်ငံတော်

အတွက် အကျိုး ရှိ မရှိ၊ ကြေးနီ စီမံကိန်းအား ဆက်လက် ဆောင်ရွက်ရန်
သင့် မသင့် နှင့် စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒ ဖော်ထုတ်ရသည့် အကြောင်း
ရင်း များ၊ ဆန္ဒဖော်ထုတ်မှု အပေါ် ထိန်းသိမ်း ဆောင်ရွက်မှုနှင့် ထိခိုက်
ဒဏ်ရာ ရရှိမှု အပေါ် သုံးသပ်ချက် နှင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ
ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ စသည့်
အချက်များကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံး ထားပြီး နိုင်ငံတော် သမ္မတ
ထံသို့ တင်ပြ ရမည် ဖြစ်ကြောင်း ယင့် အမိန့်စာတွင် ဖော်ပြသည်။


ကြေညာချက် အပြည့်အစုံ - http://www.president-office.gov.mm/briefing-room/news/2012/12/01/id-2024

1 comment :

Anonymous said...

အမေစု လက်တွေ့ကျကျ မျှမျှတတ နှစ်ဘက်ပြေလည်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်..