Friday 14 December 2012

မြန်မာ ဂုဏ်ဆောင် ဖို့ အမျိုးသမီး အသင်းကို အားပေး ကြပါစို့ 

အာရှယူ - ၁၉ အမျိုးသမီးခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ မြန်မာက ထိုင်းကို ၁ဂိုးဂိုးမရှိနဲ့ အနိုင်ရ -
ဗီယက်နမ်နိုင်ငံမှာ ဒီဇင်ဘာ ၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာရှယူ ၁၉ အမျိုးသမီးချန် ပီယံရှစ် ဒုတိယအ ဆင့်ခြေ စစ်ပွဲရဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ထိုင်းကို တဂိုးဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲမှာ မြန်မာအသင်းဟာ ပြိုင်ပွဲတလျှောက် အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ ကစားနု
ိုင်ခဲ့ပြီး အနိုင်ဂိုးကို ၆၇ မိနစ်လောက်မှာ လင်းဥမ္မာထွန်း က သွင်းယူပေး တာ ပါ။ ခြေစစ်ပွဲအောင်သွားတဲ့ မြန်မာအမျိုးသမီးယူ အသင်းဟာ လာ မယ့် ၂၀၁၃ အာရှယူ ၁၉ ပြိုင်ပွဲမှာ အာရှထိပ်သီးတွေဖြစ်တဲ့ လက်ရှိ ချန်ပီယံ ဂျပန်၊ မြောက် ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျအသင်းတို့နဲ့ အုပ်စု ပတ် လည် ကစားရမှာ ဖြစ်ပါတယ်။
 

No comments :