Friday 14 December 2012

ဆရာတော်ဦး တိက္ခသတင်း


လက်ပံတောင်းတောင် သပိတ် အကြမ်းဖက်ဖြိုခွဲမှုမှာ မီးလောင်ဒဏ်ရာ အပြင်းထန်ဆုံးခံစားရတဲ့ သက်တော်(၆၆)နှစ်အရွယ် ဆရာတော် ဦးတ္ခိဥာဏ ကို ရန်ကုန်မြို့ ပြည်သူဆေးရုံ ခွဲစိတ်ဆောင်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့ အတွက် ဒီနေ့ (၁၃-၁၂-၂၀၁၂) ညနေ (၄း၃၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။
ဆရာတော်ဟာ ခန္ဓာကိုယ်ရဲ့ ၄၅ ရာခိုင်နှုန်းလောက် အရေပြားတွေ ပျက်စီးသွားတဲ့အတွက် ပြည်ပမှာ ဆက်လက်ကုသဖို့ဖြစ်တယ်လို့ဆိုပါတယ်။
ဆရာတော်နဲ့ အတူ မန္တလေးပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဦးမောင်ဝင်းနဲ့ ဆရာတော်ရဲ့ မိသားစုဝင် ၃ ဦးလိုက်ပါသွားပါတယ်။


No comments :