Wednesday 5 December 2012

လက်ပံတောင်းတောင် အကြမ်းဖက်မှုအား ဆန့်ကျင်ရှုတ်ချပွဲ ဖိတ်ကြားလွှာ

"လက်ပံတောင်းတောင် အကြမ်းဖက်မှုအား ဆန့်ကျင်ရှုတ်ချပွဲ ဖိတ်ကြားလွှာ" 

 အမေရိကန်နုငိငံ၊ နယူးယောက်မြို့ရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အပေါင်းသို့ . . .
 မြန်မာနိုင်ငံ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသော သံဃာတော် အရှင်သူမြတ်များနှင့် ကျောင်းသား ပြည်သူများကို အာဏာပိုင် အဖွဲ့အစည်းများမှ လူမဆန်စွာ၊ ရက်စက်ကြမ်းတမ်းစွာ မီးလောင်ဗုံးဖြင့် ဖြိုခွင်းနှိမ်နင်းမှုကြောင့် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရဟန်းရှင်လူ ပြည်သူအများ ထိခိုက်ဒဏ်ရာ ရရှိကြပြီး၊ သံဃာတော်အများစုမှာ ခန္ဓာကိုယ်များတွင် ဆိုးဆိုးရွားရွား ထိခိုက်လောင်ကျွမ်း ဒဏ်ရာရခဲ့ကြရပါသည်။ ထို့ကြောင့် နယူးယောက်မြို့ရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စုပေါင်း၍ မြန်မာ အာဏာပိုင်များ၏ အကြမ်းဖက်မှုအား ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချပွဲကို လုပ်ဆောင်သွားမည် ဖြစ်ပါ၍ ညီညွတ်စွာ ပူးပေါင်းပါဝင်ကြပါရန် ဆန္ဒပြု ဖိတ်ခေါ်အပ်ပါသည်။ 

အစီအစဉ် နေ့ရက် - ဒီဇင်ဘာလ ( ၈ ) ရက်၊ ၂၀၁၂။ ( စနေနေ့ )။
အချိန် - နေ့လည် ( ၁း၀၀ ) နာရီမှ ( ၂း၀၀ ) နာရီထိ။
 နေရာ - မြန်မာကောင်စစ်ဝန်ရုံးရှေ့။ 10 E. 77th Street, New York, NY 10075

 ဆက်သွယ်ရန် - မောင်မောင်ကျော် ( 808-285-4939 ) နေတင်မြင့် ( 347-944-7341 ) ဖိုးခွား ( 917-349-2169 ) အောင်ခန့် ( 516-808-1515 )

No comments :