Wednesday, 26 December 2012

ထော်လာဂျီ နဲ့ သယ်သွားတဲ့ တပ်မတော်သားလေး ဘဝ

ဒဏ်ရာရ၊ကျဆုံးအစိုးရစစ်သားများအား ထော်လာဂျီ
=============================
နှင့် နွားလည်းတို့ဖြင့်သယ်ဆောင်သွား
=====================
ဒီဇင်ဘာလ(၂၆)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင်
စကခ(၂၁)လက်အောက်ခံ တပ်ဖွဲ့အင်အား (၁၅၀)ခန့်
သည် ဘွမ်ဆောမ်အနီးရှိ KIA တပ်စခန်းကို စခန်းသိမ်း
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရ တပ်ဖွဲ့ဝင်(၁၀)
ဦး ကျဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလောင်းများနှင့်ဒဏ်ရာရသူများကို ထော်လာဂျီ(၂)စီး၊
နွားလှည်း(၂)စီးဖြင့် ပြန်လည်သယ်ယူသွားကြောင်း
သိရှိရသည်။
ဒီဇင်ဘာလ(၂၆)ရက် မွန်းလွဲ(၃)နာရီခွဲအချိန်တွင် ဂန်ဒေါ်
ယန်မှ အင်ပေါင်(Npawn)ဘက်သို့ စစ်ကြောင်း ချီတက်
လာသော ခလရ(၂၉၈) ခမရ(၃၉၀)တပ်ဖွဲ့ဝင်တို့အား KIA
တပ်ဖွဲ့မှ ၀ါဖျရွာ(Wa Hpya)အနီးတွင် ဟန့်တားတိုက်ခိုက်
ရာ အစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်မှုများခဲ့သည်။ အစိုးရစစ်
ကြောင်းမှ လား(၃)ကောင်၊ ၈၁ မမ အမြောက်ဆံ(၁)ထောင့်၊
၈၀ မမ အမြောက်ဆံ(၁၆)လုံး၊ RPG ထိပ်ဖူး(၁)ထောင့်၊
၇.၆၂ ကျည် များကို သိမ်းဆီး ရမိခဲ့သည်။
ယင်းစစ်ကြောင်းသည် နမ်ဆန်ယန်မှတဆင့် လိုင်ဇာသို့
ထိုးစစ်ဆင်တိုက်ခိုက်ရန် စီမံချက်၏ရှေးပြေးလမ်းရှင်း
တပ်ဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန်မှတဆင့် မန်တဲချောင်း အရှေ့ဖက်ရောက်ရှိ
နေသော ခမရ(၃၂၀) ခလရ(၄၀) တပ်ဖွဲ့နှင့် KIA ဗဟို
လုံခြုံရေးတပ်ဖွဲ့တို့ ဒီဇင်ဘာလ(၂၆)ရက် မနက်(၈)နာရီ
အချိန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ မြန်မာအစိုးရတပ်ဖွဲ့
ဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်း သိရှိရသည်။
(နီးစပ်ရာပုံအားပြန်လည်ဖော်ပြပေးထားသည်။)

No comments :