ဒုတိယအကြိမ်ရုံးချိန်း။
၂၆-၁၂-၁၂ နေ့တွင် ဗကသများအဖွဲ့ချုပ် မှ ကိုသန်းထိုက် ၊ ကိုမင်းနိုင်လွင် ၊ ကိုအောင်မှိုင်းဆန်း တို့ (၃)ဦးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့မှ ကိုသိန်းအောင်မြင့်တို့ အပေါ် ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားသည့် အတွက် ချမ်းမြသာစည် မြို့နယ်တရားရုံး တွင် ဒုတိယ အကြိမ်မြောက် ရုံးချိန်း အဖြစ် ကြားနာ စစ်ဆေးသည်။ အထွေထွေ အုပ်ချုပ်ရေး လက်အောက်ရှိ ကွက်စိတ်မှူး(၂)ဦးမှ သက်သေ အဖြစ် ထွက်ဆိုခဲ့ပြီး ထိမ်းသိမ်းခံတို့၏ ရှေ့နေကြီး တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးမှ စစ်မေးခဲ့သည်။ ထိုနောက် တရားသူကြီးမှ အာမခံ နှင့် စပ်လျဉ်း၍ ထပ်ပြောပြပြီး သဘောထားကို မေးမြန်းရာ ထိမ်းသိမ်းခံ (၄)ဦးမှ အာမခံ မယူကြောင်း ထပ်မံငြင်းဆိုသည့် အတွက် တတိယရုံးချိန်းကို ၂၀၁၃ ခု ၊ ဇန္နဝါရီလ (၂) ရက် နေ့သို့ ထပ်မံချိန်းဆိုလိုက်သည်။
ရဲင့်ကျော်
သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ
ဗကသများ အဖွဲ့ချုပ်
(ဗဟို နှင့် အထက်ဗမာပြည် လုပ်ငန်းကော်မတီ )

No comments :
Post a Comment