Sunday 16 December 2012

ထိုင်းဝန်ကြီးချုပ် ရင်လတ် မြန်မာပြည်သွားမည်

ထိုင်းနိုင်ငံဝန်ကြီးချုပ် ယဉ်လပ် ရှင်နာဝါထရာ က လာမယ့် တနင်္ဂလာနေ့မှာ မြန်မာပြည်သို့ (၁) ရက်ခရီးစဉ်အဖြစ် ရောက်ရှိလာမှာဖြစ်ပြီး ထားဝယ်အထူးစီးပွားဇုံ (Dawei SEZ) ရဲ့ တိုးတက်မှုအခြေအနေကို လေ့လာမယ်လို့ သိရပါတယ်။ ယဉ်လပ်နဲ့အတူ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး နဲ့ စွမ်းအင်ဝန်ကြီး အစရှိတဲ့ ထိုင်းနိုင်ငံကိုယ်စားလှယ်များ စုံညီစွာပါဝင်မယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံ သမ္မတသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ထားဝယ်အထူးဇုံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ယဉ်လပ် ရှင်နာဝါထရာ က လာမယ့် တနင်္ဂလာနေ့မှာ မြန်မာပြည်သို့ (၁) ရက်ခရီးစဉ်အဖြစ် ရောက်ရှိလာမှာဖြစ်ပြီး ထားဝယ်အထူးစီးပွားဇုံ (Dawei SEZ) ရဲ့
တိုးတက်မှုအခြေအနေကို လေ့လာမယ်လို့ သိရပါတယ်။ ယဉ်လပ်နဲ့အတူ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး နဲ့ စွမ်းအင်ဝန်ကြီး အစရှိတဲ့ ထိုင်းနိုင်ငံကိုယ်စားလှယ်များ စုံညီစွာပါဝင်မယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံ သမ္မတသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ထားဝယ်အထူးဇုံကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

No comments :