Thursday 6 December 2012

ကြိုးပင်ကောက်မှာလဲ ဆန္ဒ ပြနေပါတယ်။

ခေတ်သတင်း

ကြို့ပင်ကောက်မြို့မှာ လက်ပန်းတောင်းတောင်အရေး ဆန္ဒဖေါ်ထုတ်2012-12-05ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်တဲ့စာသားပါ တီရှပ်အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားတဲ့ လူအင်အား ၁ဝဝ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒဖေါ်ထုတ်ပွဲကို ပြီးခဲ့တဲ့ ၂ ရက်လောက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖစ်ပါတယ်။ သပိတ်စခန်းတွေက ရဟန်းသံဃာတော်နဲ့ ပြည်သူတွေ အကြမ်းဖက်ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ဦးက ပြောပါတယ်။ဆန္ဒပြပွဲတွေကို ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် ၆ ဦးက ဦးဆောင်ပြီး ကြို့ပင်ကောက်မြို့မဈေးကြီး ဘေးပတ်လည်ကနေ အနောက်လမ်းမတော်ဘက်ကို လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြလမ်းလျှောက်ကြရာမှာ အမျိုးသမီး ၃ဝ နီးပါးခန့် ပါဝင်တယ်လို့ သိရပါတယ်။အခုလို ဆန္ဒပြလမ်းလျှောက်ရာမှာ ဒီကနေ့မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မတားဆီးပေမယ့် မြို့မဈေးကြီးပတ်လည်နဲ့ မြို့လယ်ကောင်မှာ လုံခြုံရေးအဖွဲ့ဝင်တွေ နေရာယူစောင့်ကြည့်နေတယ်လို့ သိရပါတယ်။Copyright © 1998-2011 Radio Free Asia. All rights reserved.တာမွေမြို့ နယ်မှာ လက်ပံတောင်း တောင် သပိတ်ကို အကြမ်းဖက်ဖြို့ ခွဲ ခဲ့တာနဲ့ ပက်သက်လို့ ကန့် ကွက် ဆန္ဒထုတ်ဖေါ် ပွဲ

post by mobile ACM
ခေတ်သတင်း

ကြို့ပင်ကောက်မြို့မှာ လက်ပန်းတောင်းတောင်အရေး ဆန္ဒဖေါ်ထုတ်2012-12-05ပဲခူးတိုင်
းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှာ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ အကြမ်း
ဖက်ဖြိုခွဲခံခဲ့ရတဲ့အပေါ် ကန့်ကွက်တဲ့စာသားပါ တီရှပ်အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားတဲ့ လူအင်အား ၁ဝဝ ကျော်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒဖေါ်ထုတ်ပွဲကို ပြီးခဲ့တဲ့ ၂ ရက်လောက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖစ်ပါတယ်။ သပိတ်စခန်းတွေက ရဟန်းသံဃာတော်နဲ့ ပြည်သူတွေ အကြမ်းဖက်ခံရတာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ဦးက ပြောပါတယ်။ဆန္ဒပြပွဲတွေကို ကြို့ပင်ကောက်မြို့နယ် လူငယ်ကွန်ရက်အဖွဲ့ဝင် ၆ ဦးက ဦးဆောင်ပြီး ကြို့ပင်ကောက်မြို့မဈေးကြီး ဘေးပတ်လည်ကနေ အနောက်လမ်းမတော်ဘက်ကို လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြလမ်းလျှောက်ကြရာမှာ အမျိုးသမီး ၃ဝ နီးပါးခန့် ပါဝင်တယ်လို့ သိရပါတယ်။အခုလို ဆန္ဒပြလမ်းလျှောက်ရာမှာ ဒီကနေ့မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မတားဆီးပေမယ့် မြို့မဈေးကြီးပတ်လည်နဲ့ မြို့လယ်ကောင်မှာ လုံခြုံရေးအဖွဲ့ဝင်တွေ နေရာယူစောင့်ကြည့်နေတယ်လို့ သိရပါတယ်။Copyright © 1998-2011 Radio Free Asia. All rights reserved.တာမွေမြို့ နယ်မှာ လက်ပံတောင်း တောင် သပိတ်ကို အကြမ်းဖက်ဖြို့ ခွဲ ခဲ့တာနဲ့ ပက်သက်လို့ ကန့် ကွက် ဆန္ဒထုတ်ဖေါ် ပွဲ လုပ်ခဲ့ပါတယ်။

post by mobile ACM

No comments :