Thursday 6 December 2012

ရန်ကုန်မှာ ဆန္ဒပြ

လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုကို ရဟန်းရှင်လူအင်အား ၅၀ ခန့်က ယနေ့ (ဒီဇင်ဘာလ ၁ရက်နေ့) ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် မြေနီကုန်းလမ်းဆုံမှ ဗားကရာလမ်းအတိုင်း ကြည့်မြင့်တိုင်ဘက်သို့ ဦးတည်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်နေကြပြီး၊ တရုတ်သံရုံးရှေ့သို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ လမ်းလျောက်ဆန္ဒ ထုတ်ဖော်နေသူများမှ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ၏ ဓါတ်ပုံများကို ကိုင်ဆောင်ပြီး "လက်ပံတောင်းတောင်တွင် သံဃာတော်များအား အကြမ်းဖက်ဖြိုခွင်းခြင်းကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ထုတ်နေကြခြင်းဖြစ်ပြီး အများပြည်သူတရပ် ပူးပေါင်းပါဝင်ကြပါရန်" ကိုလည်း ကြွေးကြော်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments :