Sunday 2 December 2012
(ဖီလော်ဆိုဖာမောင်မြသာ)
  1. လက်ရှိကြေးနီတောင် ပြသာနာ ကြီးနဲ့ ဆက်စပ်နေတာမို့
    ကျနော့်ဖေ့ဘုတ်ခ် ပရိတ်သတ်ကြီးအတွက် ဗဟုသုတ ရစေဖို့ နဲ့ စဉ်းစားနိုင်ဖို့ အရမ်းတန်ဖိုးရှိ
    တဲ့ ပိုစ့်လေးတခုကို ထပ်ဆင့်ပြီး မူရင်းအတိုင်း ပြန်ဖေါက်သည်ချလိုက်ပါတယ်။
    ဖတ်ဖြစ်အောင် ဖတ်ကြပါလို့ လေးလေးစားစားနဲ့ တင်ပြအပ်ပါတယ်ခင်ဗျ ..
    (ဖီလော်ဆိုဖာမောင်မြသာ)
    ဗဟုသုတရစေဖို့
    ==============
    နိုင်ငံတော် အဆင့် ဘယ်စာချုပ်မှာမှ လျော်ကြေးဆိုတာမပါပါ၊ Government to Government (G to G), Government to Private/ Public (G to P) နုစ်မျိုးရှိရာမုာ၊ G to G project ကန
ဲပါတယ်၊ G to G မှာလဲ လျော်ကြေးဆိုတာမပါပါ၊
    ------------------------------------------------------
    Won Thar Nu
    Wanna More Pixie Lay: ဝေဖန်တာကျေးဇူးပါ၊ ကျွန်တော်ကိုယ်တိုင် ပါဝင်ခဲ့ဘူးတဲ့ Investment Project Agreement ချုပ်ဆိုတာနဲ့ပါတ်သက်ပြီးပြောရရင်၊ နိုင်ငံတော် အဆင့် ဘယ်စာချုပ်မှာမှ လျော်ကြေးဆိုတာမပါပါ၊ Government to Government (G to G), Governme
    nt to Private/ Public (G to P) နုစ်မျိုးရှိရာမုာ၊ G to G project ကန
ဲပါတယ်၊ G to G မှာလဲ လျော်ကြေးဆိုတာမပါပါ၊ တရုတ်နဲ့က G to P တွေများပါတယ်၊ G to P မှာဘာပါလည်းဆိုတော့ Sovereign Guarantee ခေါ်တဲ့ Project ကို ပြည်သူပိုင် မသိမ်းပါဘူးဆိုတဲ့ အာမခံချက်နဲ့၊ ပြည်သူပိုင် သိမ်းခဲ့ရင် နစ်နာကြေး ပြန်ဖော်နိုင်အောင် ဗဟိုဘဏ်က State Bank Guarantee ထုတ်ပေးပါတယ်၊ တခြားနိုင်ငံတွေရဲ့ State Bank Guarantee က တန်ဘိုးအရှိဆုံး Guarantee တွေဖြစ်ပေမဲ့၊ Defacto အစိုးရ အုပ်ချုပ်ပြီး Sanction အောက်က Myanmar ရဲ့ Sovereign Guarantee နဲ့ State Bank Guarantee က ကမ္တာ့စာချုပ်စာတမ်းဈေးကွက်မှာ ငါးပြားမှမတန်ပါဘူး၊ နောက်ပြီးစာချုပ်တိုင်းမှာ Force Majeure ဆိုတာပါပါတယ်၊ Project လုပ်နေတဲ့နိုင်ငံမှာ စစ်ဖြစ်ခဲ့ရင်၊ "ဆန္န ပြပွဲဖြစ်ခဲ့ရင်"၊ သဘာဝဘေးကျရောက်ခဲ့ရင်၊
    အစိုးရ (သို့) Investor က Notice ပေးပြီး တဘက်သတ်ရပ်လို့ရပါတယ်၊ ဘာလျော်ကြေးမှပေးစရာမလိုဘူး၊ ဒါကြောင့် ဦးသိန်းစိန် အစိုးရက မြစ်ဆုံကို ဖျက်သိမ်း (ပြည်သူပိုင်သိမ်း) တယ် မပြောဘဲ ရပ်ဆိုင်းတယ်လို့ပြောတာပါ၊ Force Majeure ကိုသုံးတာပါ၊ အင်မတန်ကောင်းတဲ့ရွှေ့ကွက်ပါ၊ ဒါကြောင့်တရုပ်တွေ ဘာမှလုပ်မရဘဲ ဟိုအော် ဒီအော် နဲ့ ပြန်ညှိမယ်လုပ်နေတာပါ၊ ဒီဥပမာကို ကြည့်ရင်၊ အစိုးရက Force Majeure သုံးပြီး Investor ကိုပြန်ညှိ ခိုင်းလို့ရကြောင်း ထင်ရှားပါတယ်၊ ကြေးနီတောင် ကိစ္စမှာ ကော်မရှင်ဖွဲ့တာ ပထမခြေလှမ်းပါ၊ မြစ်ဆုံတုံးက Without Notice လုပ်ခဲ့တဲ့အတွက် နောက်တခု ထပ်လုပ်ရင်မကောင်းတတ်လို့၊ ဆန္န ပြပွဲ နဲ့ ကော်မရှင်ကို ခေါင်းစဉ်တပ်၊ ဆင်ခြေဆင်လက် ပေးပြီး တရုတ်နဲ့ညှိ ဖို့ ဖြစ်နိုင်ပါတယ်၊ မယုံရင်ကြည့်ပါ တရုတ်က ပြန်ညှိ လာပါလိမ့်မယ်၊ Investor ဆိုတာ လျော်ကြေး လိုချင်တာမဟုတ်ပါ၊ စီးပွားရေးလုပ်ချင်လို့ အကျိုးအမြတ် များများရချင်လို့လာလုပ်တာပါ၊ ကြေးနီတောင် Investment Project Agreement ကို လူထုကြားချပြပြီး နားလည်သူများက တဖက်စောင်းနင်း ဖြစ်နေတဲ့ အချက်တွေပြင်၊ နှစ်ဘက်မျှတ အောင် ပြန်ရေး၊ ဒေသခံတွေ အတွက်၊ သဘာဝပတ်ဝန်းကျင် အတွက် အချက်တွေ ဖြည့်စွက် လိုက်ရင်၊ တရုတ် ငြင်းလို့မရပါဘူး၊ သူငြင်းရင် သူက စာချုပ်ဖောက်ဖျက်သူဖြစ်သွား ပါမယ်၊ အဲ စာချုပ်မှာ အဘ တို့အတွက် ပွဲခတွေ၊ ဆွေ ၇နှစ်ဆက် ပေးရမယ့်ကော်မရှင်တွေပါလို့ ချမပြရဲရင်တော့ မပြောတတ်ဘူး ဗျာ။
    Wanna More ဥပမာပေးရရင် တောင်အမေရိက ဗင်နီဇွဲလား သမ္မတ Hugo Chavez က American ကိုကြည့်မရတော့ American ရေနံကုမ္မဏီတွေ နဲ့ နိုင်ငံတော် အဆင့် စာချုပ်ထားတဲ့လုပ်ကွက်တွေ အားလုံးကို ဘလိုင်းကြီး ပြည်သူပိုင်သိမ်းပြီး မောင်းထုတ်၊ ငါးပြားမှ နစ်နာကြေးမပေးနိုင်ဘူးကွာ ဆိုပြီး ထုတ်ပေးထားတဲ့ Guarantee တွေအားလုံး Cancel လုပ် လိုက်တာ American တွေ ကက်ကက်လန်အောင် အော်ယုံ ပဲတတ်နိုင်တယ် ဘာမှ လုပ်လို့မရ၊ တကမ္တာလုံးက တရားရုံးတွေမှာ တရား ပတ်စွဲလဲ ဒီနေ့ထိ ငါးပြားမှ မရသေးပါ၊ သူကတော့ လူဆိုးပေါ့ဗျာ၊ ဒါပေမဲ့ Sovereign State ဆိုတာ လုပ်ချင်ရင် လုပ်လို့ရကြောင်း ပြောတာပါ၊ နောက်တော့ ကျွန်တ်ာတို့ဇာတ်လိုက် တရုတ်က ဗင်နီဇွဲလား ကိုပြေးပြီး လုပ်ကွက်တွေ အားလုံးကို Take Over လုပ်လိုက်တာပါ၊
    ဒါကြောင့် ကျွန်တော်တို့ လုပ်ရမှာက နိုင်ငံတော်အဆင့် ကော်မရှင်ဖွဲ့ပြီး ကြေးနီတောင် အပါအဝင် နိုင်ငံတော် အဆင့် စီမံကိန်း အားလုံးရဲ့ စာချုပ် တွေပြန်စိစစ် Investor တွေနဲ့ပြန်ညှိ ဖို့တောင်းဆိုရမှာပါ၊ စာချုပ် တွေ ဖျက်သိမ်းဖို့ကို အားမပေးပါ၊ အရင်စာချုပ်တွေပြန်ညှိ၊ နောက်လာမဲ့စာချုပ်တွေကို သေချာ စိစစ်ပြီး မသာမနာ ရအောင် အကြံပေးနိုင်တဲ့ တတ်သိပညာရှင်များ၊ နဲ့ပါ သင့်သူများပါတဲ့ Foreign Direct Investment Advisory ကော်မရှင်ကို မှန်ကန်စွာ ဖွဲ့နိုင်ရင် ပြည်တွင်းလဲ လေးစား၊ ပြည်ပလဲ လေးစားပြီး လက်ရှိပြသနာတွေ လဲပြေလည်၊ Investment အသစ်တွေလဲ ပိုပြီး ဝင်လာနိုင်ပါတယ်၊
    credit- Rango Black
1 comment :
SAN SAN AYE said...
Thanks to know about it