Saturday 15 December 2012

အစိုးရ ကိုယ်စားလှယ်လွှတ်တောင်းပန် ပွဲ သံဃာအများစု မကျေနပ်ကြဟု သိရပါတယ်။

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များနှင့် သာမဏေများကို ပြည်ထောင်စုအစိုးရ(ကိုယ်စား) သမ္မတရုံးဝန်ကြီးဦလှထွန်းနှင့်အစိုးရအဖွဲ့က တောင်းပန်သည့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတွင်ကျင်းပပြုလုပ်ရာ တောင်းပန်မှုကို သံဃာတော်များက လက်ခံတော်မူသည်။ အခမ်းအနားတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦလှထွန်း၊ မြန်မာနိုင်ငံရဲချုပ် ကျော်ကျော်ထွန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဒေါက်တာဝင်းလှိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

____________________________________
Reference and Credit to -သတင်းနှင့်ဓာတ်ပုံ-မောင်ဘဦး(မန္တလေး)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
လက်ပံတောင်းတောင်သပိတ်စခန်းဖြို
ခွဲမှုတွင် မီးလောင်ဒဏ်ရာရရှိခဲ့သော ရဟန်းသံဃာတော်များနှင့် သာမဏေများကို ပြည်ထောင်စုအစိုးရ(ကိုယ်စား) သမ္မတရုံးဝန်ကြီးဦလှထွန်းနှင့်အစု
ိးရအဖွဲ့က တောင်းပန်သည့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတွင်ကျင်းပပြုလုပ်ရာ တောင်းပန်မှုကို သံဃာတော်များက လက်ခံတော်မူသည်။ အခမ်းအနားတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦလှထွန်း၊ မြန်မာနိုင်ငံရဲချုပ် ကျော်ကျော်ထွန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဒေါက်တာဝင်းလှိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

No comments :