Monday 17 December 2012

ဂျပန်မှာ ၀န်ကြီးချုပ်သစ် (ရှင်းဇို့ အာဘဲ့) ဖြစ်လာ


ဒီဇင်ဘာ ၁၆ ၊၂၀၁၂
တနင်္ဂနွေနေ့ ကျင်းပတဲ့ ဂျပန်ရွေးကောက်ပွဲမှာ Mr. Shinzo Abe ဦးဆောင် တဲ့ အတိုက်အခံ ပါတီကြီး Liberal Democratic Party ( LDP )က အပြတ် အသတ် အနိုင် ရရှိသွားပါတယ်။

အောက်လွှတ်တော်နေရာ (၄၈၀)မှာ (၂၉၄)နေရာ ရရှိပြီး LDPပါတီက အနိုင် ရရှိသွားတာဖြစ်ပါတယ်။

တိုကျို တက္ကသိုလ်က ဂျပန်ပါမောက္ခ တချို့ရဲ့သုံးသပ်ချက်အရ ဒီရွေးကောက်ပွဲမှာ အာဏာရDPJ ( Democrat party Japan )ပါတီ ရှုံးနိမ့် သွားရတာဟာ ဂျပန်ပြည်သူတွေရဲ့ ဒဏ်ခတ်တာကို ခံရတာပဲ ဖြစ်ကြောင်း ၊ ၂၀၁၁နှစ်ခုနှစ် ဂျပန်ငလျှင်နဲ့ ဆူနာမီ သဘာဝ ဘေး အန္တရာယ် ကျရောက်ချိန်မှာ အဲဒီအချိန်က အာဏာရ DPJပါတီရဲ့ ကိုင်တွယ် ဖြေရှင်းမှု ညံ့ဖျင်းတဲ့ပေါ် စိတ်ပျက် ခဲ့တာကြောင့် ဂျပန်ပြည် သူ တွေရဲ့ မဲတွေဟာ LDP ပါတီဆီ ရောက် သွားခဲ့လို့ ဒီရွေးကောက်ပွဲမှာ DPJ ပါတီ ရှုံးနိမ့်သွား ရကြောင်း ဂျပန်သတင်း တွေမှာ သုံးသပ်ရေးသားကြ ပါတယ်။

အသက်(၅၈)နှစ်အရွယ်ဝန်ကြီးချုပ် Shinzo Abe ဟာ LDPပါတီအာဏာရစဉ် ၂၀၀၆-၂၀၀၇ ခုနှစ်တုန်းကလည်း ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ ဖူးပါတယ်။

တကယ်တော့ အခု ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုတဲ့ LDPပါတီဟာ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက တောက်လျှေုာက်ဆိုသလို ဂျပန်နိုင်ငံမှာ အာဏာရလာတဲ့ ပါတီဖြစ်ပါတယ်။

( ၀န်ကြီးချုပ်သစ် Mr. Shinzo Abe ကို ရွေးကောက်ပွဲနိုင်အပြီးမြင်ရစဉ်)
Source:Blue cat facebook မှ

No comments :