ကျနော့်
နာမည်ကတော့ ကိုဂျော်လီထွန်း အဘအမည်က ဦးသာလှပါ ကျွန်တော်ထောင်ကျခဲ့တဲ့
ခုနှစ်က၁၉၈၉ခုနှစ် ဇူလိုင်လပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး
အစိုးရရဲ့ သာယာဝတီ စစ်ခုံရုံးက အမှု
ရှ.စ်မှု ဖြင့် ထောင်ဒဏ်
၅၃နှစ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ် ။ ကျနော်ထောင်ထဲကိုဝင်ရတဲ့အချိန်က
ကျနော့်ရဲ့အသက်က ၃၀နှစ်ပါ ။အသက် ၂၉ နှစ်သာရှိသေးတဲ့ဇနီးနဲ့
အသက်၁၀နှစ်သာရှိသေးသော သမီးတစ်
ဦး အသက် ၅နှစ်သားသာရှိသေးသော
သားငယ်တစ်ဦး အပြင်မှာ ကျန်ရစ်ခဲ့ပါတယ် ။ ကျနော့ကို
ထောင်ထဲသွင်းရတဲ့အကြောင်းရင်းကတော့ ၁၉၈၈ခုနှစ်က
မြန်မာတနိုင်ငံလုံးမှာအ၇ှိန်အဟုန်ပြင်းထန်စွါဖြင့် ဖြစ်ပွားခဲ့
သော
၈၈အမျိုးသားအုံကြွမှုကြီးမှာ သာယာဝတီ မြို့နယ်ကို ဦးဆောင်ပြီး သာယာဝတီ
မြို့ နယ် အထွေထွေသပိတ်ကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူ လှုပ်ရှားခဲ့တဲ့
အကြောင်း၇င်းကြောင့် ဖြစ်ပါတယ် ။
နောက်တခုကတော့ ကျနော်က
ပဲခူးတိုင်းအနောက်ခြမ်း ၁၄မြို့ နယ် ဒီမိုကရေစီရရှိရေး အဖွဲ့ မှာ
ဒေါက်တာမော်ဇင် တို့နှင့် အတူ တာဝန်ခံတစ်ဦး အဖြစ်နှင့် ARM STRIKEL
လမ်းစဉ်အရ လက်နက်အကူအညီ ရှာဖွေရယူ
ရန် တာဝန်ခံတဦးအဖြစ်
ဆောင်ရွက်နေခဲ့သူဖြစ်ခြင်း စသော အကြောင်းရင်းများကလည်း ကျနော့်ကို
အာဏာပိုင်များက နှိ့်ပ်ကွပ်ရန် လုံလောက်နေ ပါတယ် ။
ကျနော့ကိုဖမ်းဆီးခဲ့တာကလည်း သာယာဝတီမြို့ မှာမဟုတ်ပါဘူး
ကရင် ပြည်နယ်
မှာပါ ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျနော် တောခိုခဲ့ပါတယ် ။ ABSDF
တပ်ဖွဲ့ကို ကနဦးဖွဲ့စည်းခဲ့စဉ်မှာ မယ်ဟောင်ဆောင် အနီးက ဝှေစေတီ camp မှာ
ကျနော် အထွေထွေအတွင်းရေးမှုးအဖြစ်အရွေးချယ်
ခံခဲ့ရပါတယ် ။
ကရင်ပြည်နယ်အတွင်း ခရီးထွက်နေရင်း အငိုက်ဝိုင်းဖမ်းဆီးတာခံခဲ့ရတာပါ ။
ကျနော့်ပေါ့လျှော့မှု အသုံးမကျမှု့များကြောင့် ခံလိုက်ရတာပါ ။
ခံလိုက်ရတာကလည်း ကျနော့လို လွတ်မြောက် နယ်မြေကိုရောက်ပြီးမှ ပြန်
အဖမ်းခံရတာမို့ တော်တော်နစ်နာပါတယ် ။ အရေးအခင်းဖြစ်ပြီး အုပ်ချူပ်ရေး
ပျက်ပြားနေခဲ့စဉ်မှာ ပြည်သူလူထုရဲ့ နာကျည်းပေါက်ကွဲမှု့ သံစဉ်များ အဖြစ်
ဖြစ်ပေါ်ခဲ့သော အစိုးရပိုင်ရုံးများ ၇ုံးသုံးပစ္စည်းများ ဖျက်ဆီးခံရခြင်း
များကို
တာဝန်ရှိသူ တဦးအဖြစ် အထွေထွေသပိတ်ကော်မတီ်ဥက္ကဌ ဖြစ်သူ
ကျနော့်ကို ဖမ်းဆီးခဲ့ပါတယ် ။ အဲဒီနောက် တရားဥပဒေအရ
ပြန်လည်ဖြေရှင်းခွင့်မရှိသော ဥပဒေပညာရှင်
ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်လည်းပိတ်ပင် တားမြစ်
ထားသော
မြန်မာစစ်အစိုးရ၏ တရားဥပဒေမဲ့ဆောင်ရွက်နေသည့် စစ်ခုံရုံး သို့ လက်နောက်ပြန်
ကြိုးတုပ် ပြီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ် ။ စစ်ခုံရုံးမှာ ကျနော့်ကို
အမှု ရှစ်မှု ဖြင့် တရားစွဲဆို ခြင်းခံ ရပါတယ် ။ နံနက်ပိုင်းတွင်
စစ်ခုံရုံးသို့ တင်ခဲ့ပြီး အဲဒီနေ့ ညနေမှာဘဲ အမိန့်ချမှတ် ခဲ့ပါတယ် ။
ထောင်ဒဏ် ၅၃နှစ် ချမှတ်ခဲ့ပါတယ် ။ လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ရဲဘက်တွေ
တိုက်ခိုက်ကြလို့ကောင်းနေစဉ် ကျနော်က ထောင်ထဲမှာ ထမင်းထဲကစပါးလုံးတွေ
အိပ်ယာထဲက ဂျပိုးတွေ နဲ့သာသူတပြန် ကိုယ်တပြန် ထိုးစစ်ဆင်နေ၇ပါတယ် ။
ခြေထောက်မှာ ၁၁နှစ်တိတိ ခတ်ထားတဲ့ သံခြေခြင်း တဂွမ်ဂွမ် ကို ခြေသလုံး
မရိုက်မိအောင် သိုင်ကွက်နင်းရှောင် နေရသလို ။ တိုက်ခိုက်နေတဲ့ ရဲဘော်
သူငယ်ချင်းတွေ ဥရောပ အမေရိက အခြေချ နေချိန်ကျတော့လဲ ကျနော် ကထောင်ထဲမှာ
ရေဆွဲကောင်းတုံး ထမင်းမ၀လို့ ထမင်းလိုက်ရှာနေရတုံးပါ ။ ကိုယ်အဖြစ်
ကိုယ်ပြဌာန်းတာ ဆိုပေမယ်လို့ တကယ်ကို အသက် အပြင်ကိုပါ
တောင်မှ
ပါပါ့မလား အပြင်ကိုရော တကယ်ကော ပြန်ထွက်ရပါ့မလား ကုက္ကုစ္စ များနေရပါတယ် ။
ဟုတ်ပါတယ် ကျနော် ထောင်ထဲရောက်နေတဲ့ ကာလ မှာ ပုံစံမျိုးစုံ နဲ့
လွတ်ငြိမ်းချမ်းသာခွင့်တွေပေးပါတယ် ။ အကျဉ်းသားတွေ
လွတ်ကြတယ် ။
သူခိုးတွေ ဒါးပြတွေ ဘုရားခိုးတွေ မုဒိန်းတွေ ခါးပိုက်နိုက်တွေ လွတ်ကြပါတယ်
။ ကျနော် ကတော့ ကျခံနေရတဲ့ ထောင်ဒဏ် ၅၃နှစ် မှာ တလတောင် လျှော့မသွား
ခဲ့ပါဘူး ။ မှတ်မိသလောက် ကျနော်ရှိနေစဉ်
မှာ စစ်အစိုးရပေးခဲ့တဲ့
နိုင်ငံတော်လွတ်ငြီမ်းချမ်းသာ ခွင့်များမှာ ( ၁ ) ၁၉၈၉ခုနှစ်ဇူလိုင်လ ၂၀ရက်
ကြာသာပတေး နေ့ ည ၈နာရီ ကြေညာတဲ့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်အမှတ် ၄/၈၉ မှာ သေဒဏ်ကျခံနေရသူ
များ တစ်သက်တစ်ကျွန်း /
တစ်သက်တကျွန်းပြစ်ဒဏ်များကို ထောင်ဒဏ်၁၀နှစ် / ထောင်ဒဏ် ၁၀နှစ်အောက်
ပြစ်ဒဏ်၏ ၃ပုံ ၂ပုံလျှော့ပေါ့ / နိုင်ငံတော်တရားလို တရားမစီရင်ရသေးသော
အချူပ်သားအားလုံး၏ အမှုအားလုံး
ကို ပိတ်သိမ်းတယ် ( ကျနော်
အဲဒီအချိန်မှာ သာယာဝတီထောင်မှာ အချူပ်သားဘ၀နှင်ရှိနေပါတယ် ။ ကျနော်
ဘာခံစားခွင့်မှ မရပါ ) ( ၂ ) ၁၉၉၂ ခုနှစ် ဧြ့ပီလ ၂၂ရက် ညတွင် ကြေညာ
ခဲ့သော နိုင်ငံတော်လုံခြုံရေးကို မထိခိုက်စေ
မည့်အမှုများကို
ပြန်လည်စိစစ်ပြီးလွှတ်ပေးမည်လို့ကြေညာခဲ့ပါတယ်။
နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ၁၁/ ၉၂ ထောင်ထဲမှာ
အလဲးဗင်းစတုပ် လို့နာမည်ကြီးခဲ့ပါတယ် ။ ကျနော့်ကိုထောင်ပြောင်းလိုက်ပါ် တယ်
(ကျနော် ဘာတခုမျှမခံစားလိုက်ရပါ ) ။ ( ၃ ) ၁၉၉၃ခုနှစ် အမျိုးသား
ညီလာခံ မစတင်မှီ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်အမှတ် ၁ /၉၃ ကို ဇန်န၀ါရီ လ ၁ရက်နေ့ တွင်ကြေညာခဲ့ပါတယ် သေဒဏ်
ကျခံနေရသူများ အနှစ် ၂၀ ဖြင့် ညီမျှသော
တစ်သက်တစ်ကျွန်းသို့ပြောင်းလဲသတ်မှတ်တယ် တစ်သက်တစ်ကျွန်းကျခံနေရသူများကို
ထောင်ဒဏ် ၁၀နှစ်သို့လျှော့ပေါ့ပေးလိုက်ပါတယ်( ကျနော်ဘာတခုမျှမခံစားလိုက်ရပါ
)
ကျနော် ကို ထောင်ဒဏ် ၅၃နှစ် စစ်ခုံရုံး ကချလိုက်စဉ်ကတည်းက ရင်မှာ
အလုံးဆို့နေတဲ့ ကျနော့် မိသားစုကို ကျနော့ဇနီးကို
ကျနော့ရင်သွေးငယ်နှစ်ဦးကို ကျနော်က အားပေးခဲ့ပါတယ် ငါထောင်ထဲမှာ
အခုလောက်ကြီးမနေရပါဘူး
ကွယ် ဘုရားမှာဆုတောင်း လွတ်ငြိမ်းချမ်းသာခွင့်
ဆိုတာလာရင် ပြန်လွတ်မှာပါ လို့အားပေးခဲ့ပါတယ် အဲဒီတော့စဉ်းစားကြည့်ကြပါ
ပထမတခါ ၁၉၈၉ခုနှစ် လွတ်ငြီမ်းချမ်းသာခွင့်ညဘက်ကြေညာတော့ ကျနော့မိသားစု
မိန်းမနဲ့
ခလေးတွေဗျာ ဘုမသိဘမသိ နဲ့ မနက် ကြတော့
ထောင်ကိုပြေးလာရှာကြပါတယ် ကျနော်က တခါတလေ ကိုယ့်ကုသိုလ်ကံ မကောင်းလို့
ငါကျန်ခဲ့တာပါ နောက်တခါလာရင်ပါပါပြီပေါ့
သူများအကျဉ်းသားတွေမျက်စိရှေ့လွတ်နေတာကို
ကြည့်ပြီး သူတို့ခမျာငိုကြတယ်
ကျနော်လည်း စိတ်မကောင်းပါ ဒါနဲ့
နောက်တခါနိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် ၁၉၉၃ခုနှစ် မှာလာပြန်ပါရော
ကျနော့သားသမီးတွေ ရယ်မိန်းမရယ်ကို ကျနော်ဘာပြောရမယ်မသိဘူး ကျနော့်နောက်တခါ
က မပါပြန်ဘူး ကျနော်စိတ်ကိုတင်းပြီးအားပေးနေရပါတယ်
ငါ့အကုသိုလ်ကြီးပါလားနော်လို့တွေးပါတယ် ။ အခုအထက်မှာကျနော်တင်ပြခဲ့တာ
လွတ်ငြိမ်းချမ်းသာ ( ၃ )ကြိမ်ရှိပါပြီ ။ ကျနော်လဲထောင်ထဲမှာ လိမ်ပိန်ပြီး
နိုင်ငံတော်လွတ်ငြိမ်း
သာခွင့်ကိုမျှော်ရတာပေါ့ နောက်ဆုံးလာထားတာက
၁၉၉၃ခုနှစ်လေ။ ( ၄ ) ဒီလိုနဲ့ ၁၉၉၅ခုနှစ်ရောက်တော့ မတ်လမှာ
လွတ်ငြိမ်းချမ်းသာခွင့်ပေးပြန်ရော တပ်မတော်ရွှေရတုအထိမ်းအမှတ်တဲ့
ရဲဘက်စခန်းတွေကလွတ်လိုက်ကြတာ တော်
တော်များပါတယ်
ကျနော့်အိမ်ကိုတော့မမျှော်ရဲတော့ပါဘူး ထောင်ပြောင်းခံထားရလို့ ဝေးလို့
မလာနိုင်တော့ပါဘူး သူတို့လည်းကျနော်များပါလာမလားလို့တော့မျှော်ကြမှာပါ ။
ကိုယ်မလွတ်တာထက် မျှော်နေရှာမယ့်သူတို့လေးတွေကို
သနားတာပါ ။
ကျနော့အမျိုးသမီးကလည်းဗျာ ကျနော့ကို သစ္စာရှိရှိ စောင့်နေရှာတော့
ကျနော်ပိုခံစားရတာပေါ့ ဗျာ ။ အဲဒီ ၁၉၉၅ ခုနှစ် မှာလည်းကျနော် ဘာတခုမျှ
မရပါဘူး ။ ဒီလိုနဲ့ နေရပြန်တာပေါ့နော် အဲဒါ တနှစ် တနှစ် နဲ့ ၁၉၉၇ခုနှစ်
နှစ်ကုန်ခါနီးရောက်လာပါလေရော မှတ်မှတ်ရရ ဒီဇင်ဘာလ ၃၁ ရက် ည ၈နာရီ
ကြေညာချက်ထွက်လာပါတယ် အချီကြီးဘဲဗျို့ တော်တော်ကိုပေါပေါလောလောလွှတ်ပေးတာ
သရက်ထောင်ကသေဒဏ်လွတ်အကျဉ်းသားတွေ နှစ်ကြီး
တွေ အဲဒီလောက်လွတ်ကြတာ
တခါမှမမြင်ဘူးပါဘူးအဲဒါက ( ၅ ) နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်အမှတ် မျဉ်စောင်းနံပါတ်မေ့နေပြီ ? / ၉၇ ပါဗျာ
သေဒဏ်ကျအကျဉ်းသားများကို တစ်သက်တစ်ကျွန်း / တစ်သက်တစ်ကျွန်း
ပြစ်ဒဏ်များကို ၁၀နှစ် ထောင်ဒဏ်၁၅နှစ် အထက်နှစ်အကန့်အသတ်မရှိသူများ ၁၅နှစ်
တဲ့ဗျာ ကျနော်လည်း ထုံးစံအတိုင်းမပါဘူးတဲ့ဗျာ
ကျနော်လည်းအဲဒီနေ့ကစပြီးဘာနိုင်ငံတော်လွတ်ငြိမ်းချမ်းသာကိုမျှမမျှော်တော့ပါဘူး
ထောင်
အပြင်ကိုလည်းစိတ်ကိုအထွက်မခံတော့ပါဘူး။
No comments :
Post a Comment