Wednesday, 9 January 2013
အပင်ကြီးတွေ လဲ ပြို တဲ့ အခါ ( မိုးသီးဇွန် )
 ကျွန်း ပင်ကြီး တွေ ပြို သွားတဲ့အခါ
 When the Grate trees fall
ကျွန်း ဟာသစ်မာပင်ထဲမှာပါတယ်။ ပေါ့တယ်။ ခိုင်တယ်။ အရောင်အသွေးလှတယ်။ ပရိဘောဂတွေ ရော အိမ်ဆောက်ဖို့ ပါ အကောင်းဆုံးသစ်ဖြစ်ပါတယ်။
ကျွန်းတောထဲမှာ ကျနော် နှစ်ပေါင်းများစွာနေခဲ့တဲ့အတွက် ကျွန်းပင်အကြောင်း ကျွမ်းကျင်တဲ့ မိတ်ဆွေ တဦး ရဲ့ ပြောပြချက်အရ
ရှေးက လူကြီးတွေ ကျွန်းပင်ကို ခုတ်နည်း နဲ့ကျွန်း စိုက်နည်းတွေကို ပါသိခွင့်ရခဲ့တယ်။
ရှေးခေတ်က  ကျွန်းတာကြီးကို  အကုန် ခိုင်တာမျိုးမလုပ်ကြပါဘူး။
သက်တန်းပြည့်တဲ့ကျွန်း ပင်ကိုပဲခုတ်ကြတယ်။ သက်တန်းမပြည့်တဲ့အပင် တွေကို ချန်ထားတယ်။
 သက်တန်း မပြည့်တဲ့အပင်တွေကို သက်တန်းပြည့်ပြီးသား အပင်တွေနဲ့ ညပ်ပြီး စိုက်ထားကြတယ်။  ဘာဖြစ်လို့ လဲလို့ ဆိုတော့
အပင်ကြီးတွေက ကွန်းပင်ငယ်တွေအတွက် လိုအပ်တဲ့ လေထဲမှာရေပါမှုနှုန်း
 နဲ့  နေရောင် ကို ရယူနိင်မှုနှုန်းတွေကို ထိမ်းပေးထားသလိုဖြစ်နေတယ်လို့ ဆိုတယ်။
ဥပမာ ဘောလုံးကွင်းလေက်ရှိတဲ့မြေကွက်လပ်ထဲမှာ ကျွန်းပင်ပေါက်တွေကို စိုက်လို့ ရတယ်။ ဒါပေမဲ့ ပေါက်လာတဲ့ ကျွန်း ပင်ပေါက်တွေဟာ သုံးလို့ သိပ်မကောင်းဘူး။  အကိုင်းတွေများတယ်။
အမြစ်တွေများတယ်လို့ ဆိုတယ်။  သစ်ကိုခွဲလိုက်တဲ့အခါမှာ မလှဘူး။
အစင်းတွေခြည်းမဟုတ်ပဲ အမြစ်ဆုံကြီးတွေပါလာတယ်။ ခွဲရခက်တယ်။
အသုံးပြုရခက်တယ်လို့ ဆိုတယ်။
အပင်ငယ်ငယ်နဲ့ အကိုင်းတွေအများကြီးထွက်လာရတဲ့အကြောင်းက
သစ်ပင်ဟာ ဘေးမှာ အပင်ကြီးတွေမရှိတဲ့အတွက် သစ်ပင် ရဲ့ ဘေးကိုနေရောက်ကျတဲ့ ဒဏ်ကို ခံနိင်ရည်ရှိနိင်ဖို့  အကိုင်းတွေကို သဘာဝအလျောက်ထပ်ထုတ်တယ်။ အ၇ွက်တွေနဲ့ကာကွယ်လိုက်တဲ့အတွက်  အကိုင်းတွေများပြီး အပေါ်ကိုတက်တာနည်းလာတယ်လို့ ဆိုတယ်။
ဒါကြောင့်ကျွန်းတောကြီးကိုခုတ်ပြီး ကျွန်းပင်တွေကို စိုက်တာမျိုးမဟုတ်ပဲ ကျွန်း တော ထဲမှာသက်တန်းပြည့်တဲ့အပင်ကိုခုတ်တယ်။  အဲ့ဒီနေရာမှာ အပင်ပေါက်တခုကို ပြန်စိုက်ကြတယ်လို့ ဆိုတယ်။
အပင်ကြီးတွေကြားထဲက ပေါက်တဲ့အပင်ငယ်ဟာ နေရောင်ကိုလုတက်နေရတဲ့ အကိုင်းသစ်ထပ်မထုတ်ပဲ အပေါ်ကို သာတက်ဖို့ အားယူကြီးထွားလာတယ်။  အပင် က ၁၀ ပေ ကျော်ကျော်ဖြစ်တာတောင် ထိပ်မှာအကိုင်းလေ နှစ်ခုပဲရှိတယ် ။ ဒါဆိုသိပ်ကောင်းတယ်လို့ ဆိုတယ်။ အပင်လုံးဖြောင့်တန်းပြီး ပေါက်လာတယ်။
တခါ အပင်ကြီးတွေက နေဒဏ် မိုးဒဏ်လေမုန်တိုင်းဒဏ်တေတွကို ကာကွယ်ပေးထားတဲ့အတွက်
အပင် လေးတွေ ရှင်သန် ဖို့  အခွင်းလန်းကောင်းတွေဖြစ်နေတယ်။ ဆင်အုပ်ကြီးက ဆင်ပေါက်လေးတွေကို ကာကွယ်ပေးထားသလိုပေါ့။
မိဘတွေက သားသမီးကို စောင့်ရှောင့်သွားသလိုမျိုးပေါ့။
အတွေ့ အကြုံရှိတဲ့သူဆီက အတွေ့ အကြုံနည်းသူများ ကလေ့လာရေးကာလ
ရှည်တခုကို ဖြတ်သန်းနေရသလိုမျိုးပေါ့။
ကျနော်မလေးရှားကိုရောက်တော့ ပီနန် က နေ ကွာလမ်လာပူ အရောက်  အဝေးပြေးကားလမ်း တဖက်တချက်မှာ မလေးရှားအစိုးရက မြန်မာပြည်က ကျွန်းမျိုးစေ့ တွေကိုယူပြီး စိုက်ထားတာကိုတွေ့ ရတယ်။  အပင်တွေက ကိုင်းထွက် အရမ်းများနေတာကိုတွေ့ ရပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းပါတယ်။ ကျွန်းပင်ကိုစီးပွားရေးအတွက် သုံးမယ်ဆိုရင်တော့ အကိုင်းများတဲ့အပင်တွေဖြစ်နေတယ်။
ကျွန်းပင် ၊ပျဉ်းကတိုး နဲ့  တောပိထောက်တွေဟာလွန်တန်ဖိုးရှိတဲ့သစ်မာတွေဖြစ်တယ်။ သူတို့ ဟာ
ရဲ့ အစေ့  ဟာလည်း စိုက်ရအလွန်ခက်ပါတယ်။  အစေ့ ကို တခြားအပင်က အစေ့ တွေလို့  မြေမြုပ်စိုက်ထားရင် ၃ နှစ် ၄ နှစ်နဲ့ မပေါက်ဘူးဆိုတယ်။
အစေ့ ရဲ့အခွံက အလွန်မာတယ်။ အစေ့ အပေါ်ခွံကို သွေး ပြီးစိုက်ကြတယ် ။
ရေနွေးမှာ စိမ်ပြီးမှာစိုက်ကြတယ်လို့ ဆိုပါတယ်။
သဘ၀တောမီးဟာ ဒီသစ်စေ့တွေကို ပြန်ပေါက်နိင်အောင်လုပ်ပေးနဲ့သဘာဝ ဖြစ်စဉ်တခုဖြစ်နေပါတယ်။  တောမီးလောင်တဲ့အခါမှာ အလွန် မာတဲ့သစ်စေ့တွေဟာ အပူရှိန်ကြောင့် ကွဲအက်ပြီး မိုးတွင်း မှာပြန်ပေါက်ဖို့  အသင့်ဖြစ်လာတယ်။
သစ်မာတောကြီးထဲမှာအစေ့ တွေ သန်းနဲ့ ချီပြီး ကြွေကြနေလေ့ရှိတယ်။
တောမီးကြောင့် အစေ့ တွေ မီးကျွမ်း သွားကြသလို မီးအရှိန်ကြောင့်အနေတော ကွဲအက်ပြီး ပြန်ပေါက်နိင်တဲ့သစ်စေ့ တွေကတော့မိုးကိုစောင့်ပြီး  အပင်ပေါက်လာနိင်ကြတယ်။ သဘာဝတရားရဲ့ ဖြစ်စဉ်တခုပေါ့။
သစ်ပင်ကို ခုတ်တဲ့အခါမှာလဲ ရှေးက မြေကြီးကနေ ၃ ပေ အကွာခန့် ကနေခုတ်ကြတယ်။ ဒီနေ ရာမှာ တောင်ပေါ် ကရင်တွေ ကလဲ
အပင်ခြေရင်းကနေ ၅ ပေ လောက်ခွာ ပြီး ခုတ်ကြတာကိုတွေ့ ရပါတယ်။
မြေစီလွှာ တိုက်စားမှုကို ကာကွယ်နိင်အောင်လို့ ပါ။
သစ်တောတွေ သစ်ပင်တွေဆိုတာသဘ၀မိခင်က ကျနော်တို့ ကို စားသုံးနိင်ဖို့   အသုံချနိင်ဖို့ ပေးထားတဲ့ လက်ဆောင်ဖြစ်ပါတယ်။ လူသားမျိုးနွယ် အားလုံးအတွက်ဖြစ်ပါတယ်။  ဒီနေ့ ကျနော်တို့ ကြုံတွေနေရတဲ့ အခက် ခဲကိုပဲကြည့်ပြီး သစ်တောတွေကို ကျနော်တို့  အကုန် ခုတ်ယူသုံးစွဲ ကြမယ်ဆိုရင်  နောင်မျိုးဆက်တွေအတွက်
ရပိုင်ခွင့် ( သိ့ မဟုတ်) ရှင်သန်ဖို့ အတွက် စားသုံးမှု ကို ကျနော်တို့ စားသုံးလိုက်သလိုဖြစ်သွားနိင်ပါတယ်။ တကိုယ်ကောင်းဆန်ရာရောက်မယ်။
အပင်ကြီးတပင်ဟာအပင်ငယ်တွေရှင်သန်ရေးအတွက်အရေးကြီးတယ်။
သတ္တ၀ါတွေနဲ့ အပင် ဟာ အပြန်အလှန်အမှီပြုနေတယ်။ အထူးသဖြင့် အပင်မရှိရင် သတ္တာဝါတွေရှင်သန်ရေးဟာ မလွယ်ကူနိင်တော့ပါဘူး။
ဒါကို လူမဲ ကဗျာဆရာမကြီး မာယာ အန်ဂျီလာ ( Maya Angelou )
When the great tree Fall ကဗျာ မှာ ပြောခဲ့သလို -
When great trees fall,
rocks on distant hills shudder,
lions hunker down
in tall grasses,
and even elephants
lumber after safety.
When great trees fall
in forests,
small things recoil into silence,
their senses
eroded beyond fear.
အပင်ကြီးပြိုသွားခဲ့ရင်တော့ အဝေးကျောက်တောင်ကြီး လဲပြိုမယ်။ ခြင်္သေ့လဲသေမယ်။ မြက်ပင်ရှည်ကြီးကုန်မယ်။ ကုန်ကုန်ပြောရရင်ဆင်တောင်မှာ မလုံခြုံတော့ဘူး ။အပင်ကြီးတွေလဲပြိုကုန်ရင်တော့ တောကြီးတခုလုံးမှာ တိတ်ဆိတ်လို့ အကြောက်တရားတွေဖုံးလွမ်းသွားမယ် လို့  သတိပေးထားသလို့ပေါ။
အပင်ကြီးတွေရှိနေမှာ အပင်ငယ်တွေရှင်သန် နိင်မယ်။ အပင်ကြီးတွေအကုန်ပြိုသွားပြီဆိုရင်တော့ အပင်ငယ်လေးတွေ အတွက်
ရှင်သန်ရေးတိုက်ပွဲဟာ အကြမ်းတမ်းဆုံးခရီးကြမ်းကိုဖြတ်သန်းရတော့မှာ
ဖြစ်တယ်။
မိုးသီး
ဇန် ၉ ၊၂၀၁၃။
1 comment :
Anonymous said...
သစ်ပင်ကြီးတွေပြိုလဲချိန်မှာ
အဝေးတောင်ကုန်းများပေါ်က ကျောက်စိုင်တွေတောင်တုန်..လှုပ်.. ခါ
မြက်ပင်ရှည်များကြားမှာ
ခြင်္သေ့ များလဲ ဆောင့်ကြောင့်ထိုင်ကာ
ပြီးတော့ ....
ဆင်တွေတောင်မှ လေးလံနှေးကွေးစွာ လုံခြုံရာဆီ ရွေ့လျားရှာ...။
သေးမွှားလှသည့်အရာများဟာ
ကြောက်ရွံ့တွန့်ဆုတ်ငြိမ်သက်ရှာ
သင်းကလေးတို့ရဲ့အသိအာရုံများမှာ
ကြောက်ရွံ့ခြင်းကိုပင် ကျော်လွန် တိုက်စားခံရတာ
သစ်တောတွေထဲက သစ်ပင်ကြီးတွေ ပြိုလဲကျချိန်မှာ။ ။
ဘာသာပြန် ။ ။ အမည်မဖော် စာပြန်တော် ( ကျောင်းသားတပ်မတော် ရဲဘော်တစ်ဦး)
ခင်ဗျားတို့ ကလဲ ရေးမယ်သားမယ် ဘာသာပြန်မယ်ဆိုရင်လဲ နည်းနည်း အားထုတ်မှုကလေးတော့ရှိမှပေါ့။
ခုတော့ မူရင်း ကဗျာဆရာမ ကို အားနာစရာ ဖြစ်ကတတ်ဆန်းကို ဘာသာပြန်တာကိုး ။
အနည်းဆုံးတော့ သူ ပေးချင်တာလေးကို ကဗျာအလှလဲမပျက်အောင် ရမ်းဖြီးတာလဲမဖြစ်အောင် အားထုတ်မှပေါ့ဗျာ။