မေး။ ဦးပိုင်ကို တရားစွဲဆိုရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး
> အသေးစိတ်ပြောပြပေးပါ။
ဖြေ။ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအာဏာသက်ဝင်ခြင်းမတိုင်မီက
အငြင်းပွားခဲ့တဲ့မြေယာပြဿနာ အမြောက်အမြားရှိပါတယ်။
မြေယာဥပဒေအဟောင်းတွေနဲ့လည်း ဖြေရှင်းရခြင်း မရှိသေးပါဘူး။ အငြင်း
ပွားနေတဲ့မြေယာပြဿာနာဖြစ်လို့ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအရလည်း
လယ်မှတ်ပုံတင်ခွင့်မရရှိ ပြန်ပါဘူး။ မှတ်ပုံတင်ခွင့်မရတဲ့အတွက်
မြေယာဥပဒေအသစ်အရ မြေယာကော်မတီမှာ လယ်မှုခင်းဖွင့်လှစ်ခွင့်လည်း မရှိပါဘူး။
လယ်မှုခင်းဖွင့်လှစ်ဆောင်ရွက်ခွ င့်မရှိတဲ့အတွက် မြေယာကော်မတီရဲ့
တရားဝင်ဆုံးဖြတ်ချက်လည်းရရှိ ခံယူခွင့်လည်းမရှိပါဘူး။
မြေယာဥပဒေအဟောင်းနဲ့လည်း အကျုံးမ၀င်၊ မြေယာဥပဒေအသစ်နဲ့လည်း
စီရင်ပိုင်ခွင့်မသက်ဆိုင်တဲ့ မြေယာအငြင်းပွားမှုခင်းတွေ မြန်မာပြည်မှာ
ထုနဲ့ဒေးရှိပါတယ်။ ဒါကြောင့် မြေယာအိုးအိမ်နဲ့ ပတ်သက်လို့
ဆိုင်ရေးဆိုင်ခွင့်၊ပိုင်ဆိုင် ခွင့်၊အကျိုးခံစားခွင့် အရပ်ရပ်ကို
ပြဋ္ဌာန်းထားတဲ့ တစ်နည်း တည်ဆဲဥပဒေလည်းဖြစ်တဲ့ the Specific Relief
Act,1877 (၁၈၇၇ခုနှစ်၊ သီးခြားသက်သာခွင့်ဥပဒေ)အရ တရားစွဲဆိုရတာဖြစ်ပါတယ်။
> မေး။ ရည်ရွယ်ချက်သုံးခုနဲ့ တရားစွဲဆိုတယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်တွေလဲ။
ဖြေ။ပထမအချက်ရည်ရွယ်တာကတော့ မြေယာပြဿနာဖြေရှင်းရေးဥပဒေမူတစ် ရပ်
ထွက်ပေါ်လာရေးဘဲဖြစ်ပါတယ်။၂၀၁၂ခု နှစ်၊ လယ်ယာမြေဥပဒေမှာ
ဒီဥပဒေအာဏာသက်ဝင်ခြင်းမတိုင်ခင် က ဖြစ်ပွားတဲ့အငြင်းပွားမြေယာမှု ခင်းတွေကို
ဘယ်ဥပဒေနဲ့ ဆုံးဖြတ်ရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်မပါဝင်တဲ့အပြင်
ဘယ်လိုတရားမျှတအောင် စီမံဆုံးဖြတ်ရမယ်ဆိုတဲ့မူ မပါဝင်ပါဘူး။ ဒါကြောင့်
မြေယာအငြင်းပွားမှု မှုခင်းတွေကို တရားမျှတအောင်
ဖြေရှင်းရေးဆိုင်ရာဥပဒေတစ်ရပ် ပေါ်ထွက်လာစေချင်တာပဲဖြစ်ပါတယ်။
ဒုတိယရည်ရွယ်ချက်ကတော့ မြေယာပြဿနာကို တရားရုံးသို့
လွှဲပြောင်းရေးဘဲဖြစ်ပါတယ်။ လယ်ယာအပါအ၀င် မြေယာတွေနဲ့ပတ်သက်ပြီး ရောင်း၊
ပေါင်၊ လဲ၊ ငှား၊ ပေးကမ်းကိစ္စတွေနဲ့အမှုတွေဖြစ်လာ ရင်
မြေယာစီမံခန့်ခွဲရေးအဖွဲ့တွေမှာ ဆုံးဖြတ်တာဟာ တရားမျှတမှုမရှနိုင်တဲ့အပြင်
အမှုစစ်ဆေးကြားနာရာမှာလည်း ဥပဒေလုပ်ထုံးလုပ်နည်းညီညွှတ်နို င်စရာ
မရှိနိုင်ပါဘူး။ စီမံခန့်ခွဲသူကိုယ်တိုင်က စီရင်ဆုံးဖြတ်တာဟာ
တရားမျှတမှုမရှိနိုင်ပါဘူး။ စီမံခန့်ခွဲသူတွေဟာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းဆိုင်ရာပစ္စည်းလွှဲပြောင်းရေးဥပဒေ၊
ပဋိညာဉ်ဥပဒေတွေကို ကျွမ်းကျင်မယ်ဆိုရင်တောင်ထုံး နည်းညီညွှတ်အောင်
သက်သေခံချက်တွေဖော်ထုတ်စစ်ဆေြး ကားနာမှုအတတ်ပညာနဲ့ ခုခံချေပမှုအပေါ်
စီရင်သုံးသပ်တတ်မှု အတတ်ပညာချို့တဲ့နေမှာဘဲ ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုလုပ်ငန်းသဘာဝနဲ့
စီရင်ဆုံးဖြတ်မှုတရားစီရင်ရေးလု ပ်ငန်းသဘာဝတို့အထူးပြုပုံခြင်း မတူကြပါဘူး။
အထူးပြုလုပ်ငန်းတွေမှာ သီးခြားစီခွဲဝေလုပ်ကိုင်ဆုံြး ဖတ်တာဟာ
အကောင်းဆုံးဘဲဖြစ်ပါတယ်။ ဒါကြောင့် လယ်လုပ်ပိုင်ခွင့်အပါအ၀င်
မြေယာအသုံးချခွင့်အငြင်းပွားမှု အရပ်ရပ်ကို တရားစီရင်ရေး
အာဏာထံလွှဲပြောင်းသင့်ပါတယ်။ တရားသူကြီးတွေအဂတိလိုက်စားတဲ့ကိ စ္စတွေကိုတော့
သီးသန့်ဖြေရှင်းရပါမယ်။
တတိယရည်ရွယ်ချက်ကတော့ တိုင်စာနဲ့လမ်းဆုံးနေတဲ့မြန်မြာ ပည်သူတွေရဲ့
နိုင်ငံရေးကို ပြန်လည်သုံးသပ်နိုင်ဖို့ဘဲဖြစ် ပါတယ်။ပြည်သူတွေကိုယ်တိုင်
ဥပဒေစည်းကြပ်တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ရေးမျှော်မှန်းတာ ဖြစ်ပါတယ်
မြေယာစုံစမ်းရေးကော်မရှင်ကို တိုင်တယ်၊ လာစစ်တယ်၊ စီမံခန့်ခွဲမှုလုပ်ငန်း
ဥပဒေနဲ့ညီတယ်၊ မညီဘူးထုတ်ပြန်တာ၊ ကြေညာတာ မလုပ်ဘူး။ ဥပဒေနဲ့မညီတဲ့ကိစ္စ၊
ဥပဒေနဲ့ညီညွှတ်သည့်တိုင်အောင် တရားမျှတမှုမရှိတဲ့ကိစ္စတွေကို
ဖြေရှင်းရမည့်နည်းလမ်းတွေအတွက်
စီမံခန့်ခွဲရေးဆိုင်ရာဆုံးဖြတ် ချက်ချမှတ်ခြင်းလည်းမရှိသလို၊
ဥပဒေပြဋ္ဌာန်းခြင်းလည်း ပြည်ထောင်စုလွှတ်တော်မှာ လုံးဝမရှိပါဘူး။ဒါကြောင့်
ပြည်သူတွေဟာ ကိုယ်တိုင် ဥပဒေစည်းကြပ်တဲ့လုပ်ငန်းစဉ်ကို လုပ်ကိုင်ဖို့
လိုအပ်တာဘဲဖြစ်ပါတယ်။
> မေး။ ကိုပိုးဖြူအပြင် လယ်သမားဘယ်နှစ်ဦးလောက်ပါဝင်လဲ။
ဖြေ။ တရားစွဲဆိုပြီးပါပြီ။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ
ကိုဖိုးဖြူအပါအ၀င် လယ်သမား(၄၈)ဦးခန့် မုံရွာခရိုင်တရားရုံးမှာ
တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
> မေး။ တရားစွဲဆိုမယ်ဆိုတာ ဘယ်နေ့လောက်ဖြစ်မလဲ။
ဖြေ။ ဗိုလ်ချုပ်မွေးနေ့မှာ စွဲဆိုခဲ့တာဖြစ်ပါတယ်။
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၄၂ အရ စိုက်ပျိုးမြေကို လက်ငုတ်အတိုင်း
စိုက်ပျိုးလုပ်ပိုင်ခွင့်ရထိုက် ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုတာဖြစ်ပါတယ်။
တရားမကြီးမှုအမှတ်-၉/၂၀၁၃ ဖြင့် ခရိုင်တရားသူကြီးက
အမှုဖွင့်လှစ်လက်ခံထားရှိပြီး ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ
အမှုစတင်စစ်ဆေးကြားနာမှာဖြစ်ပါ တယ်။
> မေး။ ဖြည့်စွက်ပြောကြားလိုသည်များရှိ ရင် ဖြေကြားပေးစေလိုပါတယ်။
ဖြေ။ တရားဥပဒေစိုးမိုးရေးဆိုတာ ကြေညာချက်လုပ်ငန်း၊ ဟောပြောပွဲလုပ်ငန်း၊
ပို့ချဆွေးနွေးတဲ့လုပ်ငန်းမျိုး မဟုတ်ပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ
စည်းကြပ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါ တယ်။ နိုင်ငံတော်အတွက်ရော၊
နိုင်ငံသားပြည်သူအတွက်ပါ အကျိုးရှိစေမယ့် ဥပဒေမပြဋ္ဌာန်းရသေးရင်
ပြဋ္ဌာန်းလာအောင်၊ ပြဋ္ဌာန်းပြီး မကျင့်သုံးသေးရင်လည်း
အာဏာသက်ဝင်ကျင့်သုံးလာအောင် စည်းမျဉ်းဘောင်တွေကို
စည်းကြပ်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပါ တယ်။ ဟိုဟာဖြစ်သင့်တယ်၊ ဒီဟာဖြစ်သင့်တယ်၊
ဟိုမူကျင့်သုံးသင့်တယ်၊ ဒီမူကျင့်သုံးသင့်တယ်၊ ဟိုလိုလုပ်မှ တရားမယ်၊
ဒီလိုလုပ်မှတရားမယ်ဆိုတာကို ထုတ်ပြန်ကြေညာတာ၊ မိုက်ကရိုဖုန်းရှေ့
ရွတ်ဖတ်သရယ်ဇယ်တာ၊အကြံပြုစာတမ်း ထုတ်တာနဲ့ ပြုပြင်ပြောင်းလဲလာမယ်ဆိုရင်
အလွန်ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့်အခါခပ်သိမ်းတိုင်း
အဲဒီလိုဖြစ်နေတာမဟုတ်ဘူး။ ဒီတော့ နောက်ပြန်မဆုတ်ရေး၊
နောက်ကြောင်းမပြန်ရေး၊ဒီမိုကေ ရစီချီတက်ခရီး
ဖြစ်နိုင်ချေနည်းမယ်ဆိုရင်တောင် ဖြစ်နိုင်ခွင့်
ပိုမိုတိုးပွားလာရေးရည်မှန်းပြီး အထက်အောက်ချတဲ့မူနဲ့
မကိုက်တဲ့ကိစ္စတွေမှာ တရားဥပဒေစိုးမိုးရေး စည်းကြပ်တဲ့လုပ်ငန်းစဉ်ကို
ပြည်သူပြည်သားတွေကိုယ်တိုင်၊ တောင်သူလယ်သမားတွေကိုယ်တိုင်၊
အလုပ်သမားတွေကိုယ်တိုင် ဆောင်ရွက်သင့်တာဖြစ်ပါတယ်။
လေးစားစွာဖြင့်
ကိုဖိုးဖြူ
ဂျူးမေဇင် (မေးမြန်းသူ)
သတင်းထောက်
တောင်သူကြီးများဂျာနယ်
၀၉၄၂၀၀၆၅၂၃၄
> အသေးစိတ်ပြောပြပေးပါ။
ဖြေ။ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအာဏာသက်ဝင်ခြင်းမတု
အငြင်းပွားခဲ့တဲ့မြေယာပြဿနာ အမြောက်အမြားရှိပါတယ်။
မြေယာဥပဒေအဟောင်းတွေနဲ့လည်း ဖြေရှင်းရခြင်း မရှိသေးပါဘူး။ အငြင်း
ပွားနေတဲ့မြေယာပြဿာနာဖြစ်လို့ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအရလည်း
လယ်မှတ်ပုံတင်ခွင့်မရရှိ ပြန်ပါဘူး။ မှတ်ပုံတင်ခွင့်မရတဲ့အတွက်
မြေယာဥပဒေအသစ်အရ မြေယာကော်မတီမှာ လယ်မှုခင်းဖွင့်လှစ်ခွင့်လည်း မရှိပါဘူး။
လယ်မှုခင်းဖွင့်လှစ်ဆောင်ရွက်ခွ
တရားဝင်ဆုံးဖြတ်ချက်လည်းရရှိ ခံယူခွင့်လည်းမရှိပါဘူး။
မြေယာဥပဒေအဟောင်းနဲ့လည်း အကျုံးမ၀င်၊ မြေယာဥပဒေအသစ်နဲ့လည်း
စီရင်ပိုင်ခွင့်မသက်ဆိုင်တဲ့ မြေယာအငြင်းပွားမှုခင်းတွေ မြန်မာပြည်မှာ
ထုနဲ့ဒေးရှိပါတယ်။ ဒါကြောင့် မြေယာအိုးအိမ်နဲ့ ပတ်သက်လို့
ဆိုင်ရေးဆိုင်ခွင့်၊ပိုင်ဆိုင်
ပြဋ္ဌာန်းထားတဲ့ တစ်နည်း တည်ဆဲဥပဒေလည်းဖြစ်တဲ့ the Specific Relief
Act,1877 (၁၈၇၇ခုနှစ်၊ သီးခြားသက်သာခွင့်ဥပဒေ)အရ တရားစွဲဆိုရတာဖြစ်ပါတယ်။
> မေး။ ရည်ရွယ်ချက်သုံးခုနဲ့ တရားစွဲဆိုတယ်ဆိုတော့ ဘယ်လိုရည်ရွယ်ချက်တွေလဲ။
ဖြေ။ပထမအချက်ရည်ရွယ်တာကတော့ မြေယာပြဿနာဖြေရှင်းရေးဥပဒေမူတစ်
ထွက်ပေါ်လာရေးဘဲဖြစ်ပါတယ်။၂၀၁၂ခု
ဒီဥပဒေအာဏာသက်ဝင်ခြင်းမတိုင်ခင်
ဘယ်ဥပဒေနဲ့ ဆုံးဖြတ်ရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက်မပါဝင်တဲ့အပြင်
ဘယ်လိုတရားမျှတအောင် စီမံဆုံးဖြတ်ရမယ်ဆိုတဲ့မူ မပါဝင်ပါဘူး။ ဒါကြောင့်
မြေယာအငြင်းပွားမှု မှုခင်းတွေကို တရားမျှတအောင်
ဖြေရှင်းရေးဆိုင်ရာဥပဒေတစ်ရပ် ပေါ်ထွက်လာစေချင်တာပဲဖြစ်ပါတယ်။
ဒုတိယရည်ရွယ်ချက်ကတော့ မြေယာပြဿနာကို တရားရုံးသို့
လွှဲပြောင်းရေးဘဲဖြစ်ပါတယ်။ လယ်ယာအပါအ၀င် မြေယာတွေနဲ့ပတ်သက်ပြီး ရောင်း၊
ပေါင်၊ လဲ၊ ငှား၊ ပေးကမ်းကိစ္စတွေနဲ့အမှုတွေဖြစ်လာ
မြေယာစီမံခန့်ခွဲရေးအဖွဲ့တွေမှာ ဆုံးဖြတ်တာဟာ တရားမျှတမှုမရှနိုင်တဲ့အပြင်
အမှုစစ်ဆေးကြားနာရာမှာလည်း ဥပဒေလုပ်ထုံးလုပ်နည်းညီညွှတ်နို
မရှိနိုင်ပါဘူး။ စီမံခန့်ခွဲသူကိုယ်တိုင်က စီရင်ဆုံးဖြတ်တာဟာ
တရားမျှတမှုမရှိနိုင်ပါဘူး။ စီမံခန့်ခွဲသူတွေဟာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းဆု
ပဋိညာဉ်ဥပဒေတွေကို ကျွမ်းကျင်မယ်ဆိုရင်တောင်ထုံး
သက်သေခံချက်တွေဖော်ထုတ်စစ်ဆေြး
စီရင်သုံးသပ်တတ်မှု အတတ်ပညာချို့တဲ့နေမှာဘဲ ဖြစ်ပါတယ်။
စီမံခန့်ခွဲမှုလုပ်ငန်းသဘာဝနဲ့
စီရင်ဆုံးဖြတ်မှုတရားစီရင်ရေးလု
အထူးပြုလုပ်ငန်းတွေမှာ သီးခြားစီခွဲဝေလုပ်ကိုင်ဆုံြး
အကောင်းဆုံးဘဲဖြစ်ပါတယ်။ ဒါကြောင့် လယ်လုပ်ပိုင်ခွင့်အပါအ၀င်
မြေယာအသုံးချခွင့်အငြင်းပွားမှု
အာဏာထံလွှဲပြောင်းသင့်ပါတယ်။ တရားသူကြီးတွေအဂတိလိုက်စားတဲ့ကိ
သီးသန့်ဖြေရှင်းရပါမယ်။
တတိယရည်ရွယ်ချက်ကတော့ တိုင်စာနဲ့လမ်းဆုံးနေတဲ့မြန်မြာ
နိုင်ငံရေးကို ပြန်လည်သုံးသပ်နိုင်ဖို့ဘဲဖြစ်
ဥပဒေစည်းကြပ်တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ရေးမျှော်မှန်းတာ
မြေယာစုံစမ်းရေးကော်မရှင်ကို တိုင်တယ်၊ လာစစ်တယ်၊ စီမံခန့်ခွဲမှုလုပ်ငန်း
ဥပဒေနဲ့ညီတယ်၊ မညီဘူးထုတ်ပြန်တာ၊ ကြေညာတာ မလုပ်ဘူး။ ဥပဒေနဲ့မညီတဲ့ကိစ္စ၊
ဥပဒေနဲ့ညီညွှတ်သည့်တိုင်အောင် တရားမျှတမှုမရှိတဲ့ကိစ္စတွေကို
ဖြေရှင်းရမည့်နည်းလမ်းတွေအတွက်
စီမံခန့်ခွဲရေးဆိုင်ရာဆုံးဖြတ်
ဥပဒေပြဋ္ဌာန်းခြင်းလည်း ပြည်ထောင်စုလွှတ်တော်မှာ လုံးဝမရှိပါဘူး။ဒါကြောင့်
ပြည်သူတွေဟာ ကိုယ်တိုင် ဥပဒေစည်းကြပ်တဲ့လုပ်ငန်းစဉ်ကို လုပ်ကိုင်ဖို့
လိုအပ်တာဘဲဖြစ်ပါတယ်။
> မေး။ ကိုပိုးဖြူအပြင် လယ်သမားဘယ်နှစ်ဦးလောက်ပါဝင်လဲ။
ဖြေ။ တရားစွဲဆိုပြီးပါပြီ။ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ
ကိုဖိုးဖြူအပါအ၀င် လယ်သမား(၄၈)ဦးခန့် မုံရွာခရိုင်တရားရုံးမှာ
တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။
> မေး။ တရားစွဲဆိုမယ်ဆိုတာ ဘယ်နေ့လောက်ဖြစ်မလဲ။
ဖြေ။ ဗိုလ်ချုပ်မွေးနေ့မှာ စွဲဆိုခဲ့တာဖြစ်ပါတယ်။
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၄၂ အရ စိုက်ပျိုးမြေကို လက်ငုတ်အတိုင်း
စိုက်ပျိုးလုပ်ပိုင်ခွင့်ရထိုက်
တရားမကြီးမှုအမှတ်-၉/၂၀၁၃ ဖြင့် ခရိုင်တရားသူကြီးက
အမှုဖွင့်လှစ်လက်ခံထားရှိပြီး ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ
အမှုစတင်စစ်ဆေးကြားနာမှာဖြစ်ပါ
> မေး။ ဖြည့်စွက်ပြောကြားလိုသည်များရှိ
ဖြေ။ တရားဥပဒေစိုးမိုးရေးဆိုတာ ကြေညာချက်လုပ်ငန်း၊ ဟောပြောပွဲလုပ်ငန်း၊
ပို့ချဆွေးနွေးတဲ့လုပ်ငန်းမျိုး
စည်းကြပ်တဲ့လုပ်ငန်းစဉ်ဖြစ်ပါ
နိုင်ငံသားပြည်သူအတွက်ပါ အကျိုးရှိစေမယ့် ဥပဒေမပြဋ္ဌာန်းရသေးရင်
ပြဋ္ဌာန်းလာအောင်၊ ပြဋ္ဌာန်းပြီး မကျင့်သုံးသေးရင်လည်း
အာဏာသက်ဝင်ကျင့်သုံးလာအောင် စည်းမျဉ်းဘောင်တွေကို
စည်းကြပ်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပါ
ဟိုမူကျင့်သုံးသင့်တယ်၊ ဒီမူကျင့်သုံးသင့်တယ်၊ ဟိုလိုလုပ်မှ တရားမယ်၊
ဒီလိုလုပ်မှတရားမယ်ဆိုတာကို ထုတ်ပြန်ကြေညာတာ၊ မိုက်ကရိုဖုန်းရှေ့
ရွတ်ဖတ်သရယ်ဇယ်တာ၊အကြံပြုစာတမ်း
အလွန်ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့်အခါခပ်သိမ်းတိုင်း
အဲဒီလိုဖြစ်နေတာမဟုတ်ဘူး။ ဒီတော့ နောက်ပြန်မဆုတ်ရေး၊
နောက်ကြောင်းမပြန်ရေး၊ဒီမိုကေ
ဖြစ်နိုင်ချေနည်းမယ်ဆိုရင်တောင် ဖြစ်နိုင်ခွင့်
ပိုမိုတိုးပွားလာရေးရည်မှန်းပြီ
မကိုက်တဲ့ကိစ္စတွေမှာ တရားဥပဒေစိုးမိုးရေး စည်းကြပ်တဲ့လုပ်ငန်းစဉ်ကို
ပြည်သူပြည်သားတွေကိုယ်တိုင်၊ တောင်သူလယ်သမားတွေကိုယ်တိုင်၊
အလုပ်သမားတွေကိုယ်တိုင် ဆောင်ရွက်သင့်တာဖြစ်ပါတယ်။
လေးစားစွာဖြင့်
ကိုဖိုးဖြူ
ဂျူးမေဇင် (မေးမြန်းသူ)
သတင်းထောက်
တောင်သူကြီးများဂျာနယ်
၀၉၄၂၀၀၆၅၂၃၄
No comments :
Post a Comment