မိုးကောင်းကင်ပေါ်က ဥက္ကာပျံ ဂြိုလ်ငယ်လေး ရုရှားနိုင်ငံ Chelyabinsk
မြို့ပေါ်ပျက်ကျ လူ ၁၂၀၀ကျော် ဒဏ်ရာရ
မနေ့က သောကြာနေ့ မနက် ၉ နာရီ မီးနစ် ၂၀ နေထွက်ပြူခါစအချိန်လောက်က
ရုရှားနိုင်ငံ Chelyabinsk မြို့မှာ မိုးကောင်းကင်ပေါ်က ဥက္ကာပျံ
ဂြိုလ်ငယ်တခု ပျက်ကျပြီး မီးဗုန်း (မီးဘောလုံးကြီး) အသွင်နဲ့
ကမ္ဘာမြေပေါ်ကိုကျလာတော့ မီးအလင်းတန်းရှည်ကြီး
အသွင်အဖြစ်ပြောင်းလဲသွားပြီး၊ အလွန်အရှိန်ပြင်းထန်စွာဖြင့်
အဆောက်အဦးပေါ်တွေကို ပြုတ်ကျပေါက်ကွဲခဲ့ရာမှာ အဆောက်အဦးတွေရဲ့
မှန်ကွဲစတွေကွဲဖြာထွက်လာပြီး လူပေါင်း (၁၂၀၀ခန့်)
ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေအထဲမှာ ခလေးငယ်
၂၀၀ကျော်ဟာလည်း ပါဝင်ပါတယ်။ ဒီဖြစ်ရပ်မျိုး ဟာ နှစ်တစ်ရာမှာ
တစ်ခါသာဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။
ဒီအချိန် ရုရှားနိုင်ငံ ရာသီဥတုကလည်း အနှုတ် ၁၂ -12 C (10 F) အထိ
အေးခဲနေချိန်ဖြစ်ပါတယ်။ ဥက္ကာပျံ ဂြိုလ်ငယ်လေး
ပေါက်ကွဲမှုပြင်းထန်ချက်ကတော့ TNTယမ်း တန်သုံးသိန်း (တန် ၃၀၀၀၀၀)
ပေါက်ကွဲတာနဲ့ညီမျှပါတယ်။ ကောင်းကင်ကမီးဘောလုံးကြီး (ဥက္ကာပျံ
ဂြိုလ်ငယ်တခု) ပြုတ်ကျပေါက်ကွဲမှုကြောင့် အဆောက်အဦးပေါင်း သုံးထောင် ကနေ
လေးထောင် (၃၀၀၀-၄၀၀၀) အထိ ပျက်စီးသွားခဲ့ရကြောင်း သတင်းတွေမှာဖတ်ရပါတယ်။
စတုန်ရန်းမီတာ ၂သိန်း (၅၀ ဧက) လောက် မှန်တွေကွဲကြေသွားခဲ့ရပါတယ်။
Chebarkul ရေကန်မှ ရေခဲပြင်ပေါ်မှာလည်း ဥက္ကာပျံအပိုင်းအစ ကြွေကျခဲ့ပြီး ပေ
၂၀ လောက်ရှိတဲ့ စက်ဝိုင်းသဏ္ဍန် အပေါက်ကြီး ဖြစ်သွားခဲ့ရပါတယ်။
ဒုက္ခရောက်သူတွေကို နဲ့ အပျက်အစီးတွေကို ကူညီသူ လူပေါင်း
နှစ်သောင်းလေးထောင် (၂၄၀၀၀) လောက် ဟာ အစားအစာ အဝတ်အထည်
အကူအညီတွေချက်ချင်း ဝိုင်းဝန်းကူညီနေကြပြီဖြစ်ပါတယ်

ထူးဆန်းတဲ့ဖြစ်ရပ်ကို ဗြုန်းစားကြီးခံစားလိုက်ရတာမို့
အံ့ဩတုန်လှုပ်နေကြပါတယ်။
ဒီလို မိုးကောင်းကင်ပေါ်က ဥက္ကာပျံ ဂြိုလ်ငယ် တွေပျက်ကျတာမျိုး နောက်ထပ်
ဥက္ကာပျံ ဂြိုလ်ငယ် ၄၇၀၀ လောက်ကမ္ဘာမြေပေါ်ကိုလွင့်စင်ပြု
NASA ကခန့်မှန်းထားပါတယ်။ ဥက္ကာပျံ ဂြိုလ်ငယ်လေးတွေဟာ ပေ ၃၃၀
လောက်ကြီးပြီး ကမ္ဘာနဲ့ လနဲ့ဝေးတဲ့ အဝေး အပြန်၂၀အဝေး ( ကမ္ဘာနဲ့ မိုင်
ငါးသန်း အဝေး) အကွာအဝေးလောက်ကနေ အရှိန်နဲ့ပျံနေကြတာပါ။
ဗွီဒီယိုထဲမှာ တွေ့မြင်ရတဲ့ အဖြူရောင်အလင်းတန်းရှည်ကြီးဟာ
အရောင်လင်းလက်ပြီး အရှိန်အဟုန်နဲ့ မြေပြင်ကို
ရုတ်တရက်ပြုတ်ကျလာတာဖြစ်ပါတယ်။ ရုရှားက လူတွေထင်တာက စစ်ဖြစ်တာလား
ဒုန်းပျံနဲ့အတိုက်ခံရတာလားလို့ အစမှာ ဒီလိုတွေးထင်ကြပါတယ်တဲ့။ဥက္ကာပျံ
ဂြိုလ်ငယ် ဟာ မီးဗုန်းကြီးလုံးအလင်းတန်းကြီး
ပြုတ်ကျလာတာ အနီးကပ်မြင်ရသူတွေကတော့ အလင်းရောင်ဟာ
အလွန်စူးရှလွန်းတယ်လို့ဆိုပါတယ်
ဒီလိုဖြစ်ရပ်မျိုး ဖြစ်ရပ်တူ ၁၉၀၈ ခုနှစ်က ဂြိုလ်ငယ်တခု
ကမ္ဘာနဲ့တိုက်မိပြီး ကမ္ဘာမြေ ထဲေ ရာက်လာချိန်မှာ ပေါက်ကွဲခဲ့တဲ့အတွက်
ရုရှားနိုင်ငံ Siberia Tunguska အရပ်ရှိ စတုန်ရန်းမိုင် ၈၂၀ လောက်
အကွာအဝေး ထဲမှာရှိတဲ့ သစ်ပင်တွေ မီးလောင်ခဲ့ဖူးခဲပြီး သစ်ပင်ပေါင်း
သန်းပေါင်း ၈၀ လောက်ဟာ ချက်ချင်း လဲပြိုကျသွားခဲ့ရဖူးပါတယ်။
မနေ့က သောကြာနေ့မှာပဲ ထူးဆန်းတာတစ်ခုက အခုလို ရုရှားနိုင်ငံမှာ
ဥက္ကာပျံတခု ပေါက်ကွဲခဲ့ပြီး နာရီပိုင်းအကြာမှာ 2012 DA 14 လို့ခေါ်တဲ့
ဂြိုဟ်ငယ်တခုဟာ ကမ္ဘာနားကနေ ဖြတ်ပြီး ပျံသန်းသွားခဲ့တာပဲဖြစ်ပါတယ်။ အလျား
၄၅ မီတာရှည်( ဘောလုံးကွင်း တစ်ဝက်လောက်ရှိတဲ့) တဲ့ အဲဒီ ဂြိုဟ်ငယ်ဟာ ကမ္ဘာ
မြေနား ၁၆,၇၇၇ မိုင် အကွာ အထိကပ်ပြီး ပျံသန်းသွားတာဖြစ်ပြီး ဒါဟာ
ကမ္ဘာမြေကလွှတ်တင်ထားတဲ့ တချို့ ဂြိုဟ်တုတွေထက်တောင်မှ ပိုပြီးတော့
နီးကပ်တယ်လို့ အမေရိကန် အာကာသ အေဂျင်စီ NASA က ပြောပါတယ်။ ဒီဂြိုဟ်ငယ်ဟာ
အလွန်သေးငယ်တဲ့အတွက် သာမန်မျက်စိနဲ့ ကြည့်လို့မမြင်နိုင်ဘူးလို့
ပြောပါတယ်။ ဒါပေမဲ့ သြစတြေးလျနိုင်ငံက အာကာသ စူးစမ်းလေ့လာသူတွေကတော့
ဒီဂြိုဟ်ငယ်ရဲ့ အဖျားပိုင်းကို အာကာသကိုကြည့်တဲ့ မှန်ဘီလူးတွေနဲ့
ကြည့်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် အဲဒီဂြိုဟ်ငယ်ဟာ ရိုင်ဖယ်သေနတ်ကျည်ဆံထက်
၈ ဆလောက်ပိုမြန်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဂြိုဟ်ငယ်လေးကတော့ ကမ္ဘာမြေကို ထိမှန်ပြီး အန္တရာယ်ပေးနိုင်တဲ့
အခြေအနေမရှိဘူးလို့ NASA ကကြေငြာထားပါတယ်။
အင်္ဂါဂြိုလ် နဲ့ ဂျူပီတာ ကြားလမ်းကြောင်းမှ နေကိုပတ်နေတဲ့ ဂြိုလ်ငယ်တစ်ခု
ဖြစ်တဲ့ Asteroid ဂြိုလ်ငယ် (ကြယ်ငါးအသွင်ရှိ) ဟာ မီတာ ၄၀ ရှိပြီးတော့
ကမ္ဘာနဲ့ ပွတ်တိုက်ပေါက်ကွဲခဲ့ဖူးပါတယ်။ တိုက်မိလိုက်ရင်တော့ ၃ မီဂါတန်
နျူကလီးယားဗုန်း (3-megaton nuclear bomb) ပေါက်ကွဲမှု
လောက်ပြင်းထန်ပါတယ်လို့ဆိုပါတယ်
တိုက်မိတာမျိုးကတော့ နှစ်ပေါင်း သန်းထောင်ချီမှ
နှစ်ခါလောက်ပဲဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
ဥက္ကာပျံတွေ ကမ္ဘာမြေပေါ်ကိုကျလာတာမျိုးဟာ ပင်လယ်ထဲ သဲကန္တာရထဲ ဒါမှမဟုတ်
သစ်တောထဲ မကြာခဏ ပြုတ်ကျခဲ့ဖူးပါတယ် လို့ဆိုပါတယ်။ အခုလို
လူတွေကြားထဲပြုတ်ကျလာတာတော့ လူတွေအတွက်အလွန့်အလွန်အန္တရယ်မျာ
လှပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အလွန်အမင်း စိုးရိမ်စရာမရှိဖူးလို့
ထုတ်ပြန်ကြေငြာပါတယ်။ ဒါပေမယ့် သတိထားပြီး အနီးကပ်စောင့်ကြည့်ကြရပါမယ်တဲ့
ခင်ဗျာ။
Translated by Zaw Win
No comments :
Post a Comment