Saturday 16 March 2013
လက်ပတောင်းတောင် နဲ့ သစ္စာတရား
                                                                                                                                 မတ်လ ၁၂ ရက် လက်ပတောင်းတောင်အစီရင်ခံစာထွက်လာပြီးနောက်ပိုင်း ခုရက်ပိုင်းအတွင်း
သတင်းမီဒီယာတွေ၊လူမှုကွန်ဆက်သွယ်ရေးကွန်ယက်အင်တာနက်တွေပေါ်မှာမြင်တွေ့ နေရ၊
ကြားနေရတာတွေအပေါ်မှာမချိတင်ကဲဖြစ်ပြီးဒီစာစုလေးကိုရေးမိပါတယ်။
နိုင်ငံရေး၊တော်လှန်ရေးလုပ်နေပါတယ်ဆိုတဲ့အများစုကတော့ပြောဆို ဝေဖန် သုံးသပ် ကောက်ချက်
ချဖို့ တိုက်တွန်းဖို့ (၀ါ) အမှန်တရားပေါ်မှာပြောဆိုရပ်တည်ကြဖို့ ဝန်လေးနေကြဟန်တူပါတယ်၊ရေငုံ
နှုတ်ပိတ်နေကြတာတွေ့ ရပါတယ်။ဝန်လေးနေကြတာကလည်း လူထုခေါင်းဆောင်နဲ့ တောင်သူ
လယ်သမား လူထုထိပ်တိုက်သွားတွေ့ ရတဲ့ကိစ္စ့မို့ လည်းဖြစ်နိုင်ပါတယ်။
အမှန်တရားပေါ်အခြေခံပြီးအပြုသဘောဆောင်ကာ မျှမျှတတ သမာသမတ်ကျစွာပြောဆို ဝေဖန်တိုက်တွန်းလာကြတဲ့
ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်အချို့ တော့ရှိပါတယ်၊အလွန်လေးစားမိပါတယ်
ကျနော့်အမြင်ကတော့
နိုင်ငံရေး(၀ါ)တိုင်းပြည်အရေးလုပ်နေကြပါတယ်ဆိုရင် ဒီလိုအချိန်မျိုးမှာအပြုသဘောဆောင်ပြီး
အကောင်းဖက်ကိုဖြစ်စေလိုတဲ့ဆန္ဒ စေတနာတွေနဲ့ တတ်နိုင်တဲ့ဖက်ကတော့ဝင်ပါကြစေလိုပါတယ်။
ခု လက်ပတောင်းတောင်အရေးကိစ္စက အဖိနှိပ်ခံပြီးနစ်နာဆုံးရှုံးခဲ့ကြရတဲ့ ဒေသခံ
တောင်သူလယ်သမားလူထုမှာ     အမှားမရှိသလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လည်း
အားလုံးကောင်းကျိုးအတွက်ဆိုပြီး အမုန်းခံ ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ ဘဲမြင်မိပါတယ်။
တကယ်တမ်းတာဝန်ရှိသူတွေက ဦးပိုင်၊၀မ်ပေါင်(တရုပ်) ကုမ္မဏီနဲ့ အစိုးရဘဲဖြစ်ပါတယ်။
ဒီလိုဆက်သွားနေမယ်ဆိုရင်ကြာလာရင်အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ရမဲ့ကိန်းဆိုက်လာနိုင်
ပါတယ်။ဆိုလိုတာက လူထုကြား ထဲမှာလည် စိတ်ဝမ်းတွေကွဲကြ၊ သပိတ်စခန်းတွေကိုလည်း
ပြီးခဲ့တဲ့ ၂၀၁၂နိုင်ဝင်ဘာ ၂၉ တုန်းကလိုအကြမ်းဖက်ဝင်စီးခံရတာမျိုးတွေဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ
အာမခံနိုင်မလဲ။
လက်ပတောင်းတောင်အစီရင်ခံစာထွက်လာတဲ့အပေါ် ဒေသခံလူထုက မကျေနပ်ကြပါ၊
ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာအကြောင်းရှင်းပြဖို့ အဲဒီဒေသကို မတ် ၁၃၊၁၄ ရက်
တွေမှာသွားပြီး ဒေသခံလူထုနဲ့ သွားတွေ့ တယ်၊ရှင်းပြတယ်၊လူထုကဆန္ဒပြကြတယ်၊
ဒါရှင်းရှင်းရိုးရိုးလေးပါဘဲ၊ဆန္ဒပြကြတာက ဒေါ်အောင်ဆန်းစုကြည်ကိုမှမဟုတ်ဘဲ၊အစီရင်ခံစာ
မှာပါတဲ့အချက်တွေကိုမကျေနပ်လို့ ဆန္ဒပြကြတာဘဲ၊
သူတို့ ကြုံတွေ့ ခံစားနေကြရတာကိုကိုယ်ချင်းစာကြည့် ခံစားကြည့်ကြပါလို့ ပြောချင်ပါတယ်။
ခေတ်အဆက်ဆက် သူတို့ မှာခါးသီးတဲ့ ဖိနှပ်ခံခဲ့ကြရတဲ့ တွေ့ ကြုံခံစားချက်တွေရှိနေကြတယ်ဆိုတာ
မြို့ နေလူတန်းစားတွေ နားလည်သိထားကြဖို့ လိုပါတယ်။
ဆန္ဒပြနေကြတာကို လူတချို့ က ပုံကြီးတွေချဲ့ ပြီး
ဖိနှိပ်နစ်နာဆုံးရှုံးခံနေကြရတဲ့ တောသူတောင်သားလူထုကို ရက်ရက်စက်စက် ပက်ပက်စက်စက်
ပြောဆိုဝေဖန်နေကြတာကတော့ဖြင့် သစ္စာတရားမဲ့လှတယ်လို့ ဘဲကျနော်ကတော့ပြောချင်ပါတယ်။
ဘာသစ္စာတရားလည်းဆိုရင် မြန်မာနိုင်ငံသားတိုင်းလူအဖြစ်လူ့ လောကရောက်ပြီး ခုလိုအသက်
အရွယ်ထိအသက်ရှင်ရပ်တည်နိုင်အောင်(အကြောင်းကြောင်းကြောင့်ဘ၀အချိန်အချို့ နိုင်ငံခြား
ရောက်ရှိနေသူတွေအပါအ၀င်)စားသောက်နေခဲ့ကြရတဲ့အာဟာရ အဓိက ဆန် တမင်းကို
ဒီ ဘ၀နုံခြာ ကြရတဲ့ တောင်သူလယ်သမားတွေ ဖင်ထဲ ရွှံတပိဿာဝင်ပြီး ထွန်ယက်စိုက်ပျိုး
ပေးကြလို့ ပါ။ခေတ်အဆက်ဆက် သူတို့ ဘ၀တိုးတက်မြင့်မားဖို့ မဆလခေတ်ကထဲက
ယနေ့ တိုင်အောင်ဘယ်အစိုးရကများ အထူးလုပ်ပေးကြလို့ လဲ၊ခု ဦးသိန်းစိန် အစိုးရအနေနဲ့ 
တောသူတောင်သား လယ်သမားတွေဘ၀ တိုးတက်မြင်းမားလာအောင်ကြံဆောင်ပေးပါလို့ 
လည်းတိုက်တွန်းချင်ပါတယ်။
မြန်မာနိုင်ငံမှာ တောသူတောင်သား လယ်သမားအများစုဘ၀ တွေဟာနုံခြာလှပါတယ်၊
ဆင်းရဲကြပါတယ်၊ပညာကောင်းကောင်းမသင်နိုင်ကြပါ၊ဆန်ဖြစ်အောင်လယ်တော့စိုက်နေကြ
ရပြီး တမင်း၀၀မစားနိုင်ကြရသေးပါ၊ စိုက်ပျိုးမြေ မပိုင်ကြရပါ၊ ရှိပြီးသားစိုက်ပျိုးမြေ ဘယ်အချိန်
လာသိမ်းမလဲဆိုပြီး စိတ်တပူပူနဲ့ စိုးရိမ်နေကြရပါတယ်၊ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံ ဆေးခန်း
ရှိသင့်သလောက်မရှိကြရှာသေးပါ၊ဒေသအတော်များများ မှာ လမ်းပမ်းဆက်သွယ်ရေးမကောင်းသေးပါ၊
လျှပ်စစ်မီး သောက်ရေသန့် မရကြသေးပါ။ကျနော်ကိုယ်တိုင် ၂၀၁၂ ခုတုန်းက မြန်မာနိုင်ငံ တောနယ်
ဒေသအချို့ ကိုရောက်ခဲ့ပါတယ်။                                                                                  အစိုးရအနေနဲ့ လည်း တတိုင်းပြည်လုံးအတိုင်းအတာနဲ့ တော့
အချိန်ယူရမယ်၊ငွေကြေးအကူညီတွေလိုမယ်ဆိုတာသေချာပါတယ်၊ဒီလို အခြေခံကျတဲ့ လူထုဖွံ့ ဖြိုး
တိုးတက်ရေးတွေလုပ်ဖို့ ကာကွယ်ရေးအသုံးစရိတ်တွေလျှော့ရပါမယ်။တောသူတောင်သားလယ်သမား
တွေဘ၀မြှင့်တင်နိုင်ဖို့ လယ်ယာမြေပိုင်ဆိုင်ခွင့်ဥပဒေတွေ ခေတ်နဲ့ လျော်ညီအောင်ရေးဆွဲပြဌာန်း
ကြဖို့ လိုပါတယ်။
ကျနော့်အနေနဲ့ ထပ်မံပြီးတိုက်တွန်းလိုတာကတော့….
၁။ လက်ပတောင်းတောင်ဒေသခံတောသူတောင်သား လယ်သမားတွေကို ရက်ရက်စက်စက်
ပြင်းပြင်းထန်ထန် နှိမ့်ချပြောဆိုဝေဖန်နေကြတာတွေကိုရပ်ကြပါ
၂။ဒေါ်အောင်ဆန်းစုကြည်ကိုဖြစ်တင်ဝေဖန်နေမှုတွေကိုလည်းရပ်ပေးကြပါ
၃။လယ်သမားအရေးကိုပါဝင်သင့်လို့ ပါဝင်ကူညီပေးနေကြတဲ့လူတွေကိုလည်း သေချာစွာမသိဘဲ
ရင့်သီးရိုင်းပြတဲ့စကားလုံးတွေနဲ့ ပုတ်ခတ်ပြောဆိုရေးသားနေကြတာတွေရပ်ပေးကြပါ
၎။ပြည်ပရောက်တချို့ သောသူများကိုလည်း မဆီမဆိုင် လက်ပတောင်းတောင်မှာ ဆန္ဒပြနေကြတာကို
ကြိုးကိုင်သွေးထိုးနေတယ်ဆိုတဲ့ပြောဆိုဝေဖန်နေကြတာကိုရပ်ပေးကြပါ
၅။တောသူတောင်သားလယ်သမားတွေဟာ ရိုင်းစိုင်းတယ် ပညာမတတ်ဘူး မယဉ်ကျေးဘူး
စသဖြင့်ဝေဖန်ပြောဆိုနေကြသူတွေအနေနဲ့ သူတို့ ယဉ်ကျေးလာအောင် ပညာတတ်လာအောင်
ဘ၀တွေမြင့်မားတိုးတက်လာအောင် ဘယ်လိုလုပ်ဆောင်ပေးကြရင်ကောင်းမလဲ လို့ 
လက်တွေ့ ကျတဲ့နည်းလမ်းတွေရှာကြံပြီး တတ်နိုင်တဲ့ဖက်ကပါဝင်ပေးကြပါ
၅။လက်ပတောင်းတောင်အရေးကိစ္စမှာဘယ်သူတွေတာဝန်အရှိဆုံးဖြစ်ပြီး တာဝန်ရှိတဲ့သူတွေက နှစ်ဖက်မျှမျှတတဖြစ်အောင် အကောင်းဆုံးနည်းလမ်းတွေနဲ့ မဖြစ်မနေ တာဝန်ယူဖြေရှင်းကြရ မယ်ဆိုတာကိုမြင်အောင်ကြည့်ကြပါ၊တောင်းဆိုတိုက်တွန်းပေးကြပါ
လူတိုင်းကိုယ်ချင်းစာစိတ်ထားပြီး သစ္စာတရားပေါ်မှာရပ်တည်ပေးကြစေလိုပါသည်။
အထူးသဖြင့်ပုဂ္ဂိုလ်စွဲတွေလျော့ကြဖို့ မြို့ နေပညာတတ်ဆိုတဲ့လူတန်းစားကိုပြောချင်ပါသည်။
တောသူတောင်သားလယ်သမားအများစုတွေရဲ့လက်တွေ့ ဘ၀တွေကိုနားလည်ပေးကြစေလိုပါသည်။
စာရင်းဝင်အထက်တန်းကျောင်းမှာ၁၀ တန်းအောင်တဲ့အထိနေခဲ့ပြီး ရန်ကုန်တက္ကသိုလ် တက်ခဲ့သူပါ။
ဆိုလိုတာကတော့ တောသူတောင်သားတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာမိတယ်၊ တန်ဖိုးထားမိတယ်
ဆိုတာပြောလိုရင်းပါ။
ကိုကိုအောင်
မတ်လ ၁၇ ၊၂၀၁၃
ခေတ္တ တိုကျို
No comments :