Thursday 28 March 2013
ဒီနေ့ သတင်းများ
 ကြားဖြတ်သတင်း
အင်းမ
=====
12:10 မိနစ်ခန့်က ၁၂ဘီးကားနှင့် လူ(၁၀၀)၀န်းကျင်ခန့်အပြည့်တင်လာ
ပြီးအင်းမမြို့အ၀င်က ကိုသာလောကြက်ခြံကိုဝင်ရောက်တိုက်ခိုက်ဖျက်ဆီး
ပါတယ်။ပြီးတော့အဲဒီလူစုဟာခုပဲ အင်းမဗလီဘက်ကိုဦးတည်သွားနေပါတယ်။
ကိုသူရ(အင်းမ)09423691204 မှဆက်သွယ်ပြောကြားချက်။
လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ၈၈မျိုးဆက်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
-----------------------------------------------------
လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍  ယနေ့ မတ်လ၊ ၂၈ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် သဘောထားကို ဂျင်မီက ရှင်းလင်းပြောဆိုသွားပြီး တက်ရောက်လာသော သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဖြေကြားသွားခဲ့ကြသည်။ 
”သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုကို လက်မခံနိုင်ဘူးဆိုရင် အခုလိုမဖြစ်အောင် ဘယ်လိုတားဆီးကြမလဲ” ဆိုသည့် ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းချက်ကို မင်းကိုနိုင်က ဖြေကြားရာတွင် “ ဒေသခံတို့၏ ညီညွတ်မှုက အရေးကြီးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသတွင်း သြဇာကြီးမားသည့် ရဟန်းရှင်လူများ စုပေါင်းညီညွတ်လျှင် ယခုလိုအကြမ်းဖက်မှုမျိုးကို ကြိုတင်တားဆီးနိုင်ကြောင်း၊ ပြည်မြို့သည် ယမန်နေ့က ထိုညီညွတ်မှုမျိုးဖြင့် တားဆီးသွားနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။
DVB သတင်းဌာနမှ  “ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ဘာသာရေးအဓိကရုဏ်းလို့ သတ်မှတ်ပါသလား၊ အကြမ်းဖက်မှုလို့ သတ်မှတ်ပါသလား။ ပြည်ထဲရေးဌာနရဲ့ အားနည်းချက်ကြောင့် ပိုမိုကျယ်ပြန့်ခဲရသည်ဟု ဆိုချင်ပါသလား”ဟု မေးမြန်းရာတွင် ကိုကိုကြီးက ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ရာဇ၀တ်မှု၊ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်တွင် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း ဖြေကြားသွားခဲ့ပြီး သတင်းဖော်ပြပုံများကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖော်ပြနိုင်အောင် ကြိုးစားပေးစေလိုကြောင်းလဲ ပြောကြားခဲ့ပါသည်။
သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို  ဖြေကြားအပြီးတွင် အခင်းဖြစ်ပွားခဲ့သည့်နေရာများသို့ ၈၈မျိုးဆက်မှ သွားရောက်ကူညီပေးနေမှုများကို ရှင်းလင်းပြောပြခဲ့ကြသည်။
လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ၈၈မျိုးဆက်မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
------------------------------
----------------------- လတ်တလောဖြစ်ပွားနေသော အဓိကရုဏ်း၊ ဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်၍ ယနေ့ မတ်လ၊ ၂၈ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် သဘောထားကို ဂျင်မီက ရှင်းလင်းပြောဆိုသွားပြီး တက်ရောက်လာသော သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဖြေကြားသွားခဲ့ကြသည်။
”သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုကို လက်မခံနိုင်ဘူးဆိုရင် အခုလိုမဖြစ်အောင် ဘယ်လိုတားဆီးကြမလဲ” ဆိုသည့် ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းချက်ကို မင်းကိုနိုင်က ဖြေကြားရာတွင် “ ဒေသခံတို့၏ ညီညွတ်မှုက အရေးကြီးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသတွင်း သြဇာကြီးမားသည့် ရဟန်းရှင်လူများ စုပေါင်းညီညွတ်လျှင် ယခုလိုအကြမ်းဖက်မှုမျိုးကို ကြိုတင်တားဆီးနိုင်ကြောင်း၊ ပြည်မြို့သည် ယမန်နေ့က ထိုညီညွတ်မှုမျိုးဖြင့် တားဆီးသွားနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။
DVB သတင်းဌာနမှ “ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ဘာသာရေးအဓိကရုဏ်းလို့ သတ်မှတ်ပါသလား၊ အကြမ်းဖက်မှုလို့ သတ်မှတ်ပါသလား။ ပြည်ထဲရေးဌာနရဲ့ အားနည်းချက်ကြောင့် ပိုမိုကျယ်ပြန့်ခဲရသည်ဟု ဆိုချင်ပါသလား”ဟု မေးမြန်းရာတွင် ကိုကိုကြီးက ယခုဖြစ်ပွားနေသောကိစ္စရပ်များကို ရာဇ၀တ်မှု၊ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်တွင် အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း ဖြေကြားသွားခဲ့ပြီး သတင်းဖော်ပြပုံများကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖော်ပြနိုင်အောင် ကြိုးစားပေးစေလိုကြောင်းလဲ ပြောကြားခဲ့ပါသည်။
သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို ဖြေကြားအပြီးတွင် အခင်းဖြစ်ပွားခဲ့သည့်နေရာများသို့ ၈၈မျိုးဆက်မှ သွားရောက်ကူညီပေးနေမှုများကို ရှင်းလင်းပြောပြခဲ့ကြသည်။
ဆရာတော်ဦးဝိသုဒ္ဒ၊ ရထနာဦးကျောင်း၊ မိထိလာမြို့ ဆရာတော်ဟာ ဗုဒသာသာနာရဲ့  အာဇာနည် တပါးဖြစ်ပါတယ်။ ၀ီရသူ ရဲ့ အကြမ်းဖက် အဖွဲ့  က မူစလင် ၂၀၀ နီးပါးကိုရက်ရက်စက်စက်သတ်ဖြတ် နေ ချိန်မှာ သူဟာ မူစလင် ကလေတွေ၊ မိခင်တွေ၊၊ သက်ကြီးရွယ်အို နဲ့ ယောက်ကျားတွေ ၈၀၀ ခန့် ကို သူကျောင်းဝင်းထဲမှာကယ်တင်ထားခဲ့ပါတယ်။ ဆရာတော်အကြောင်း အပြည့်အစုံကို မန်းက ရဲဘော်တွေရေးသားပြုစုနေကြပါတယ်။ ကျနော်က သတင်းဆိုးတွေထဲက သတင်းကောင်းလေးမို့  မျှဝေလိုက်တာ။ အပြည့်အစုံကို မန်းက မိတ်ဆွေတွေရေးတာ တင်လာတော့မှ ဖတ်ကြပါ။ ဆရာတော်ဓါတ်ပုံကို ရှယ်ပေးတဲ့ မအမာနီကိုကျေးဇူးတင်ပါတယ်။ 
ဆရာတော်ဦးဝိသုဒ္ဒ 
Photo 37
ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ်  http://blog.irrawaddy.org/2013/03/blog-post_6460.html
ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ် 
KO Han Win Aung 28-3-2013
 လက်ပန်တောင်းတောင်ဒေသအခြေအနေ 
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး၊တဖက်သတ် ထုတ်ပြန်ထားတဲ့ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး၊မီးလောင်ဗုံးတရားခံများကိုအ ရေးယူပေးရေး၊ဦးပိုင်ကုမ္ပဏီအလိုမရှိ၊မြန်မာဝမ်ဘောင်ကုမ္ပဏီအလိုမရှိစ သည့်တောင်းဆိုချက်များကိုဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ပါသည်၊ဆန္ဒုပြမှုကို မိုးကြိုးပြင်ရွာ၊တုံရွာတို့မှဦးဆောင်ခဲ့ကြပြီး၊သတ်မှတ်လူအင်အား(၅၀၀)ခန့် ဖြင့်ယနေ့နေ့လည်(၁)နာရီတွင်တုံရွာရှေ့မှစတင်ချီတက်တောင်းဆိုခဲ့ပြီးညနေ (၃)နာရီတွင်မုံရွာပုသိမ်လမ်းဆုံ၊ဦးပိုင်ကုမ္ပဏီရုံးရှေ့၌ပြီးဆုံးခဲ့ပါသည်၊အာဏာ ပိုင်များအနေဖြင့်ဆန္ဒပြလမ်းတလျှောက်လိုက်လံစောင့်ကြည်ခဲ့ပြီးမှတ်တမ်း တင်မှုများပြုလုပ်ခဲ့ပါသည်၊ယခုဆန္ဒဖော်ထုတ်မှုသည်ကျေးရွာအသီးသီးမှ အလှည့်ကျတာဝန်ယူဆန္ဒဖော်ထုတ်မှု(၄)ကြိမ်မြောက်ဖြစ်သည်၊ကော်မရှင် အစီရင်ခံစာထွက်ပေါ်ပြီးနောက်ပိုင်းကုမ္ပဏီဘက်မှကြေးနီစီမံကိန်းကိုတဖက် သတ်ဆက်လက်လုပ်ကိုင်နေပြီးလျှော်ကြေးမယူထားသည့်လယ်သမားများ ပိုင်မြေယာများကိုလဲမတရားသိမ်းယူမှုများကိုနေစဉ်ဆောင်ရွက်နေပြီးအာ ဏာပိုင်များဘက်မှကုမ္ပဏီကိုအကာအကွယ်ပေးသည့်အနေဖြင့်ဒေသခံပြည်သူများကိုပုဒ်မ(၁၄၄)လဲထုတ်ပြန်ထားဆဲဖြစ်ပါသည်၊၊ဒေသခံများအနေဖြင့် မိမိတို့မြေယာများကိုမှုလအတိုင်းလုပ်ကိုင်စားသောက်ခွင့်ရရှိရေးအတွက် နေ့စဉ်လှုပ်ရှားတောင်းဆိုမှုများပြုလုပ်နေခြင်းဖြစ်သည်၊၊ ၂၈-၃-၂၀၁၃ ညနေ(၃း၁၀)နာရီ လက်ပန်တောင်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ 
about an hour ago
ဦးသိန်းစိန် သတင်း 
မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍
နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်းပြောကြားချက်
(အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့သော်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား)
=====================================
(မတ်လ ၂၈ ရက်၊ နေပြည်တော်)
သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။
ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။
ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။
သွးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။
Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/03/28/id-3001
ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သား
များပါ လုံခြုံရေး ဆောင်ရွက်လျက်ရှိ
Wednesday, 27 March 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ မြို့အနှံ့ လုံခြုံရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများပါ ကင်းလှည့်စောင့်ကြပ်မှုများနှင့်
ရပ်ကွက်အလိုက် လုံခြုံရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။
“ကောလာဟလတွေကတော့ နေရာပေါင်းစုံကနေ အမျိုးမျိုး ကြားနေတာပါ၊ ကျွန်တော်တို့လည်း လုံခြုံရေးသတိ အမြဲရှိစွာနဲ့ နေပါတယ်၊ ကိုယ်မြို့
သူမြို့သား အချင်းချင်းကတော့ ဘာမှပြဿနာ ဖြစ်စရာမရှိပါဘူး၊ မမြင်နိုင်တဲ့ရန်သူကိုဘဲ ကြောက်တယ်၊ အခုလို ရဲတပ်ဖွဲ့ဝင်တွေရော တပ်မတော်သားတွေပါ လုံခြုံရေး ဆောင်ရွက်နေပြီဆိုတော့ သိပ်တော့ မစိုးရိမ်ရတော့ဘူး” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောပြသည်။
ယ္ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ် အခြေခံ၍ ပုသိမ်မြို့တွင်လည်း ကောလာဟလ သတင်းများ ထွက်ပေါ်နေမှုကြောင့် အစ္စလာမ်ဘာသာဝင်များ အပါအ၀င် မြို့သူမြို့သား အများစုမှာ စိုးရိမ်ပူပန်မှုများ ရှိနေကြရာ ရဲတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ရက်များမှပင်
နေ့ရောညပါ မြို့တွင်းမြို့ပြင် ကင်းလှည့်စောင့်ကြပ်မှုများ ဆောင်ရွက်ခဲ့
ကြကြောင်း သိရသည်။
“ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၁၅ ခုမှာတော့ မတ်လ ၂၆ ရက်နေ့ကစပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကော်မတီ ဖွဲ့ခဲ့တယ်၊ အဲဒီကော်မတီက ရပ်ကွက်နဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စေမဲ့ ကိစ္စတွေကို ၀ိုင်းဝန်းထိန်းသိမ်းသွားဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်” ဟု ပုသိမ်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပြသည်။
ပုသိမ်မြို့တွင် ဆူပူအကြမ်းဖက်မှုများနှင့် ပဋိပက္ခများ မဖြစ်ပွားစေရေးတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့်အတူ ဘာသာရေး အဖွဲ့အစည်း
များ၊ နိုင်ငံရေးပါတီများနှင့် လူ့အခွင့်အရေး အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်း
များ ပူးပေါင်း၍ ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်
လျက်ရှိကြောင်း သိရသည်။
ဘာသာရေးမီးတောက်ကြီးထဲက သူငယ်ချင်းနှစ်ဦး 
ဒီပုံကတော. မိတ္ထီလာဒုက္ခသည်စခန်းရောက်နေတဲ. (ညာဖက်) သူငယ်ချင်းဖြစ်သူ ကိုအစ္စရမ် (ခေါ်) ကိုသန်းဝင်းကို တစ်မြို.တည်းနေ ဗုဒ္ဓ္ဓဘာသာမြန်မာလူမျိုးကိုသန်.ဇော်ဝင်းက ဒုက္ခသည်စခန်းနားမှာလာတွေ.တာပါ။ ကိုသန်းဇော်ဝင်းက သူ.သူငယ်ချင်းအတွက် ရေသန်.ဘူးတွေရယ်၊ မုန်.တွေရယ်လာပေးတာပါ။ 
သူတို. ၂ ယောက်လုံးရဲ.အိမ်တွေမီးရှီု.ခံလိုက်ရတာပါ။ ကိုသန်းဇော်ဝင်းက မြို.ထဲမှာမီးတင်ရှို.ခံရတဲ.ပါကစ္စတန်ဂျာမာဗလီဘေးနားမှာ ကားတာရာဆိုင်ရှိပါတယ်၊ ဒီဆိုင်ဟာသူ.ရဲ.အိမ်လည်းဖြစ်ပါတယ်။ ဗလီမီးရှို.ခံရတဲ.ညမှာဘဲ ဒေါသထွက်နေတဲ. မွတ်စလင်တစ်ချို.ကသူ.ဆိုင်ကိုလာရှို.သွားတာလို.ဆိုပါတယ။ ဒါပေမဲ. သူ.ငယ်ချင်းမွတ်စလင်ဘောလုံးကွင်းဒုက္ခသည် စခန်းမှာ ဘယ်လိုအခက်တွေ.နေမလဲ၊ သူ.လိုမျိုးမြို.ထဲဟိုဟိုဒီဒီထွက်လို.မရတဲ. သူငယ်ချင်းဘာတွေလိုနေမလဲလို.သိချင်တာနဲ. မွတ်စလင်ဒုက္ခသည်စခန်းကိုလာတာပါ။
မွတ်စလင်သူငယ်ချင်းဖြစ်သူကလည်း ဗုဒ္ခဘာသာတွေကိုမုန်းတီးစိတ်မရှိတဲ.အကြောင်း၊ ဒီအရေးအခင်းဟာမထင်ထားဘဲဖြစ်လာတဲ. အကြောင်း ...မွတ်စလင်တွေအစုလိုက်အပြုံလိုက်မီးတင်ရှို.သတ်ခံရပေမယ.် သူဟာ ဗုဒ္ခဘာသာမြန်မာတွေနဲ. ဆက်လက်နေထိုင်လုပ်ကိုင်စားသောက်လိုကြောင်းဆိုပါတယ်။ ရခိုင်မှာလို ဒီလူတွေနဲ. ကျနော်တို.ပြန်နေထိုင်လို.မရတော.ဘူးလို.ပြောတဲ.သူနည်းပါတယ်။ ဒါကထူးခြားမှုတစ်ခုပါ။
ဒီပုံကတော. မိတ္ထီလာဒုက္ခသည်စခန်းရောက်နေတဲ. (ညာဖက်) သူငယ်ချင်းဖြစ်သူ ကိုအစ္စရမ် (ခေါ်) ကိုသန်းဝင်းကို တစ်မြို.တည်းနေ ဗုဒ္ဓ္ဓဘာသာမြန်မာလူမျိုးကိုသန်.
ဇော်ဝင်းက ဒုက္ခသည်စခန်းနားမှာလာတွေ.တာပါ။ ကိုသန်းဇော်ဝင်းက သူ.သူငယ်ချင်းအတွက် ရေသန်.ဘူးတွေရယ်၊ မုန်.တွေရယ်လာပေးတာပါ။
သူတို. ၂ ယောက်လုံးရဲ.အိမ်တွေမီးရှီု.ခံလိုက်ရတာပါ။ ကိုသန်းဇော်ဝင်းက မြို.ထဲမှာမီးတင်ရှို.ခံရတဲ.ပါကစ္စတန်ဂျာမာဗလီဘေးနားမှာ ကားတာရာဆိုင်ရှိပါတယ်၊ ဒီဆိုင်ဟာသူ.ရဲ.အိမ်လည်းဖြစ်ပါတယ်။ ဗလီမီးရှို.ခံရတဲ.ညမှာဘဲ ဒေါသထွက်နေတဲ. မွတ်စလင်တစ်ချို.ကသူ.ဆိုင်ကိုလာရှို.သွားတာလို.ဆိုပါတယ။ ဒါပေမဲ. သူ.ငယ်ချင်းမွတ်စလင်ဘောလုံးကွင်းဒုက္ခသည် စခန်းမှာ ဘယ်လိုအခက်တွေ.နေမလဲ၊ သူ.လိုမျိုးမြို.ထဲဟိုဟိုဒီဒီထွက်လို.မရတဲ. သူငယ်ချင်းဘာတွေလိုနေမလဲလို.သိချင်တာနဲ. မွတ်စလင်ဒုက္ခသည်စခန်းကိုလာတာပါ။
မွတ်စလင်သူငယ်ချင်းဖြစ်သူကလည်း ဗုဒ္ခဘာသာတွေကိုမုန်းတီးစိတ်မရှိတဲ.အကြောင်း၊ ဒီအရေးအခင်းဟာမထင်ထားဘဲဖြစ်လာတဲ. အကြောင်း ...မွတ်စလင်တွေအစုလိုက်အပြုံလိုက်မီးတင်ရှို.သတ်ခံရပေမယ.် သူဟာ ဗုဒ္ခဘာသာမြန်မာတွေနဲ. ဆက်လက်နေထိုင်လုပ်ကိုင်စားသောက်လိုကြောင်းဆိုပါတယ်။ ရခိုင်မှာလို ဒီလူတွေနဲ. ကျနော်တို.ပြန်နေထိုင်လို.မရတော.ဘူးလို.ပြောတဲ.သူနည်းပါတယ်။ ဒါကထူးခြားမှုတစ်ခုပါ။
Image by jmhullot on flickr.Image by jmhullot on flickr.
Building a modern Myanmar
Myanmar is a country undergoing rapid change and a program to be run in Crawford School aims to give the country’s young professionals the skills they need to help their nation make the progression to a modern democracy.
The newly-developed Myanmar Graduate Development Program offers candidates access to education in the fields of policy and governance, international and development economics, environment management and development and environment and resource economics. It provides discipline-specific special support that targets the needs of Myanmar students, including English language support; academic and research skills advisors; and the availability of individual consultations for all written assignments and presentations.
Anthony Swan, Research Fellow at the Development Policy Centre and Lecturer in the International development and Economics (IDEC) program has been involved in getting the program up and running and said similar approaches have been adopted with other countries facing rapid economic public policy reform in the past, such as Vietnam and China.
“With Myanmar undertaking a number of reforms, they're rapidly trying to change their country and they're going to need assistance in building capacity of professionals. We see Crawford School as a key provider in helping the country's next generation of policy makers face the challenges ahead,” said Swan.
The program will consider a wide variety of applications from students in order to be able to reach a broad scope of young professionals.
The establishment of the ANU Myanmar Graduate Development Program was received positively by senior advisers to the Myanmar Government, top officials in the civil service and senior university leaders during a mission by Dr Swan and Professor Peter Drysdale to Naypyitaw and Yangon in Myanmar from 24 February to 3 March. Crawford School Student Recruitment and Alumni Director Ms Billie Headon will lead a follow up mission to Myanmar to facilitate applications to the program next week.
“Our program will take in applicants from government departments, especially those heavily involved in the reform process from central agencies. Key challenges for the Myanmar government include the independence of the Central Bank, taxation and expenditure reform, and implementation of new foreign investment rules and other efforts to liberalise engagement with other countries.  Their policy advisors need substantial assistance in developing their capacity on this front.
“ANU has also established a relationship with the University of Yangon. They produce students with strong technical skills but are interested in taking up a public policy dimension in their education. Young professionals and students can now take their education to the next level at the Crawford School.”
Through the program, Crawford School and IDEC will aim to encourage and enhance the advancements the country has made toward reform.
“The Myanmar government has a strong commitment to the longer term development of its people and its willingness to provide a pathway for undertaking high level training in areas that can really contribute to the ongoing reform process in the country.
“We hope the program will assist development in the country. A strong complementarity that will flow from the program will be opportunities of collaborating in research projects in Myanmar, as well as the exchange of academics and possibly policy analysts between the two,” said Swan. 
Filed under:
News
ဇီးကုန်း အကြမ်းဖက်မှု
အကြမ်းဖက်အုပ်စုတွေ ဇီးကုန်းကို လာကြတာ ဘူဒိုဇာတွေပါပါတယ်။
ပလီတွေ အိမ်တွေကို မီးရှို့ ဖို့လုပ်တော့ ရပ်ကွက်လူခံတွေက ၀ိုင်းတားလို့ မီးတော့မရှို့ဘူး။ ဘူဒိုဇာနဲ့ ထိုးဖျက်သွားတယ်။
အကြမ်းဖက်အုပ်စုထဲမှာ သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးအတုတွေလည်း ဒါးလွတ်တွေ တရမ်းရမ်းနဲ့ အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေလိုက်ကြတာ။
ဗုဒ္ဓဘာသာ ဘုရားသားတော် သံဃာတော်တွေရဲ့  အရှက် သိက္ခာကို ချခွဲနေကြတယ်။
လုံထိမ်းတွေ ရဲတွေလည်း အဲဒီအနီးနားမှာ ရှိနေတယ်။ ဒါပမယ့် ဒီလိုပဲရပ်ကြည့်နေကြတာပဲ။ တားဆီးတာ ဖမ်းဆီးအရေးယူတာမရှိဘူး။
Here is the Neo-Nazi hate-monger in Saffron robe: Wirathu in 2003,
"We have a problem in Myanmar; we have a problem here in Mandalay. The problem is called Islam. There are many new Muslims in Mandalay from Pakistan [and Bangladesh]. These people are thieves and terrorists. They do not respect our religion and our women. We are Buddhist, and we are peaceful, but we must protect ourselves."
"Win Rathu works for the government," said one monk to Asia Times Online on strict condition of anonymity. "What he says is not Buddhist. What he does is not Buddhist. Very many monks do not support these views." Indeed, by his own admission, Wi Ra Thu's speech was not licensed or supported by his seniors among the clergy. One doubts as well that it is the clergy which finances his princely lifestyle.
If violence does once again break out, it will be agitators like Win Rathu at the lead. And this religious violence threatens to divert the world's attention from the real issue in Myanmar - the continuing deprivation of its people's prosperity by an unpopular military dictatorship.
http://www.atimes.com/atimes/Southeast_Asia/EJ21Ae01.html
အမုန်းတရားများ မရှိပါလျက် 
----------------------------------
"မိတ္ထီလာမြို့မှ အကြမ်းဖက်မှုမှာ လူ့အဖွဲ့အစည်းအားလုံးကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံ့ပုံရိပ်ညှိုးနွမ်းစေခဲ့သည်"
အောင်သူရရေးသား၍ သတင်းအဖွဲ့ ပံ့ပိုးသည်
ဖြစ်ရပ်(၁)
မီးလောင်ကျွမ်းနေသော သီရိမင်္ဂလာရက်ကွက်သို့ ကိုဖြိုးသန့်မင်းတစ်ယောက် မတ်လ၂၁ ရက် ညနေ ၄ နာရီခန့်က သွားကြည့်သည်။ အိမ်တစ်လုံးထဲတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ခိုလှုံနေရာမှ ထွက်မရဖြစ်နေကြောင်း လုံခြုံရေးဝန်ထမ်းများထံမှ သတင်းကြားပြီးနောက် ၎င်းကိုကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာသို့ သွားရောက်ပြီး အမျိုးသမီးအား လူအများ အစ္စလာမ်ဘာသာဝင်မှန်း သတိမထားမိရန် မျက်နှာကို ဆိုင်ကယ်စီးဦး
ထုပ်ဆောင်း၍ ဖုံးကွယ်ကာ ကယ်တင်ခဲ့ကြောင်း ကိုဖြိုးသန့်မင်းက ပြောသည်။
အမျိုးသမီးကို ကယ်ထုတ်ပြီးနောက် ပိတ်မိနေသော အစ္စလာမ်ဘာသာဝင်များထံမှ လာရောက်ကယ်တင်ပေးရန် ဖုန်းများဖြင့်
မကြာခဏ အကူအညီတောင်းခံခြင်းခံရသည်။ ထို့ကြောင့် အောင်မြင်သာစည်ကျောင်းမှ ဆရာတော်နှင့်အတူ ကားနှစ်စီးဖြင့် အစ္စလာမ်ဘာသာဝင် ၄၀ ကျော်အား ပိတ်မိနေသောအိမ်များမှ ထွက်ခွာနိုင်အောင်ကူညီကာ ခရိုင်အားကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။
“အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ဘာမှမရှိဘူး။ မဆိုင်တဲ့ လူတွေကို ကယ်တင်နိုင်ဖို့ပဲရှိတယ်” ဟု ထိုအချိန်က စိတ်ထဲဖြစ်ပေါ်ခဲ့ ပုံကို အသက်(၄၆)နှစ်အရွယ် ကိုဖြိုးသန့်မင်းကပြောသည်။ 
“ဘုန်းဘုန်းတွေပို့တာလည်းပါတယ်။ ဗုဒ္ဓဘာသာ ရပ်ကွက်ခေါင်းဆောင်တွေလည်း အားကစားကွင်းကို ပို့ပေးတာလည်းရှိတယ်” ဟု ပညာရေးကောလိပ်ရှိ အစ္စလာမ် ဒုက္ခသည်ခေါင်းဆောင် ကိုမောင်မောင်က ပြောသည်။
ဖြစ်ရပ်(၂)
အကြမ်းဖက်မှုများဖြစ်ပွားသည့် ဒုတိယနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီ။ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူနေထိုင်ရာ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ နေထိုင်သော မမြင့်တစ်ယောက် နေအိမ်မှ ထွက်ပြေးရန်  ပစ္စည်းများသိမ်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ် တုတ်၊ ဓားများ ကိုင်ဆောင်ထားသော တစ်ရပ်ကွက်တည်းနေ အစ္စလာမ်ဘာသာဝင်များ အိမ်ရှေ့သို့ရောက်လာသောအခါ ဆောက်တည်ရာ မရတော့။ သို့သော် သူတို့က မမြင့်ကို ရန်မမူဘဲ လုံခြုံသောနေရာတွင် သွားနေရန်ပြောလေသည်။ ပစ္စည်းများသိမ်းပြီး ဆွေမျိုးများရှိရာ ပကောရွာသို့ ထွက်ပြေးစဉ် လမ်း၌ကြောက်လန့်တကြား ချုံထဲတွင် ပုန်းနေသောအစ္စလာမ် ဘာသာဝင်များနှင့် ပက်ပင်းတွေ့ဆုံမိပြန်သည်။
“ နင့်တို့ကို ဘာမှမလုပ်ဘူး။ သွားစရာရှိတာသွားပါ” ဟု ပြောသဖြင့် သွားလိုသော နေရာသို့ဘေးကင်းစွာရောက်ခဲ့ကြောင်း အသက် ၄၁ နှစ်အရွယ် မမြင့်က အတွေ့အကြုံကိုပြန်လည်ပြောပြသည်။ 
ပြဿနာဖြစ်ပွားပြီး နှစ်ရက်အကြာ ဒုက္ခသည်စခန်းများသို့ရောက်သွားချိန်တွင်လည်း တစ်ရပ်ကွက်တည်း အတူနေခဲ့သူများနှင့်
ဘာသာမတူသော်လည်း သိကျွမ်းသူများအချင်းချင်း အပြန်အလှန်ကူညီကြသည်။
“အစ္စလာမ်ဘာသာဝင်တွေထားတဲ့ အမှတ်(၁) ရဲစခန်းရှေ့ရောက်တော့ အထဲကနေ လက်ထောင်ပြတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြန်ထောင်ပြတော့ ကွမ်းစားချင်လို့ ဆေးလိပ်သောက်ချင်လို့ ပြောတဲ့အတွက်ဝယ်ပေးခဲ့တယ်” ဟု မီးလောင်ပြာကျခဲ့ရသော ချမ်းအေးသာယာရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် ကိုအာကာက ပြောသည်။
ထို့အပြင် စခန်းထဲတွင်ရှိနေသူတစ်ဦးက ဆေးရုံတင်ထားရသော ကိုယ်ဝန်ဆောင်သည် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအတွက် အသုံးအဆောင်ပစ္စည်းများပို့ပေးရန် အကူအညီတောင်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့သည်။
“အိမ်တွေမီးရှို့ခံရတုန်းကတော့ ဒေါသဖြစ်တာပေါ့။ ဒုက္ခသည် စခန်းမှာတွေ့တော့ သနားသွားတဲ့အတွက် ကူညီပေးခဲ့တာ” ဟု ကိုအာကာက ပြောသည်။
ဒုက္ခသည်စခန်းမရောက်ခင် ပဋိပက္ခဖြစ်ပွားစဉ်ရက်များအတွင်း တစ်ရပ်ကွက်တည်း အေးအတူ ပူအမျှနေထိုင်ခဲ့ကြသော ဘာသာမတူသူများမှာ ခဏချင်း တုတ်၊ ဓားများကိုင် တစ်ဖက်နှင့်တစ်ဖက် ရန်သူများသဖွယ် နေ့ချင်းညချင်း ကူးပြောင်းခဲ့ကြသည်။ သူတို့မှာ တစ်ဦးနှင့်တစ်ဦး မုန်းတီး၍တော့မဟုတ်ဘဲ  မိမိကိုးကွယ်ရာ ဘာသာဝင်များအား ကာကွယ်ရန်နှင့် စိုးရိမ်စိတ်တို့ကြောင့် ယခုကဲ့သို့ လက်နက်များ ကိုင်ဆောင်လာခြင်းဖြစ်သည်။
ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည်မှာ ကျပ်တစ်သိန်းလေးသောင်းတန် ရွှေထည်ပစ္စည်းကို ငါးသောင်းပေးမည်ဟုဆိုကာ ရောင်းမှားဝယ်မှားဖြစ်ခဲ့ရာမှ စတင်ခြင်းဖြစ်သည်။ နယူးဝိန်စိန်ရွှေဆိုင်မှ ရွှေဆံကုတ် ၀ယ်ယူခဲ့သော ပြွန်ကောက်ကျေးရွှာမှ ဦးခင်မောင်ဝင်းနှင့် မအေးနိုင်တို့မှာ ထိုရွှေထည်အား ထိုဆိုင်မှ ဘောင်ချာဖြင့် ပြန်လည်ရောင်းချစဉ် ပြဿနာ ဖြစ်ပွားခဲ့သည်။
ဦးခင်မောင်ဝင်းတို့ ရွှေထည်အားဝယ်ယူရန် ရွှေဆိုင်က စစ်ဆေးရာတွင် ပဲ့သွားခဲ့သဖြင့် မူလပြောထားသော သတ်မှတ်ထားသည့် ဈေးမပေးတော့ရာမှ စတင်ကာ အချင်းများကြပြီးဆိုင်ရှင်က ဦးခင်မောင်ဝင်းအားကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ရာ ၎င်းမှာ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။
ထိုသို့ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ကို မြင်တွေ့ခဲ့သူများက ဆိုင်ရှင်ဇနီးမောင်နှံအား ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသော်လည်း မကျေနပ်သဖြင့် ထိုနေ့မွန်းလွဲပိုင်းတွင် လူများက စုဝေးပြီး ထိုရွှေဆိုင်အပါအ၀င် ကပ်လျက်ဆိုင်ခန်းအား အကြမ်းဖက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပဋိပကမ္ခများ ပိုမိုကြီးထွားလာပြီး ယင်းနေ့ညနေ ၅ နာရီခန့်တွင် သာစည်မြို့နယ်၊ ဟံဇားကျေးရွာ ကျောင်းမှသက်တော် ၄၅ နှစ်ရှိ ဆရာတော် ဦးသောဘိတမှာ ယဉ်ကျေးလိမ္မာကျောင်းအတွက် စာအုပ်ဝယ်ရန် မိတ္ထီလာမြို့သို့ လာရောက်စဉ် အစ္စလာမ်ဘာသာဝင် အချို့က ရိုက်နှက်သဖြင့် ပျံလွန်တော်မူခဲ့သည်။
“သံဃာတစ်ပါး သွေးမြေကျသွားတဲ့ ကိစ္စကြောင့်ပါ။ အစတုန်းကတော့ ဗလီတွေဘက် ပစ်မှတ်မရှိကြဘူး။ ပစ်မှတ်မရှိတဲ့ အကြောင်းလည်း လူအုပ်ကြီးက သတိပေးထားပါတယ်။ သံဃာတော်တွေကလဲ ကတိပေးထားပါတယ်။ အဲဒီအချိန်မှာ မဆီမဆိုင် သံဃာတစ်ပါးသွေးမြေကျတာနဲ့ ပတ်သက်ပြီးတော့ ပစ်မှတ်ပြောင်းသွားတာပေါ့” ဟု ဆရာတော်ဦးဝီရသူက သူ၏အမြင်ကို မိန့်သည်။ 
သို့သော် နောက်ပိုင်းရက်များတွင်မူ မြို့ခံများပင် မသိသော စာသင်သားငယ်ဖြူမှန်း မသိသောသူများ ၀င်ရောက်လာခဲ့ပြီးနောက် ပြဿနာမှာ ကြီးသွားခဲ့သည်ဟု ဆရာတော်ဦးဝီရသူက မိန့်သည်။ မြို့ခံများကလည်း မတ်လ ၂၁ ညနှင့် ၂၂ ရက် အခြေအနေများမှာ ရှုပ်ရှုပ်ထွေးထွေးဖြင့် အကြမ်းဖက်မှုများ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့ကြောင်း ဆိုကြသည်။
“တတိယနေ့ကတော့ ပယောဂ ၀င်ပူးသွားပြီ” ဟု ဆရာတော်ဦးဝီရသူက မှတ်ချက်ပြုသည်။ ထို့ကြောင့် ရွှေဆံကုတ်အရောင်းအ၀ယ်မှ စတင်ခဲ့သော အကြမ်းဖက်မှု သုံးရက်အတွင်း လူပေါင်းများစွာသေဆုံးခဲ့ကာ ဒဏ်ရာရသူဦးရေ များစွာရှိပေါ်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်တွင် မရိုးသားမှုအချို့နှင့် ရည်ရွယ်ချက်ရှိရှိ နောက်ကွယ်မှကြိုးကိုင်သူအချို့ ရှိနိုင်သည်ဟု ခန့်မှန်းသူများရှိသော်လည်း အစိုးရအနေဖြင့် ဖော်ထုတ်အရေးယူပြနိုင်ခြင်းမျိုး မရှိသေးပေ။ 
ပြဿနာဖြစ်ပွားနေစဉ်တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များ၏ ကိုင်တွယ်မှုများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ငယ်ငယ်က စပါးခင်းထဲမှာ ချထားတဲ့ စာခြောက်ရုပ်ထက်မပိုပါဘူး။ ဓားနဲ့ခုတ်လည်း ကြည့်နေတယ်။ မီးရှို့လည်း ကြည့်နေတယ်” ဟု ဒေါက်တာစန်းလှိုင်က မှတ်ချက်ပြုသည်။
“ဒီပြဿနာ ကြီးထွားလာတာ ဆက်ပြီးဖြစ်လာတာက အုပ်ချုပ်သူတွေက အချိန်မီမဖြေရှင်းနိုင်တဲ့သဘော ဖြစ်သွားတယ်။ 
နောက်ကွယ်ကလည်း ပယောဂဆိုတာမျိုးလည်းပါနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးက ဖြစ်တယ်ဆိုရင် ဖြစ်ဖြစ်ချင်း ကိုင်တွယ်ဖြေရှင်းတာမျိုးက အကောင်းဆုံးပဲ” ဟု ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်အမတ် ဦးအေးမောက်က ပြောသည်။
ထို့ကြောင့် မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင် ငွေကြေးပြည့်စုံသူများနှင့် လူလတ်တန်းစားများနေထိုင်သည့် သီရိမင်္ဂလာရပ်ကွက်၊ ဆင်းရဲသား အများစုနေထိုင်သော ရန်မျိုးအောင်ရပ်ကွက်၊ ချမ်းအေးသာစံ ရပ်ကွက်တို့မှာ မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဖက်စလုံးတွင် သေဆုံးသူများရှိခဲ့သည်။
သာမန်အရောင်းအ၀ယ်မှ စတင်ပြီးသုံးရက်ကြာဖြစ်ပွားခဲ့သော ထိုအကြမ်းဖက်မှုကြောင့် လူ ၃၂ ဦးသေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အခုနောက်ဆုံးစာရင်းအရ သေဆုံးသူမှာ ၄၀ အထိ တိုးလာပြီဖြစ်သည်။ တရားခံဟု သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးထားနိုင်ခဲ့သော်လည်း အခင်းဖြစ်ပွားရာတွင် အဓိက ပြစ်မှုကျူးလွန်သူအချို့ကိုမူ မဖမ်းဆီးနိုင်သေးပေ။ ထိုပြဿနာဂယက်ကြောင့် လယ်ဝေးမြို့ ရုံးပင်ကျေးရွာနှင့် ရမည်းသင်းမြို့နယ်ရှိရွာတန်းနှင့် ရွေဒါးသာစည်ကျေးရွာတို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။  ထိုအကြမ်းဖက်မှုများမှ တရားခံဟု ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးအရေးယူထားသည်။ 
မိတ္ထီလာမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၉၆၄၄ ကျော်အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ကြရသည်။ နိုင်ငံတော်အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော် အကူအညီစတင်ယူခဲ့သည့် နေ့မှစ၍ တည်ငြိမ်စပြုလာသော်လည်း  ရပ်ကွက်များ ဒုက္ခသည်စခန်းများတွင်မူ ဒေသခံများက စောင့်နေရဆဲဖြစ်သည်။
အစ္စလာမ် ဘာသာဝင်များအား ခရိုင်အားကစားကွင်း၊ စာသင်ကျောင်းများတွင်ထားပြီး အပြင်ထွက်ခွင့်မပေးသေးပေ။ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်များမှာမူ ဘုန်းတော်ကြီးကျောင်းတွင် အများစုနေထိုင်ကြပြီး အချို့မှာ သစ်ပင်အောက်များတွင် နေထိုင်လျက်ရှိသည်။
ထိုကဲ့သို့သော ပြဿနာများ ဆက်လက်မဖြစ်ပွားရန် အစိုးရအပြင် သက်ဆိုင်ရာဒေသတွင်းရှိသော ဘာသာရေးနှင့် လူမှုခေါင်းဆောင်များကပါ ထိန်းသိမ်းကူညီပေးရန်လိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေနမ်ဘီးယားက အကြံပြုသည်။ 
“လူမျိုးရေးကို အခြေခံတဲ့ ဒါမှမဟုတ် ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခမျိုးတွေဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရား၊ ကရုဏာတရားစတဲ့ စိတ်နေသဘောထားတွေကိုလည်း အများက မေးခွန်းထုတ်လိမ့်မယ်။ အချုပ်ပြောရရင် တစ်တိုင်းပြည်လုံးအတွက် ရှက်စရာ ကောင်းပါတယ်” ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။
သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဖြေလျှော့အောင် မလုပ်နိုင်ခဲ့မှုမှာ အဓိက အားနည်းချက်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက သုံးသပ်သည်။  
“ဒီလိုရောယှက်နေတဲ့ နေရာမှာတော့ ပြဿနာတွေရှိတတ်ပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ လူတွေက အရမ်းစိုးရိမ်နေတယ်။ အရမ်းကြောက်နေတာတွေ တွေ့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးတဲ့စိတ်တော့ မတွေ့ရဘူး” ဟု ဒုက္ခသည်စခန်းများအားလှည့်လည်ကြည့်ရှုပြီးနောက် နမ်ဘီးယားက ပြောကြားသည်။
သို့သော်အစ္စလာမ်ဘာသာဝင်များ ရောယှက်နေသည့် မိတ္ထီလာမြို့ပေါ် ရပ်ကွက်များရှိ  ဗုဒ္ဓဘာသာဝင်နေအိမ်များ၊ ကားများနှင့် ဆိုင်ကယ်များတွင်မူ သာသနာအလံများ ထောင်ထားခြင်းများ ပြုလုပ်ထားကြသည်ကို
တွေ့ခဲ့ရသည်။ ကြင်နာပြီး၊ ကြင်နာသနားတတ်သည်ဟု သတင်းကြီးခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံသားအချင်းချင်း ထိုမျှရက်ရက်စက်စက် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံ့ပုံရိပ် ညှိုးနွမ်းစေခဲ့သည်။ ဒီမိုကရေစီနိုင်ငံကို ဦးတည်ဖော်ဆောင်နေချိန်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများမှာ လုံးဝမဖြစ်သင့်ဘဲ၊ နောက်ကွယ်မှ ကြိုးကိုင်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားရန်၊ သွေးထိုးလှုံ့ဆော်သူများ၏ ထောင်ချောက်အတွင်း မကျရောက်ရန်မှာ နိုင်ငံသားတစ်ဦးချင်းဆီမှစကာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ကောလဟလမျိုးစုံထွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တည်ငြိမ်အောင် အစွမ်းကုန်ထိန်းသိမ်းနေချိန်တွင်၊ မိမိနေထိုင်ရာ ရပ်ကွက်၊ မြို့၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးမှာ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပြီး ကောလဟလများကို မယုံကြည်ဘဲ တည်ငြိမ်အေးချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြရန် ပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။
"အဓိကကတော့ အားလုံးက ကျွန်တော်တို့မြန်မာတွေ၊ လူသားတွေချည်းပဲဆိုတာကို အခြေခံပြီး စဉ်းစားလိုက်ရင် အမုန်းတရားလည်း မရှိနိုင်တော့ပါဘူး" ဟု မိတ္ထီလာမြို့ခံတစ်ဦးကပင် ပြောသည်။
အမုန်းတရားများ မရှိပါလျက် ပြဿနာဖြစ်ခဲ့ကြသော်လည်း အားလုံးစိတ်ထဲတွင်မူ ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ပြီး ယုံကြည်မှုပြန်လည်တည်ဆောက်ရန်မှာ အရေးကြီးဆုံးဖြစ်ပေသည်။             ။
အမုန်းတရားများ မရှိပါလျက်
------------------------------
----