Thursday 21 March 2013

ဘာသာရေး ပဋိပက္ခတွေ ၊ အကြမ်းဖက်မှုတွေ နောက်ကွယ် က ပယောက ဆရာကြီးများ




ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့ ပြည်သူတွေ တောင်းဆိုနေစဉ် မှာ ပဲ ရခိုင်ပြည်နယ် မှာ ဘာသာရေး ပဋိပက္ခတွေ ၊ အကြမ်းဖက်မှု တွေ ပြင်းထန်လာခဲ့တယ်။ ထို့ အတူ လက်ပံတန်းတောင်ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတွေ တောင်းဆိုမှု နေစဉ်မှာ ပဲ ဘာသာရေး ပဋိပက္ခတွေ၊ အကြမ်းဖက်မှု တွေ နေရာတော်တော်များများမှာ  နေ့စဉ် ဆိုသလို ပြင်းထန်လာခဲ့ပြန်တယ်။ 

အခုလည်း မိထ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခဟာ နောက်ကွယ် က သွေးထိုးလှုံ့ဆော်ပြီး၊ ဘာသာရေး အဓိကရုဏ်းတွေဖန်တီးသည့် ခြေရာလက်ရာတွေ ကို တွေ့နေရပြန်တယ်။


ဒီလို  ဘာသာရေး ပဋိပက္ခတွေ ၊ အကြမ်းဖက်မှု  တိုက်ဆိုင်မှုတွေ ကို လေ့လာကြည့် ခြင်းအားဖြင့် မြန်မာနိုင်ငံ မှာ စီမံကိန်းကြီးတွေ ကို အများဆုံး ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နေတဲ့ တရုတ်ကုမ္ပဏီများ အပေါ် မြန်မာလူထု က မုန်းတီးမှုတွေ ကြီးမားလာနေစဉ်မှာ ပဲ၊  ဒီလို မုန်းတီးမှုတွေ လျော့ကျ စိတ်အာရုံပြောင်းလွှဲသွား အောင် အဖွဲ့အစည်းတခု ကနေ စနစ်တကျ  နောက်ကွယ် က ပူးပေါင်းလုပ်ဆောင် နေကြကြာင်း တရုတ်-မြန်မာဆက်ဆံရေး ကို စောင့်ကြည့် လေ့လာသူတွေ က သံသယဖြစ်နေကြတယ်။


တရုတ်အစိုးရ က ဒီစွပ်စွဲချက်တွေ ကို ငြင်းဆိုခဲ့ပေမဲ့၊ မြန်မာ့အရေးလေ့လာနေသူတွေ က တော့ မြန်မာနိုင်ငံ မှာ  ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေ ရဲ့  နောက်ကွယ်ကနေ စနစ်တကျ ဖန်တီးသည့် ခြေရာလက်ရာတွေ၊ ပယောက တွေ ရှိနေတယ်လို့ ယူဆပြောဆိုနေကြတယ်။


 ဒီလို ဘာသာရေး ပဋိပက္ခတွေ ၊ အကြမ်းဖက်မှုတွေ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် တရုတ်ကုမ္ပဏီ အပေါ် မြန်မာလူထု က မုန်းတီးမှုတွေ ကို လျော့ကျလာမှာ မဟုတ်သလို၊ တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုတင်းမာလာစေမှာ ဖြစ်ကြောင်း တရုတ်-မြန်မာဆက်ဆံရေး ကို စောင့်ကြည့် လေ့လာသူတွေက သတိပေးပြောဆို နေကြပါတယ်။

1 comment :

Anonymous said...

နင့်မေနှမလိုး .. စောက်တရေးနိုး သောက်စရာအရက်မရှိလို့ ကရောက်ခြောက်ခြား ရေးမိရေးရာတွေ လျှောက်ရေးနေတာလား။ ဦးနှောက်မရှိတဲ့ စောက်သတောင်စား ကလေကခြေ