Thursday, 21 March 2013

ကဗျာ



ငါကိုငါရှာဖွေခြင်း သို့ မဟုတ် ငါတယောက်ထဲဖတ်ဖို့ ကဗျာ 
 
အနောက် နိင်ငံတွေ ဘာကြောင့်ချမ်းသာ တာလဲ။
ငါဒို့ ဘာကြောင့်ဆင်းရဲ ရသလဲ။

အနောက် နိင်ငံတွေ ဘာကြောင့် သုခ တွေခံစားနေရသလဲ ။
ငါဒို့ ဘာကြောင့်ဒုက္ခတွေနေစဉ်ရင်ဆိုင်ကြုံတွေနေရသလဲ။

သူတို့ က ဘာကြောင့်ပျှော်ရွှင်နေသလဲ ။
ငါတို့ က ငို နေသလဲ။

အဖြေကတော့ရှင်းပါတယ်။
သူတို့ က သူတို့ ဘုရား စကားကို နားထောင်တယ်။

ငါတို့ က ငါတို့ ဘုရားဟောတာကိုနားမထောင်ဘူး။
ကိုယ်ကိုနိပ်စက်နေတဲ့ကောင်တွေပြောတာကိုပိုနားထောင်တယ်။

ဘုရားဟောတဲ့အတိုင်း သူတို့ က တသွေမတိမ်းလုပ်တယ်။
ငါတို့ က တလွဲ လုပ်တယ်။

သူတို့ က ဘုရားနှုတ်ကပတ်တော်ကို နှလုံးသားမှာရေးတယ်။
ငါတို့ က ဘုရား ဟောတွေကို ညစ်ပတ်နေတဲ့ နံရံတွေမှာရေးထားကြတယ်။


သူတို့ က  ဘုရားကို တိုးတိုးလေးရှစ် ခိုးတယ်။
ငါတို့  က ဘုရားကို  ခုနစ်အိမ်ကြားရှစ်အိမ်ကြားရှစ်ခိုးတယ်။

သူတို့ က ဘုရားကို  ရိုးရိုးပဲရှစ်ခိုးတယ်။
ငါတို့ က  ဘုရားကို အသံချဲ့ စက်နဲ့ ရှစ်ခိုးတယ်။

သူတို့ က တောကိုသွားတယ်။
ငါတို့ က မြို့ မှာပဲခြေကျင်လိမ်နေတယ်။

သူတို့ က မရှိတဲ့သူကို ကူညီတယ်။
ငါတို့ က မရှိတဲ့သူတွေ ကို မကူညီဘူး။

သူတို့ က အိမ်ရှေ့ လမ်းမ မှာ  တံပျက်စီးလှဲတယ်။
ငါတို့  က ဘုရားမှာ တံပျက်စီးလှဲတယ်။

သူတို့ က တရားကို ပြန့် ပွားအောင်လုပ်တယ်။
ငါတို့ က ဘုရား တွေ များ သတဲ့များအောင်တည်တယ်။ 

သူတို့ က တရားကို ကြီးသထက်ကြီးအောင်လုပ်တယ်။
ငါတို့  က ဘုရာရုပ်ထု ကို ကြီးသထက်ကြီးအောင်လုပ်တယ်။

သူတို့ က လူတွေကို ကျွေးတယ်။ 
ငါဒို့ က  ဘုရားကိုကျွေးတယ်။

သူတို့ က သမာကျမ်းစာအုပ်ကို အလကားပေးတယ်။
ငါတို့ က ဘုရား ရုပ်ထု ကို ဈေးကောင်းကောင်းနဲ့ရောင်းစားကြတယ်။

သူတို့ က သမာကျမ်းစာအုပ်ကို လူတိုင်းဖတ်နိင်အောင်လုပ်ထားတယ်။
ငါတို့ က ပါဌိပါသာဒ်နဲ့  ဖတ်လို့ ကို မရအောင်ဖြစ်နေကြတယ်။

သူတို့  ကျမ်းစာတွေက လေ့လာစရာပိုချကြတယ်။ 
ငါတို့  က ဘုရားဟော စာအုပ်တွေကို  အလှပြကာ  ရွှေချ ကြတယ် ။

သူတို့ က ကျောင်းတွေ  ၊ ဆေးရုံ တွေ၊ စာကြည့်တိုက်တွေကို သတယ်။
ငါတို့ က ဘုရားကို ရွှေ ချတယ်။

သူတို့ က မြေတွေကို ဝေတယ်။
ငါတို့ ကမြေတွေကို သိမ်းတယ်။

သူတို့ ခရီးသွားရင်မြေပုံကြည့်တယ်။
ငါတို့ ခရီးသွားရင် ဂါထာရွတ်တယ်။

သူတို့ က တိရိစ္ဆာန်တွေကိုသနားတယ်။
ငါတို့ က တွေ့ တဲ့အကောင်အကုန်စားတယ်။

သူတို့ က နတ်ပြည်ကို အိမ်ထဲ ကို ခေါ်ထားဖို့ လုပ်နေကြတယ်။ 
ငါတို့ က အိမ်တွေ ပြစ်ပြီး နတ်ပြည်ကို သွားဖို့ လုပ်ကြတယ်။

သူတို့  က ဘုရားကို မကြောက်ဘူး။ ချစ်တယ်။ 
ငါတို့ က ဘုရားကို ကြောက်တယ်။ မချစ်ဘူး။

သူတို့ က ဘုရားကို အမြဲသတိရ
ငါတို့ က ဘုရားကို ဒုက္ခရောက်မှာ တမ်းတ။

ငါတို့ က ကိုယ်ကျိုး အတွက် ဘုရားကို အသုံးချတယ်။ 
အာဏာရဖို့ ဘုရားကို အသုံးချတယ်။ 
ငွေရဖို့ အသုံးချတယ်။
မိန်းမ ရဖို့ အသုံးချတယ်။
စာမေးပွဲအောင်ဖို့ အသုံးချတယ်။
ရေမကြီးဖို့ မီးမလောင်ဖို့ အသုံးချတယ်။
အရောင်းအ၀ယ်ကောင်းဖို့ အသုံးချတယ်။

ဘုရားက သမာအာဇီဝလို့ ဟောတယ်။
ငါတို့ က အလေးခိုးတယ်။ ဆေးဆိုး တယ်။

သူတို့ က ရန်ဖက်ကို မိတ်ဆွေလုပ်တယ်။
ငါတို့ က မိတ်ဆွေကို ရန်သူဖြစ်အောင်လုပ်တယ်။


အဆင်မပြေ တာ ကို သူများကိုလွဲချနိင်ဖို့ ဘုရားကို အသုံးချတယ်။
ဘုရားက လူတိုင်းကို ချစ်ဖို့ ဟောတယ်။
ငါတို့  က မုန်းဖို့  ကြိုးပန်းနေကြတယ်။

လူသားတိုင်းကို မေတ္တာ ထားဖို့ ဟောကြားခဲ့တယ်။
ငါ တို့  က တော့  အဘိဇာပွားနေကြတယ်။

ဘုရားက ရုပ်နဲ့နမ် ကို တည့်တည့်ရှု့ ဖို့ ပြောတယ်။
ငါတို့ က အမျိုးသားရေး ကို ကြည့် ကြ တယ်။

ဘုရားက ပြသနာ  ကို  ခန̔ာကိုယ်မှာ ရှာဖို့ ဟောတယ်။
ငါတို့ က ပြသနာ တိုင်းကို သူများ ခနာကိုယ်မှာရှာနေကြတယ်လေ။

ဘုရားက မဂင်ရှစ်ပါး
သစ္စာ ၄ ပါး လို့  ဟောခဲ့တယ်။
ငါတို့  က ၉ ၆၉  လို့  ရှုပ်ထွေးအောင်လုပ်တယ်။

ဒီတော့ ....။
ငါဆင်းရဲ တာဘာဆန်းလဲ
ငါဒုက္ခရောက်တာဘာဆန်းလဲ ။
ငါငို နေတာဘာဆန်း လဲ။


မိုးသီးဇွန်

18

5 comments :

Tomahawk said...

What a brilliant poem. That is freaking awesome Mr.Moethee.
You are such a great talented warrior.
Your words are awesome and very truthful.

Anonymous said...

သောက်ရူး မိုးသီးဇွန်

Anonymous said...

သူတို့ က တောကိုသွားတယ်။ ငါတို့ ကNew York မြို့ မှာပဲခြေကျင်လိမ်နေတယ်။

Anonymous said...

Haaa, stupid guy
because of u guys myanmar is not peaceful upto now.

Anonymous said...

ငါလိုးမသား မိုးသီးဇွန်
မင်းတစ်ယောက်ထဲ ဖတ်မဲ့ကဗျာကို
အင်တာနက်ပေါ်လာမတင်နဲ့ကွာ
စောက်ပေါ ၊ ကိုယ့်စိတ်နဲ့လာမနှိုင်းနဲ့ကွာ
မင်းရေးထားတဲ့ကဗျာက မင်းလို အမေကျော်ထွေးတော်လွမ်းသူတွေဆီမှာပဲရှိတာကွ
မင်းဟာတော်တော် မကောင်းမြင်တတ်တဲ့ ဇောက်ထိုးတစ်ကောင်ပဲကွာ....မင်းအမေလိပ်စာပေးကွာ မင်းကို ကန့်လန့်မွေးခဲ့သလားလို့ ငါသွားမေးမယ်...