Sunday 31 March 2013

ဒီနေ့ သတင်းများ

ပဲခူးအနောက်သို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ကူညီရန်ခရီးစဉ်ဒေသအခြေအနေကြောင့် သာယာဝတီမှလှည့်ပြန်ရ
( The Hot News )

မတ်လ ၃၀ ရက် နံနက်ပိုင်း တွင် ဆရာတော်ဦးပြည်ကျော်ဦးစီး  သော သံဃာတော် ၁၀ ပါးနှင့် နိုင်ငံရေးအကျဉ်းသာဟောင်းများ အဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ကိုသောင် ကြီး၊ ကိုကျော်စိုးလင်း၊ ကိုစိုးမိုးတို့ သည် မော်တော်ယာဉ်နှစ်စီးဖြင့်  ပဲခူးတိုင်းဒေသကြီးတွင်းရှိမြို့နယ်  အချို့သို့လူသားချင်းစာနာမူခရီး ထွက်ခွာခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး စစ်ကွင်း၊  မင်းလှ၊ မိုးညို၊ အုတ်ဖိုကြို့ပင် ကောက်၊ နတ္တလင်းဇီကုန်း၊ သဲကုန်း၊  ပုတီးကုန်းမြို့နယ်များတွင် အိုးအိမ်  အဖျက်ဆီးခံရသော ဒုက္ခလသည် များကို ထောက်ပံလှူဒါန်းရန်  ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ထောက်ပံရန်ကားတစ်စီးတိုက်ပစ္စည်း   များမှာ သောက်ရေသန့်များ၊ စောင်များ၊ အ၀တ်အထည်များ၊ ဆေးဝါများစားသောက်ဖွယ်ကုန် ခြောက်ရိက္ခာများ စုစုပေါင်းကျပ် သိန်း ၅၀ ဖိုးခန့်ရှိသည်။
အဆိုပါသံဃာတော်နှင့် နိုင်/  ချုပ်တို့ စီးနင်းလိုက်ပါလာသော  မော်တော်ယာဉ်နှစ်စီးကို သာယာ ၀တီမြို့နယ်မှ ကြိုတင်စောင့်ဆိုင်း နေသော မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းနိုင်နှင့် အဖွဲ့သည် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီးနောက် ရှေ့ဆက် မည့်ခရီးအတွက် သံဃာတော်များ  ဆက်လက်မသွားသင့်သော အခြေအနေဖြစ်နေပါ၍ အလှူ ပစ္စည်းများကိုလည်း ကိုယ်စား ဆောင်ရွက်ပေးမည့်တာဝန်ရှိအဖွဲ့ အစည်းထံသို့သာလွှဲပြောင်းပေး ကြပြီး သာယာဝတီမြို့မှ နောက်ကြောင်းပြန်စေလိုပါကြောင်း  လျှောက်ထားတားမြစ်ခဲ့ကြသည်။  ရဲမှူးဦးသိန်နိုင်မှ ဆက်လက်ပြော ကြားရာတွင် နောက်၃/၄ ရက် အကြာဒေသတည်ငြိမ်အေးချမ်း သည့်အချိန်အခါတွင် ပြန်လည် လာရောက်နိုင်ပါကြောင်းနှင့် ၎င်းမှ အကူအညီပေးမည်ဖြစ်ကြောင်း  လျှောက်ထားတောင်းပန်းခဲ့မှုကြောင့်  သံဃာတော်ဦးပြည်ကျော်နှင့် နိုင်/ချုပ် အဖွဲ့မှ လှူဒါန်းထောက် ပံ့မည်ပစ်္စည်းများကို သာယာဝတီ  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုဦးစီးမှူးထံသို့ စာရင်းဇယားနှင့်  တကွလွှဲပြောင်းပေးအပ်ခဲ့ပါသည်။       ယခုပေးအပ်ထောက်ပံ့သော လှူဒါန်းမှူးများကိုCAMELINTERNRTIONAL,TOE မော်တော်ယာဉ်ရောင်း/၀ယ်ရေးး စိုးစံမော်တော်ယာဉ်ရောင်း/၀ယ် ရေးတို့နှင့်Hot News Jouryတို့မှ ၀ိုင်းဝန်းကူညီထည့်ဝင်လှူဒါန်း  ပေးခဲ့ကြောင်းလည်း သိရသည်။

ဥယျာဉ်မှူး

http://www.hotnewsweekly.com/archives/19086
ပဲခူးအနောက်သို့နိုင်ငံရေးအကျဉ်
းသားဟောင်းများအဖွဲ့ချုပ်၏ကူညီရန်ခရီးစဉ်ဒေသအခြေအနေကြောင့် သာယာဝတီမှလှည့်ပြန်ရ

 Myanmar Peace Center ငွေကြေး အရှုပ်တော်ပုံ စတင်ကြားနေရခြင်း

ဟုတ်၍ ကျော်သော MPC  ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။

ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။

MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။

ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation  က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။

ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား 

ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။ 

အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။

NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ        Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။ 

ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို  စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

- MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။

- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။

- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project  များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။

- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ 

ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

မောင်နိုင်အောင် (အမိမြေ)။

ထ ထမနဲ တပို့ တွဲ ။

 မေတ္တာပါရမီ ဘုန်းကြီးကျောင်း ( နယူးယောက်)က ထမနှဲ ပွဲ ပါ။ ဒီကျောင်းကဆရာတော်ကတော့ နတ်ဇောပါ။ ၂၀၀၇ ကိုယ်တော်နဲ့  ၈၈ တွေပေါ့။
မေတ္တာပါရမီကျောင်း ကို ဂျူးး မောင်နှံက ကမကထပြုထည်တားပေးတာ။ ဒီကျောင်းကိုလာတဲ့ သူတွေထဲမှာ လူမျိုးပေါင်းစုံပါတယ်။ အားလုံး ချစ်ချစ်ခင်ခင်ပါပဲ။ ထမနဲ ပွဲမှာ ဗမာ၊ ကရင်၊ တရုပ်၊ ရခိုင် ၊ရော မူစလင်၊ ခရစ်ယန်၊ ဂျူး အကုန်လာကြပါတယ်
ကျနော်တို့ မေတ္တာတရားကို ကျယ်ပြန့် သထက်ကျယ်ပြန့် အောင်ကြိုးစားနေကြပါတယ်။  

ဂျူးအဖိုးကြီးတယောက်က   ဗုဒဘာသာဟာ မေတ္တာ နဲ့ ကြင်နာမှုလို့  ငါဒို့ နားလည်ထားတယ်။ 
ဒါပေမဲ့ မင်းတို့ တိုင်းပြည်မှာ ခုတလောဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဗုဒဘာသာဝင်တွေ
ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တော့မယ်လို့ ဆိုပါတယ်။ သူက ဒီဘုန်းကြီးကျောင်းဖြစ်လာဖို့ ကမကတ ပြုပေးထားသူဖြစ်ပါတယ်။ 

1

1 comment :

Anonymous said...

http://www.myanmarexpress.net/2013/03/blog-post_2695.html
“၉၆၉-အဓိပ္ပါယ်”
(၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။
တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
(၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ ဖြစ်သည်။
“၉၆၉-၏ ပန်းတိုင်”
၉၆၉-၏ ပန်းတိုင်”
(၉၆၉)၏ အဓိကပန်းတိုင်မှာ အမျိုးဘာသာ သာသနာအဓွန့်ရှည် တည်တန့်ခိုင်မြဲရေး ဖြစ်သည်။
တိုင်းရင်းသူဦးရေ မလျော့ပါးရေး
တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး
တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. တို့သည် (၉၆၉)၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တန့် ခိုင်မြဲရေးတွင် အကျုံးဝင်သည်။
“၉၆၉-လုပ်ငန်းစဉ်”
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်/မြေ အငှားထား ရောင်းချခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ခြင်း၊
အိမ်ဖော်၊ အလုပ်သမား ငှားသည်ဖြစ်စေ၊ အိမ်ဖော်အလုပ်သမား လုပ်သည် ဖြစ်စေ- ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ ငှားရမ်းလုပ်ကိုင်ခြင်း-များကိုသာ ဦးစားပေး ဟောပြောစည်းရုံးသည်။
“၉၆၉-မူဝါဒ”
(၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
(၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ်ချသည်။
(၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
(၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထားလေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေးတွင် ပါဏာတိပါတကံ (သူ့အသက်မသတ်ရ ပညတ်ချက်) ပါဝင်သည်။
(၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသော လက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ရှိသည်။
(၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။
(၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ။
(၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။
(၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။
(၉၆၉) အဖွဲ့ဟု အများသိသော မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက် အဖွဲ့သည် မိတ္ထီလာမြို့သို့  မရောက်သေးသလို၊ (၉၆၉)တံဆိပ် စတေကာများလည်း မိတ္ထီလာမြို့မှာ ဖြန့်ဝေထားခြင်း လုံးဝမရှိပါ။
သို့ ဖြစ်ပါ၍ (၉၆၉)သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် အပြစ်ကင်းစင်သော ဂုဏ်ပုဒ်များဖြစ်သလို၊ ဗုဒ္ဓဘာသာဝင်တို့ အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်သော၊ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုး တန်ဖိုးထားသော အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာမြတ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် (၉၆၉)ဆိုင်းဘုတ်များကို ဖြုတ်ချ ဟန့်တား နှောက်ယှက်ခြင်းဖြင့် ဗုဒ္ဓသာသနာကို မစော်ကားမိဖို့