Saturday 30 March 2013

စနစ်တကျ စီစဉ်ထားတဲ့ ထိုင်း၊ မြန်မာ စီမံကိန်းများ အကြောင်း တစေ့တစောင်း



စနစ်တကျ စီစဉ်ထားတဲ့ ထိုင်း၊  မြန်မာ စီမံကိန်းများ  နှိုင်းယှဉ် အညွှန်းပြမြေပုံ 
Changes require actions on the ground, not on media or speeches.
" The central requirement for the improvement of governance and institutional quality in Burma is the removal of the military from its central position of power."


" ပြီးခဲ့တဲ့ နှစ် က စပြီး မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေကြပြီလို့ မြန်မာ့အရေးလေ့လာသူ အများက သုံးသပ်ပြောဆိုခဲ့ကြတယ်။  တချို့ ပညာရှင်တွေ က တော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့  စမ်းသပ်ခန်းထဲ မှာ ရောက်နေပြီလို့ ဝေဖန် သုံးသပ်ခဲ့ကြပြန် တယ်။ 

 မြန်မာနိုင်ငံ ဟာ ပြုပြင်ပြောင်းလဲရေး ကို တကယ်ပဲ ဦးတည်နေသလား၊ အလောင်းကောင် ကို မိတ်ကပ်ဖို့ နေတဲ့ အစမ်းသပ်ခံ အဆင့်မှာ ပဲ ဒီမိုး၊ ဒီလှေ ဒီလူတွေနဲ့ ပဲ ရှိနေအုန်းး မလားဆိုတာ က မေးခွန်း ထုတ်စရာ ဖြစ်နေတယ်။ "

 -မြတ်စိုး-

၃.၃၀.၂၀၁၃

ထိုင်းနိုင်ငံ မှာ မနေ့ က အခြေခံ အဆောက်အအုံတွေ ဖွဲ့ဖြိုးတိုးတက်အောင် ကို တိုးချဲ့ ည့် မီဂါ စီမံကိန်း ( သို့ ) ဧရာမ စီမံကိန်းကြီးတွေ နဲ့ ပက်သက်ပြီး၊     ထိုင်းလွှတ်တော်  မှာ အချေအတင်ဆွေးနွေး သုံးသပ်ပြီး နောက် ထိုင်းဘတ်ငွေ နှစ် ထွီလီယံ ကုန်ကျခံ သုံးစွဲသွားဖို့ အတည်ပြုလိုက် တယ်လို့ ထိုင်းသတင်းစာကြီးတွေ မှာ ရေးသားဖော်ပြခဲ့ကြတယ်။  ဒီစီမံကိန်းကြီးတွေ ကို ပညာရှင်တွေရဲ့ ရှု့ထောင့်မျိုးစုံ၊ ဒေသခံတွေရဲ့ ဆွေးနွေးတင်ပြချက်များ အပြင် အစိုးရ  နှင့် အတိုက်အခံတွေပါတီတွေ ရဲ့  အချေအတင် ဆွေးနွေးချက်တွေ ကို လူထု အများ သိရှိအောင် ထိုင်းရုပ်မြင်သံကြားတွေ မှာ  ပွင့်ပွင့်လင်း၊ အသေးစိတ် ကိန်းဂဏန်း အချက်အလက်များဖြင့်  ထုတ်လွှင့်ပြသခဲ့ကြတယ်။ 

ဒီ စီမံကိန်းကြီးတွေ ဟာ  လူထု အတွက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာ အောင် ငွေကြေး ဘီလီယံ မြောက်များစွာ သုံးစွဲသွားမည့် စီမံကိန်းတွေ ကြီးပါပဲ။ အထူးသဖြင့် ခွဲခြားဆက်ဆံခြင်းခံရတဲ့ လူနည်းစု လူမှုအဖွဲ့အစည်းတွေ၊ ဆင်းရဲတဲ့ ဒေသတွေ ကို အဓိက ဦးစားပေးဆောင်ရွက်ဖို့ ကို လည်း လွှတ်တော် အမတ်တွေ၊ ပညာရှင်တွေ က အချေအတင် ဆွေးနွေးသွားတာတွ့ရတယ်။ 

ဒါကတော့ မြန်မာ နိုင်ငံ မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့  ကွဲလွှဲနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံ မှာ ဦးပိုင် နှင့် ၀မ်ပေါင်  ကြေးနီတောင် စီမံကိန်းက တောက်လောင်ခဲ့တဲ့ မီးဟာ  မြန်မာတပြည်လုံးကို  ကူးစက်တောက်လောင်   နေတာတွေ့ရတယ်။ ဘယ် လွှတ်တော် အမတ်၊ အစိုးရ အဖွဲ့ဝင်တွေ က မှ ခွဲခြားဆက်ဆံခြင်း ခံနေရတဲ့ လူနည်းစု လူမှုအဖွဲ့အစည်းတွေ၊ ဆင်းရဲတဲ့ တောင်သူ လယ်သမားတွ ဘက် က မှ မားမားမတ်မတ်ရပ်တည် ပြီး တောင်းဆိုပေးနေတာ မတွေ့ရတဲ့ အပြင်၊ လူနည်းစုတွေ အပေါ် စနစ်တကျ စီစဉ် ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နဲ့ ဆက်လက် ရင်ဆိုင်နေရတယ်။

ဒါဟာ လည်း တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေး ဟာ တကယ် ဟုတ်မဟုတ်  ဦးသိန်းစိန် အစိုးရ ကို စမ်းသပ်ခံနေရတာပါ။  နိုင်ငံတော် အစိုးရ ဟာ လူထု အကျိုးစီးပွား နှင့် အသက်အိုးအိမ် ကို ကာကွယ် စောင့်ရှောက်မှာ လား၊  စစ်ဗိုလ်ချုပ်ဟောင်း၊ အာဏာရှင်ဟောင်းတွေရဲ့ အကျိုး၊ ဦးပိုင်ရဲ့ အကျိုး ကို ဆက်လက် ကာကွယ် စောင့်ရှောက်နေတာလား ဆိုတာ နိုင်ငံတကာ အလယ်မှာ  အစမ်းသပ်ခံနေရတာပါ။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးအောက်မှာ  အောက်ခြေ  လူထုတွေ ရဲ့    အခြေအနေ  တကယ်ပြောင်းလဲလာပြီးလား၊ လူနည်းစု ရဲ့ အသက်အိုးအိမ် စည်းစိမ် ကို အကာအကွယ် ပေးနိုင်မလား ဆိုတဲ့ စံနှုန်းတွေ နဲ့ နိုင်ငံတကာ က တိုင်းတာကြမှာ ဖြစ်တယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တွေ အပြင်၊  ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့  လေ့လာဆန်းစစ်မှု စစ်တမ်းတွေ ထဲမှာ တော့  မြန်မာနိုင်ငံ မှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ကို တကယ် လျှောက်လှမ်း လိုချင်တယ်ဆိုရင်   -

၁) ပြုပြင်ပြောင်းလဲရေးကို မလိုလားကြတဲ့ စစ်အာဏာရှင် ခေါင်းဆောင်ဟောင်းတွေ နှင့် ပက်သက်နေသူတွေ ကို  တရားမျှတမှုစွာ အရေးယူ အပြစ်ပေးဆောင်ရွက်နိုင်ခြင်းမရှိသ၍ ပြုပြင်ပြောင်းလဲရေး မှာ သူတို့ ဟာ နောက်ကွယ် ကနေ အဟန့်အတား၊ အနှောက်အယှက် သဖွယ်  ဆက်လက် ရှိနေပေလိမ့်မယ်။ 

၂)  အာဏာရှင်ဟောင်းတွေ လက်ထပ် က  လက်ဝါးကြီးအုပ်ထားတဲ့ ၊ တနည်းအားဖြင့် လူပါးဝ ထာခဲ့တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ ၊ တနည်းအားဖြင့် ဦးပိုင်ရဲ့ စီးပွားရေးလုပ်ငန်းတွေ  ကို  ဒီမိုကရေစီ အရ ရွေးချယ်တင်မြောက်ခြင်းခံရမည့်လူထု အစိုးရ ထံ ပြန်လည် လွှဲပြောင်းပေးပြီး၊ လူထု အကျိုးရှိစေမည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ  စီမံကိန်းတွေ မှာ သုံစွဲဖို့ လိုတယ်။

 ဘယ်နိုင်ငံ မှာ ပဲဖြစ်ဖြစ် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို လုပ် တဲ့ အခါမှာ လက်ရှိ အစိုးရတွေ ဟာ အာဏာရှင်ဟောင်းတွေ နှင့် ပက်သက်နေသူတွေ ကို စံပြ အရေးယူ ပြီး မှ သာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ကို လျှောက်နိုင်တယ် လို့ ထောက်ပြထားတယ်။ 

လက်ရှိ ဦးသိန်းစိန် အစိုးရ ဟာ       ပြုပြင်ပြောင်းလဲရေး ကို ဆန့်ကျင်နေကြတဲ့ အာဏာရှင်ဟောင်း အုပ်စုရဲ့  အနှောက်အယှက်တွေ၊ ဖျက်စီးမှုတွေ ကို ဒီကနေ့  ရင်ဆိုင်နေရပြီလို့ လည်း သုံးသပ်ထားတာတွေ့ရ တယ်။ နောင် တက်လာမည့် အစိုးရ တွေ လည်း ဒီလိုမျိုး  စိမ်ခေါ် နှောက်ယှက် ဟန့်တားမှုတွေ ကို ဆက်လက် ရင်ဆိုင်ရလိမ့်မယ်လို့   ခန့်မှန်းသုံးသပ်ဟောကိန်းထုတ် ထားတယ်။

No comments :