Saturday 30 March 2013

ဒီနေ့ သတင်းများ

“တောင်ကိုရီးယားနှင့် စစ်ဖြစ်နေပြီဟု မြောက်
=========================
ကိုရီးယား ကြေညာ”
===========
တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေး တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21305
“တောင်ကိုရီးယားနှင့် စစ်ဖြစ်နေပြီဟု မြောက်ကိုရီးယား ကြေညာ”
 
တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာလိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေး တင်းမာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21305

ယူတူးအဖွဲ့ သတင်း 

မတ်လ ၃၁ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ဖျော်ဖြေမည့် ကမ္ဘာကျော် မိုက်ကယ်လန်းတူရော့ခ်အဖွဲ့သည် ယနေ့(မတ်၃၀) ညနေပိုင်းက ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ကြသည်။ ဓာတ်ပုံ -ကျော်ဇင်သန်း

မြန်မာပို့ ဂလိုဘယ်...ဂျာနယ်
-------------------------------------
Cartoon Waiyan Taunggyi

မူလစ်ဆန်ကျင် ရေးမှာ အစိုးရ ရော  နိင်ငံရေး ပါတီတွေ က အောက်ခြေ တချို့ ပါပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့အစိုးရ က နိင်ငံရေးပါတီတွေကို လွဲ ချဖို့ လုပ်နေပါပြီ 

မတ်လ ၂၉ရက် နံနက် ၇နာရီ ၃၀မိနစ်က ရန်ကုန်မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော Michael Learns To Rock အဖွဲ့ကို တွေ့ရစဉ်။ ဒိန်းမတ်နိုင်ငံ အခြေစိုက် MLTR အဖွဲ့သည် မတ်လ ၃၁ရက်နေ့ ည၇နာရီ၌ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဂီတဖျော်ဖြေပွဲ ကျင်းပမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ နာမည်ကျော်တေးသံရှင် နှစ်ဦးဖြစ်သော ဇော်ဝင်းထွဋ် နှင့် ဖြူဖြူကျော်သိန်း တို့လည်း ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။

လူသတ်ကောင်ဝီရသူ ငြိမ်းချမ်းရေးဟန်ဆောင်လုပ် 

ယနေ့ (မတ်၃၀)တွင် မြန်မာငြိမ်းချမ်းရေးစင်တာ)တွင်ပြုလုပ်သော“မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့်ဘာသာပေါင်းစုံဆွေးနွေးပွဲ”သို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော် ၊ အရှင်ဆေကိန္ဒ ဆရာတော်ဦးဝိရသူ၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ၊ခရစ်ယာန်ဟိန္ဒူဘာသာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ရုပ်ရှင်အစည်းအရုံးနှင့်အရပ်ဖက်အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးလျှက်ရှိသည်။ 
ဓာတ်ပုံ-အောင်သူရ
7Day News Journal
ယနေ့ (မတ်၃၀)တွင် မြန်မာငြိမ်းချမ်းရေးစင်တာ)တွင်
ပြုလုပ်သော“မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့်ဘာသာပေါင်းစုံဆွေးနွေးပွဲ”သို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော် ၊ အရှင်ဆေကိန္ဒ ဆရာတော်ဦးဝိရသူ၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ၊ခရစ်ယာန်ဟိန္ဒူဘာသာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ရုပ်ရှင်အစည်းအရုံးနှင့်အရပ်ဖက်အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးလျှက်ရှိသည်။
ဓာတ်ပုံ-အောင်သူရ
7Day News Journal

Photo
သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။

1. (ပုံ 1) ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးမလုပ်ခံရပါဘူး။

2. (ပုံ 2)... အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကို ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။

3. (ပုံ 3) အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။

ထိုနည်းတူစွာ အဲ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။

4. (ပုံ ၄ ) အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။

5. (ပုံ 5) အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ်စာရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင့် ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။

6. (ပုံ ၆) အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တစ်အား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တစ်အား ရိုးတော့ တစ်ခါ တစ်လေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။

၁ ကနေ ၃ က အရှည်ဆုံး အပိုင်း ကို တိုင်း.. ပြီးမှ အားသာချက် ဖတ်..။

အောက်က ၄ ကနေ ၆ က ဘယ်ဟာ အတိုဆုံး တိုင်း.. အဲတာပြီးမှ အားနည်းချက် ဖတ်..။ တစ်ခုထဲ မဟုတ်ဘူးနော်.. အပေါ် ၁ ကနေ ၃ က အားသာချက်.. ၄ ကနေ ၆ က အားနည်းချက်။ :P

အင်တာနက်မှာတွေ့ လို့  ဘာသာပြန်လိုက်တာပါ။ :)

သော်တာမောင်

အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ

ရေးသူ - ငြိမ်းချမ်းအေး
ခေတ်မောင်း ၊ အတွဲ (၁) ၊ အမှတ် (၄)
၂၇ ၊ သြဂုတ် ၊ ၂၀၁၂
ဟစ်တလာ ဟာ မြင့်မြတ်တဲ့ အာရီယန် မျိုးနွယ် ဂျာမန်တွေကသာ ကမ္ဘာ့လူသားမျိုးနွယ်တွေထဲမှာ အမြင့်မြတ်ဆုံး၊ အကြီးကျယ်ဆုံးဖြစ်တယ် လို့ ဆိုပြီးတော့ ဝါဒဖြန့်ရင်းနဲ့ ဂျာမန်လူထု ရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက် ဖမ်းစား နိုင်ခဲ့ပါတယ်။

အလားတူပဲ မူဆိုလီနီ ကလည်း ရှေးခေတ် ရိုမန် သူရဲကောင်း မျိုးနွယ်က ဆင်းသက် ပေါက်ဖွားတဲ့ အီတာလျံ လူမျိုးတွေကသာ ကမ္ဘာ့မှာ အမြင့်မြတ်ဆုံးဖြစ်တယ် ဆိုတဲ့ အယူအဆကို လူထုကြား သွတ်သွင်းကာ လူထုကို သူ့နောက်လိုက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

နေနတ်ဘုရားက ဆင်းသက်တဲ့ မြင့်မြတ်တဲ့ နေမျိုးနွယ် နိပွန် ဂျပန်တွေကသာ အာရှတိုက်ကြီးမှာ ကြီးစိုးရမယ် ဆိုတဲ့ ဝါဒမှိုင်းတိုက်မှုနဲ့ ဂျပန်ပြည်သူတွေကို ဒုတိယကမ္ဘာစစ် အဆိုးထဲ ဆွဲခေါ်ခဲ့တဲ့ ဖက်ဆစ်ခေတ် စစ်ဝါဒီ အာဏာရှင် စနစ်ကျင့်သုံးခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဂျပန်နိုင်ငံ မှာလည်း ဒီသဘောအတိုင်း တွေ့မြင်နိုင်ပါတယ်။

ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်၊ ဂျပန် နဲ့ အီတလီ တို့ဟာ ကမ္ဘာ့သမိုင်းမှာ လူမဆန်ဆုံးသော ရာဇဝတ်မှု အကြီးကြီးတွေကို လူမျိုး/သာသာ မတူသူတွေ အပေါ် လက်ရဲ၊ ဇက်ရဲ အဖတိုင်းပြည် နဲ့ လူမျိုးအတွက် ဆိုပြီး ကျူးလွန်ဖြစ်ခဲ့ ကြပါတယ်။

အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ
ရေးသူ - ငြိမ်းချမ်းအေး
ခေတ်မောင်း ၊ အတွဲ (၁) ၊ အမှတ် (၄)
၂၇ ၊ သြဂုတ် ၊ ၂၀၁၂

Read More @

http://www.scribd.com/doc/104681870/Characteristics-of-Dictatorship-by-Nyein-Chan-Aye-Khit-Maung-Vol-1-No-4-27-Aug-2012

No comments :