Saturday 30 March 2013

ကိုရီးယားကျွန်းဆွယ်သတင်း

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>အဖြူရောင်စာမျက်နှာ<< Thank

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီးယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”

ပြုံးယမ်း၊ မတ် ၃၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

PN055/ Ref: CNN,BBC,usatoday

ရခိုင် လူငယ်တဦး ကို  စွမ်းအားရှင်များ ဖမ်းဆီးထား
ရခိုင်တိုင်းရင်းသား လူငယ် ကိုရဲမင်းဦး ကို လာရောက်ခေါ်ဆောင်သွားသူ မည်သူမည်ဝါဖြစ်မှန်း မသိသေးပါ။ သက်ဆိုင်ရာ ရဲစခန်းမှလည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးပါ။ 
အလားတူ မြန်မာ့တပ်မတော်တွင်းတွင်လည်း ယခုလို တပ်မတော် အရာရှိ အချင်းချင်း လူမသိ သူမသိ ဖမ်းဆီး ချုပ်နှောင် စစ်မေးမှုများ ရှိနေပါသည်။ တပ်မတော် အရာရှိ တဦးကို ဖမ်းဆီးထားသည်မှာ တလ နီးပါး ရှိပြီဖြစ်သော်လည်း ယခုထိ မိဘဖြစ်သူနှင့် တွေ့ခွင့်မပေးသေးသော ဖြစ်စဉ် တခု ကို တွေ့ရှိထားပါသည်။ ယခုကဲ့သို့ နိုင်ငံသား တဦးကို အခြေခံ ဥပဒေပါ ပြဌာန်းထားသော ရပိုင်ခွင့်များ ကျူးလွန်ဖေါက်ဖျက်ပြီး လူမသိသူမသိ ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးများ ဆက်လက်ဖြစ်ပွားနေပါသည်။ ထို့ကြောင့် လက်ရှိ အစိုးရသစ် အနေဖြင့် အောက်ခြေ အဆင့် အုပ်ချုပ်ရေး၊ ကာကွယ်ရေး အဖွဲ့များ အတွင်း အုပ်ချုပ်သူများကိုယ်တိုင် ဥပဒေကို ဖေါက်ဖျက်နေသောဖြစ်စဉ်များကို အမြန်ဆုံး စီစစ်ဖေါ်ထုတ် အရေးယူနိုင်ရန် လိုအပ်ပါသည်။ မတရား အဖမ်းခံထားရသော  တပ်မတော် အရာရှိ နှင့် ပတ်သက်ပြီး မိမိတို့က စောင့်ကြည့် နေပါသည်။ ပြန်လည်စေလွတ်ပေးမည်လား။ ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်သွင်း အကျဉ်းချမည်လား ။ မည်သို့ စီရင်ဆုံးဖြတ်မည်ကို စောင့်ကြည့်နေပါသည်။

No comments :