Saturday 9 March 2013

ဒီချုပ်မှာ အထုတ်ခံရသည် ဒေါ်မိမိကြီး ရှင်းလင်းတင်ပြချက်

“လမ်းပေါ်က ဂဲလုံးကောက်တဲ့ နိုင်ငံရေးမျိုး လုပ်ဆိုလည်း
လုပ်မယ်” ဟု NLDပါတီတွင်သာ နိုင်ငံရေးလုပ်မည်ဆိုသည့်
ဒေါ်မိမိကြီးနှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ မတ် ၉။

ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဌ ရာထူးမှ ဖြုတ်ချမည့်
သူများ ရှိနေသည်ဟု သတင်းများ ကြားရချိန်တွင် ကာကွယ်
ရန် အသင့်ပြင်ထားသည်ဟု ဆိုသော်လည်း ဗဟိုညီလာခံ
ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံလိုက်ရသူ များတွင် ပါဝင်၍ ကိုယ့်ကိုကို
သေကြောင်း ကြံစည်ရန်ပင် တွေးမိသော်လည်း အမှန်တရားအား ဖော်ထုတ်မည်ဟု
ပြောသော စစ်ကိုင်းတိုင်း
ဒေသကြီး ကောလင်းမြို့နယ် ဗဟိုညီလာခံ ကိုယ်စားလှယ်
ဒေါ်မိမိကြီးနှင့် မြန်မာ့ခေတ်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

MMA ။ ။ အန်တီ ဘယ်နှခုနှစ်လောက်က စပြီး

NLDပါတီထဲကိုဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ
ဖြစ်ခဲ့တာလဲခင်ဗျ။

MMK ။ ။ အမေစုနဲ့ လက်တွဲခဲ့တဲ့ သက်တန်းဆိုရင် ၈၉ခု။
အန်တီက ၈၈တုန်းက အရေးအခင်းတုန်းက ကောလင်းမြို့နယ် အရေးအခင်း ခေါင်းဆောင်။
ကျောင်းသားခေါင်းဆောင်။ အန်တီ
မိဘတွေကို ဝန်ထမ်း ဝန်ထမ်းသားသမီးက နိုင်ငံရေး လုပ်ရမ
လားဆိုပြီး ၂၄နာရီ အတွင်း မီးရထားကနေ အန်တီမိဘတွေ
နှင်ထုတ်ခံ လိုက်ရတာ။ မီးရထားဝန်ကြီး ဌာနကနေပေါ့နော်။ အန်တီမိဘတွေက
ဝန်ထမ်းဆိုတော့ အိမ်တွေယာတွေ မရှိ
သေးဘူးပေါ့ကွာ။ မရှိတဲ့ အခါကျတော့ အန်တီရဲ့ အဖေက
အန်တီကို ဘယ်လိုပြောလဲဆိုတော့ နင်မတောက် တခေါက်နဲ့
နိုင်ငံရေးလုပ်လို့ ငါ့ဘဝကမြို့ဝန်တို့ ဘာတို့ဖြစ်နိုင်တယ်။
ငါမီးရထား ဝန်ထမ်းကို ဝါသနာ ပါလွန်းလို့ ပြာကျုံးဘဝကနေ စက်ဗိုလ်ဘဝ
ရောက်အောင် လုပ်ခဲ့ရတာ နင်မတောက်တခေါက် လုပ်တဲ့နိုင်ငံရေးကြောင့်
အခုငါတို့မိသားစု မောင်းထုတ်ခံရပြီ
နင့်ဘာသာနင် ဖာမဖြစ်အောင် နင့်ဘာသာ နင်နေခဲ့ နင့်ကို ကျန်တဲ့
နေရာခေါ်သွားလို့ မရဘူးဆိုပြီး အဖေက။ ညီမလေး
တွေကလည်း ငယ်ငယ်လေးတွေ ရှိသေးတယ်လေ။ အန်တီ
ကို ခေါ်သွားရင် ထပ်ဖြုပ်မှာလေ ။ အစ်ကိုတွေကလည်း
ဝန်ထမ်းတွေ ။ အဖေက နိုင်ငံရေးလုပ်တာ မကြိုက်ဘူး။
လုပ်တယ် ဆိုတာကလည်း စစ်ကိုင်းတိုင်းက သူရကျော်စွာ
က အန်တီတို့ ကျောင်းသားတွေကို မတရားသဖြင့် စစ်ကိုင်းမြစ်ထဲကို မျှောချတာ။
ရေကူုးပြီးတက်လာတဲ့ မသေမရှင်တွေကို သေနပ်တွေနဲ့ ပစ်ချ။ အဲ့ဒါတွေကို ဟိုး
ငါးပိုက်တွေမှာမိ။ အဲ့ဒီတောင်ပုံရာပုံ ဖင်ကျွတ်ခေါင်းကျွတ်
အဲ့ဒီငါးပိုက်မှာ မိနေတဲ့ ပုံတွေကို အန်တီတို့ စစ်ကိုင်းတို့
ကောလင်းတို့ အထက်ဗမာပြည်ကို ပို့ခဲ့တာ။ ပို့ခဲ့တော့
အန်တီတို့ အြ့ဒါတွေကိုကြည့်ပြီး ငိုတာပေါ့။ အန်တီမှာနိုင်
ငံရေး မျိုးရိုးမရှိဘူး။ ဒါပေမဲ့အန်တီ အဘွားက ဗိုလ်ချုပ်တို့နဲ့
အတူတူ တိုက်ပွဲဝင်ခဲ့တာ မော်ခွန်းဝင် ပထမ။ ဒေါ်ခင်ကြည်တဲ့
သေသွားပြီ။ နိုင်ငံရေးလုပ်ရင်းနဲ့ ၉၇မှာသေသွားတယ်။
အန်တီက အန်တီအဘွားရဲ့ စိတ်ဓာတ် ပေါ့နော် ။ အဲ့ဒါနဲ့
နိုင်ငံရေး ထလုပ်မိရော လုပ်မိရင်းနဲ့ မိသားစု မောင်းထုတ်ခံ
ရတော့ ကောလင်းမြို့နယ်က ဒီကောင်မလေးက ဒီလို
ဒီလိုရှိတယ်ဆိုပြီး လယ်သမားကြီး ဦးကံကြီး အိမ်မှာ
နေထားခဲ့ရတာ။ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနား
ခရီးစဉ်လာတော့ အန်တီမြို့နယ်က လူကြီးတွေက
ပြောတော့ အန်တီ ၈၉ခုနှစ်မှာ ကောလင်းမြို့နယ်မှာ
ပထမပဲ။ ကဒ်ပြားလည်းရှိတယ် ၈၉မှာစဝင်တဲ့။

MMA ။ ။ ဟုတ်ကဲ့ အဲ့ဒီအခါကျတော့။

MMK ။ ။ အဲ့ဒီအခါကျတော့ အမေစုက ဒီကလေးကို
ရန်ကုန်ကို ပို့လိုက်ပါဆိုပြီး ဒီခြံထဲမှာ နေရတယ်။ ဒီသူငယ်
ချင်းတွေနဲ့ စတွေ့တာပဲ။ ဒေါ်အေးအေးမာတဲ့ ။ဒီသူငယ်ချင်း
ကဆို အန်အယ်ဒီနှစ်ပတ် အစည်းအဝေးမှာ ဖမ်းလိုက်
သေးတယ်။ သူတို့အန်တီကို ကယ်ထားတာ။ ဒေါ်အေးအေးမာ
တို့ မိသားစုကနေ ။အဲ့လိုမျိုး အခက်အခဲတွေနဲ့ အကြိမ်ကြိမ်
ရင်ဆိုင်ခဲ့ရတယ်။ စစကတည်းက ဘုန်းကြီးကျောင်းမှာ
နေရတယ်။ ဘယ်သူလိုက်ပို့ သလဲဆိုတော့ ဦးတင်ဦးကိုယ်
တိုင်က တာမွေ ပစ္စိမာရုံ ကျောင်းတိုင်ကို အန်တီိကို လိုက်
ပို့တယ်။ အန်တီက စစ်ကိုင်းတိုင်းလူငယ် တာဝန်ခံ၊ တိုင်း
ဆက်သွယ်ရေး တာဝန်ခံ ဆိုတာကို အမေစုကိုတိုင် လက်မှတ် ထိုးပြီး ပေးထားတာ။
၂၀၀၀ခုနှစ်မှာ အန်တီကိုတာဝန်
ပေးတယ်။ အမေစုလုံခြုံရေးကို လေး၊ငါး၊ခြောက်နှစ်လောက် အန်တီလုပ်ရသေးတယ်။
ဒီလိုပဲ အမေစု လမ်းကြောင်းမှာ သွားရင်းလာရင်း ပြဿနာတွေတက်ရင် ဒီလိုပဲ
အမေစုကို
ချစ်တဲ့စိတ်နဲ့ ဒိထောက်လှမ်းရေးတွေကို လက်မြန်ခြေမြန် ရိုက်တယ်နှက်တယ်။
ပြန်ချတာ ဖမ်းပြီဆီးပြီဆိုရင် အန်တီ
ထောင်ထဲအရောက် မခံနိုင်ဘူးလေ။ အန်တီ မိသားစုတွေ လာမတွေ့နိုင်ဘူးလေ။ အဲ့ဒီ
ထောက်လှမ်းရေးတွေ ဘာ
တွေကို သွားတွေ ဘာတွေကြိုးအောင် ပါးတွေ နားတွေ
ချပြီးပြေးတာ။ အဲ့ဟာတွေကိုလည်း အမေစုကတော့
တာပါတယ်။ မတရားတာ မခံချင်တဲ့စိတ်နဲ့ လုပ်မိတယ်
ပေါ့။ အဲ့လိုနဲ့ တဖြည်းဖြည်းနဲ့ အန်တီက ၃၄နှစ် ပြည့်
တော့မယ်။ လူငယ် တာဝန်ကနေ လူကြီးတာဝန်။ တိုင်း
ဆက်သွယ်ရေး တာဝန်ကနေ ၂၀၀၇-၂၀၀၈ လောက်
ကျတော့။ အန်တီမှာ အဲ့ဒီ တိုင်းဆက်သွယ်ရေး တာဝန်ခံ
ဘဘဦးဝင်းတင်တို့ ဗဟိုဌာနချုပ်တို့က ပေးထားတဲ့
လက်မှတ်တွေရှိတယ်။ ခုထိပဲ။ ဒီညီလာခံကို ဖျက်ဆီးမယ်
ဆိုတဲ့ စကားကလည်း လွန်ခဲ့တဲ့ ခုနစ်ရက်လောက်ကကြားတာ။
အဲ့စကားက အန်တီ အိမ်မှာနေတဲ့ စစ်ကိုင်းတိုင်း လူငယ်
ကွန်ယက်က ကိုဌေးငွေဆိုတာက ပြောတယ်။ အန်တီသိလား ကျွန်တော်တို့ညီလာခံမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချမဲ့
သူတွေရှိတယ်ဆိုတော့ ဟဲတော်ဘယ်လို လုပ်ကြမလဲ
ဆိုပြီးတော့ အမေ့အိမ်က အန်တီတို့သူငယ်ချင်းတွေ ဟယ်
ငါ့နှယ် လုပ်ကြပါဦးဆိုပြီးတော့ ငိုလည်းငို ။ ငါတို့ဝိုင်းဝန်း
ကာကွယ်ရအောင် ငါတို့ ဗဟိုလူငယ် ကွန်ယက်ထဲက ကဒ်တွေ တောင်းမယ်။ ငါတို့
အမေစုကို ဝိုင်းဝန်းကြမယ်
ဆိုပြီး အိပ်လို့လည်းမရ စားလို့လည်းမဝင် စိတ်တွေ ညစ်နေတာပေါ့နော်။
နောက်တော့ အန်တီ ညီလာခံ ကိုယ်စားလှယ် ကောလင်းက ရောက်တော့ စားဖို့
သိရိမင်္ဂလာ
ဈေးကို လူအယောက် ငါးဆယ်စာလောက် လျှောက်ဝယ်
တာပေါ့။ ပြန်လာပြီး ၃နာရီလောက်လဲကြာတော့ ကြားရော။
အန်တီရင်ထဲမှာ မခံစားနိုင်တာ မခံစားနိုင်တာ သားရယ်
ခေါင်းကို မိုးကြိုး ပစ်လိုက်တဲ့ အတိုင်းပဲ။ ရင်ထဲမှာ လဲမ
ကောင်းဘူး။ အရမ်းစိတ် ထိခိုက်ပြီးတော့ ငိုတာ ငိုတာ။
အန်တီကို အဲ့ဒီ ကြေညာချက်ကြီး ထုတ်လိုက်တယ်
ဆိုတော့။ ဒီကြေညာချက်ကြီးထဲ အန်တီ နာမည်ပါတော့
ရင်ထဲမှာ မကောင်းဘူး။ ပစ်သေချင်တာ အဆိပ်
သောက်မယ်။ ချက်ချင်းငါ့ကိုငါ သတ်သေမယ် ဆိုပြီး။ အန်တီသူငယ်ချင်းတွေက
စိတ်မကောင်းဘူး။ အန်တီ
တစ်ခုခုလုပ်လိုက်မှာ စိုးလို့လေ။ နောက်တော့ သူငယ်
ချင်းတွေက နင်အဲ့သလို လုပ်လိုက်ရင် ဟုတ်လို့ လုပ်
လိုက်တယ် ထင်မယ်။ မဟုတ်ကြောင်း ဖြေရှင်းကြတာပေါ့။ အမေစုနဲ့လည်း
တွေ့ကြတာပေါ့။ အန်တီ ပောချင်တာ
သားရယ် ခုအန်တီကို ဒီလိုလုပ်တာကလေ ။လူငယ်အဖွဲ့က ကိုဌေးငွေက ပြောတယ်။
အန်တီရေ အမေစုက ကျွန်တော်
တို့ လူငယ်တွေကို တာဝန်ပေးတာ ကျွန်တော်တို့ လူငယ်တွေ သတင်းထောက်ပြီး
တိုင်လိုက်တဲ့အခါမှာ အန်တီနာမည်
မပါဘူး။ ကျန်တဲ့သူ ၃ယောက်ပဲပါတယ်။အန်တီကို အပေါ်
ကနေပြီးတော့ ဟန်သာမြင့်တို့၊ ဦးတင်ဦးတို့က စောက်မြင်
ကတ် ပုဒ်မနဲ့ သူတို့ကနေ လုပ်တာတဲ့။ ရွေးတဲ့ ၉ယောက်က
လုပ်တာတဲ့။ ကျွန်တော်တို့ လူငယ်တွေ ဒေါ်စုက စုံစမ်းဆို
လို့ စုံစမ်းတာ အန်တီနာမည် လုံးဝမပါဘူးတဲ့။ ဒါကိုလည်း အမေစုနဲ့
တွေ့တယ်အခါ ကျွန်တော်တို့ ပြောမယ်တဲ့။ ဟိုနေ့
က ကဒ်ထုတ်တော့သွားပါတယ်။ အဘွားကြီးတွေကအစ
ငိုကြတယ်။ ငါ့သမီး မိမိ ဘယ်လိုဖြစ်တာလဲဆိုပြီး ဒါပေမဲ့
အန်တီမှာ ဒီလိုစိတ်ထား မရှိတာ လူတွေ သိတာကိုး။ အားလည်း ပေးကြပါတယ်။
ဒါကလည်း ဗဟိုက အပြီးအပိုင်
ထွက်ရတာ မဟုတ်ပါဘူး။ နောက်လည်း ပြန်အရွေးချယ်
ခံလို့ရပါတယ် ဆိုပြီးပြောကြတယ်။ သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေလုပ်တဲ့
သတင်းစာရှင်းလင်းပွဲက အန်တီ လုပ်ချင်ပေမဲ့
ကိုယ့်ပေါင်ကို လှန်ထောင်းသလိုဖြစ်မယ် ။ ပြဿနာတစ်ခုခု
တက်ရင် ၂၀၀၁၅အတွက်လည်း မကောင်းဘူး။ ပြီးတော့
ဒီလုပ်ရပ်တွေက ပါတီတွင်း ဒီမိုကရေစီ မရှိလို့ ကြီးနိုင်ငယ်
ညှင်းနော်။ အဲ့လိုတွေ ပုံစံတွေကြောင့် အန်တီကလေ နိုင်ငံ
ရေးလုပ်လာတဲ့ တစ်လျှောက်လုံးမှာ အမေ ဒေါ်အောင်ဆန်းစုကြည် နဲ့ဘယ်သူ့မှ
မဖားတတ်ဘူး။ အန်တီရင်ထဲက စကားကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။
အန်တီကို မတရား
သဖြင့်ပြောရင် အန်တီတိုင်းကို မတရားသဖြင့် နှိမ်ရင်
ဒိုးဒိုးဒေါက်ဒေါက် အန်တီမွေးရာပါ ဗီဇအတိုင်း ပြန်ပြီး
ပြောတတ်တယ်။ နောက်တစ်ခု ဘယ်လောက်အထိ
ပြောမလဲဆိုရင် လွန်ခဲ့တဲ့ နှစ်လပိုင်း နှစ်ရက်နေ့က
အန်တီရဲ့ အမေ့အိမ် ပညာဒါနကျောင်း ဂျာမဏီခရီးသွား
လုပ်ငန်းအဖွဲ့က လှူချင်တာ အဲ့ဒီလူတွေက ဂါရဝပြုဖို့ အဲ့ဒီလူတွေက
တောင်းထားတယ်။ အမေစုက အအားဘူး
နေပြည်တော်မှာ။ လွှတ်တော်တက်နေတော့ အန်အယ်ဒီက
လူကြီးတွေက်ို ဂါရဝ ပြုမယ်ဆိုတော့။ အဲ့ဒါကို ဒေါ်မြင့်မြင့်စိန်
ဆိုတဲ့ အမျိုးသမီးကို အကူအညီ တောင်းတယ်။ အန်အယ်ဒီ
ဌာနချုပ်ကို လှူမယ်ဆိုရင် ဦးတင်ဦးက တွေ့မယ်။ နင့်
ကျောင်းကို အမေ့အိမ် ပညာဒါန ကျောင်းက လှူမှာဆိုရင် မတွေ့ဘူးလို့ ပြောတယ်။

MMA ။ ။ ဒါဆို အရင်ကတည်းက မပြေလည်တဲ့ အကြာင်း
တရားတွေ
ရှိခဲ့တာပေါ့။

MMK ။ ။ အန်တီ လိမ်မပြောဘူး။ ဒေါ်မြင့်မြင့်စိန်ကိုလည်း သွားမေးလို့ရတယ်
အကုန်လုံး။ အဲ့ဒါနဲ့ ဂျာမဏီခရီးသွားတွေက
ရောက်လာရော ဘဘဦးတင်ဦးနဲ့ တွေ့တော့ အန်တီက ကိုယ်လည်း ဂျာမန်စကား
မတတ်တော့ ပလိစ် ဘာညာဘာညာဆိုပြီး လှေကား အပေါက်ကို ခေါ်ရော။ အဲ့ဒီအခါ
ကျတော့ လှေကားအပေါက်
စောင့်တဲ့ ကိုသန်းမိုးက ခင်ဗျားအပေါ် မတက်နဲ့ ခင်ဗျားကို
ဦးတင်ဦးက အပေါ်မတက်နဲ့တဲ့။ အန်တီကျောင်း ကော်မတီ
ဒေါ်အေးအေးမာ လည်းပါတယ်။ ဒေါ်သန်းသန်းဆင့်လည်း
ပါတယ်။ အဲ့ကျတော့ အန်တီလည်း အသက်က ၄၈နှစ်ရှိပြီလေ ရှက်သွားတာပေါ့။
ဟယ်လို့ ငါနဲ့ဘဘနဲ့ ဘာအညှိုး ရှိလို့လည်းပေါ့။
နေဦးလို့ အဲ့ဒီဘဘ ဆင်းလာကြည့် ခုတော့ ဧည့်သည်ရှိလို့ ဘာမှ မပြောသေးဘူး။
ဘဘဦးတင်ဦး ဆင်းလာရင်အန်တီမေးမယ်။
အဘ ဘာဖြစ်လို့ သမီးကို ဒီလောက် မုန်းနေရတာလဲ။ အဘ
ဒီNLDရုံးက အများပြည်သူ သွားလာနိုင်တဲ့ရုံး၊ ဒါစစ်တပ်
မဟုတ်ဘူးလို့ပြောမယ်။ ပြောမယ်လို့ ဒါပေမဲ့လည်း ပြောခွင့်
မရပါဘူး။ အန်တီ သူငယ်ချင်းတွေကတော့ ဘာဖြစ်လို့ ဒီလိုပြောကြတာလဲပေါ့။
အန်အယ်ဒီရုံးကို လာရတာ
တဖြည်းဖြည်းနဲ့ ရဲစခန်းကြီး လာရတဲ့အတိုင်း ဖြစ်နပြီဆိုပြီး
ပြောနေကြတယ်။

MMA ။ ။ အကြောင်းကြားခဲ့တာမျိုးကောရှိလာ
း။

MMK ။ ။ မကြားဘူး ခုအချိန်ထိ မကြားဘူး။ အကြောင်း
ကြားတာ မျိုးမရှိဘူး။

MMA ။ ။ ခိုင်လုံတဲ့ သက်သေရှိတယ်လို့ ပြောထား
တယ်ဆိုတော့ ဘာများဖြစ်မလဲဗျ။

MMK ။ ။ အဲ့လို ပြောရအောင်လည်း ဒါလေးပဲရှိတယ်
(လူစာရင်းစာရွက်)။ ကိုယ့်စစ်ကိုင်းတိုင်း ကကိုပေါ့နော်
လူတွေကို ဘယ်သူ့ ဘယ်သူကိုပေါ့။ အန်တီတို့က ၁၂၀ရှိ
တော့ ၁၁ယောက်၊ ၁၂ယောက် ရွေးပေးရမယ်လေ။
ကိုယ့်ဟာကို ကိုယ့်တိုင်းထဲက ရိုသေလေးစားတဲ့ သူ
တွေပေါ့။ ဘယ်သူမှလည်း မဝေဘူး။ အေးအဲ့ဒါလေးကို
ကိုဌေးငွေ ဆိုတဲ့ကလေးက ဦးမြင့်အောင်ကို စစ်ကိုင်း
တိုင်းက ကျွန်တော်ဒါကို ရာထားတယ်ပေါ့ ပို့လိုက်ကော။ ကိုယ့်အတွင်းတွင်ပေါ့
။ အဲ့ဒီဟာကို အဲ့ဒီလူက ဗဟိုကို
ပို့လိုက်တယ်။ အဲ့ဒါရေးတာကလည်း ကိုဌေးငွေရေးတာ။
ဒါပေမဲ့ ကိုဌေးငွေမှာလည်း အပြစ်မရှိဘူး။ ကိုယ့်တိုင်းက
ကိုယ့်လူချင်းချင်း ယုံကြည်လို့ ဒီထဲမှာ ဖျက်ချမယ်။ ဥက္ကဌ
လုပ်မယ် တစ်ခုမှမပါဘူး။ စစ်ကိုင်းတိုင်းက ရိုသေလောက်
တဲ့ သူတွေ၊ ဒီစီစီမှာ လုပ်နိုင်လောက်တဲ့ သူတွေကို အန်တီက ရိုရိုသေသေ
ရွေးထားတာ။ အဲ့ဒီလိုတော့ ကြားတယ်။ ဒါပေမဲ့ အဲ့ဒီလေးယောက်ထဲမှာ ရောပြီး
ကျိတ်လိုက်တယ်။ ဘုရားစူး၊ ကြိုက်တဲ့ငရဲပေး။ ခုလေးယောက်နဲ့လည်း
မတွေ့ဖူးဘူး။ အဲ့ဒီလေးယောက်နဲ့ ခေါ်တွေ့တာ အသံဖိုင်၊ ဗွီဒီယိုဖိုင် ၊
ဓာတ်ပုံရှိရင် အန်တီကို အန်တီ သတ်သေမယ်။

MMA ။ ။ ခုအဲ့ဒီအခါကျတော့ အန်တီအနေနဲ့ ဘယ်လို
ဖြေရှင်းတုန့်ပြန်သွားမလဲ။

MMK ။ ။ ဘယ်လို တုန့်ပြန်မလဲဆိုတော့ အန်တီမှ
မဟုတ်တာ။ အမေစုက ခေါ်မေးမယ်ပြောတယ်။ အန်တီ အမေစုကို ပြောမယ်။ အမေစုကို
အန်တီရှင်းရှင်း လင်းလင်း
ပြောမယ်။ ဒါအန်တီ လုပ်ကြံခံရတာ။ အမေစု တာဝန်ပေးတဲ့ လူငယ်လေးယောက်
တင်တဲ့အထဲမှာ အန်တီမပါဘူး ဆိုတာ
ကိုလည်း လူငယ်လေးယောက်က ပြောတယ်။ ဗဟိုက
ထည့်လိုက်တာတဲ့။ အမေစုကို သူတို့ပြောမယ်တဲ့။

MMA ။ ။ အန်တီအနေနဲ့ လုံးဝ မရည်ရွယ်ခဲ့ဘူးပေါ့။

MMK ။ ။ အမလေး အန်တီ တစ်ခါမှ မရည်ရွယ်ခဲ့ ပါဘူး
ကွယ်။ တစ်သက်လုံးမှလည်း မစဉ်းစား ပါဘူးကွယ်။ အန်တီ ဘယ်နေရာမှလည်း အရွေး
မခံပါဘူးကွယ်။ အန်တီပညာလေး ဆယ်တန်းတောင် မအောင် ပါဘူးကွယ်။ ဒီမှာထည့်ထား
တာကလည်း သူတို့ဟာသူတို့ ထည့်ထားတာပါကွယ်။ အန်တီ
က လူငယ် ပညာတတ်တွေကို ရွေးချယ်ထားတာပါ။ အန်တီ ဆယ်တန်းတောင် မအောင်ပါဘူး။
နိုင်ငံခြား စကားတွေလည်း မပြောတတ်ပါဘူး။ ထည့်သာထည့်ထားလည်း စီစီထဲမှာလည်း
ပါမှပါမှာပါ။ မဲစနစ်နဲ့ ရွေးကြမှာကိုး။

MMA ။ ။ အကြောင်းကြားမှု တစုံတရာ မရှိဘူးဆိုတော့
ဒါဆိုရင် ပါတီတွင်းမှာကို ပွင့်လင်းမြင်သာမှု လိုအပ်တယ်လို့
ပြောလို့ ရပါသလား။

MMK ။ ။ ကျန်တဲ့သူတွေ အတွက်တော့ မပြောချင်ဘူး အန်တီအတွက်တော့
ပွင့်လင်းမြင်သာမှု မရှိလို့ကို ဘာမှလည်း
မလုပ်ရဘဲ ဒီလိုကြေညာချက်ကြီး ထုတ်လိုက်ရတော့ အန်တီ ဂုဏ်သိက္ခာတွေရော အန်တီ
ညီကိုမောင်နှမ ဝန်ထမ်းတွေက
ကော ရှက်ရပါတယ်။ ဟိုလူကလာမေး ဒီလူကလာမေးနဲ့
အကုန်လုံး ရှက်ကုန်တယ်။ အန်တီ ညီမကဆို အစ်မ ဘယ်
လိုဖြစ်တာလဲ ဘုရားက ဟောထားတယ်။ မိမိကိုယ်ကိုချစ်ပါ
အစ်မက ကိုယ့်ကိုကိုယ် မချစ်လို့ နိုင်ငံရေးလုပ်လို့ ခုလိုဖြစ်
တာဆိုပြီး အပြောခံရတယ်။

MMA ။ ။ ဘယ်လိုများဆက်ရှင်းမလဲခင်ဗျ။

MMK ။ ။ အန်တီပြောမယ်။ အန်တီတို့ ပါတီ တစ်ခုလုံးမယ် ရိုသေလေးစားဆုံးက
ဘဘနဲ့ အမေစုပဲရှိတယ်။ ကျန်တဲ့သူတွေကို ရိုသေလေးစားမှု မရှိကြပါဘူး။
အန်တီကို သတင်းစာ ရှင်းလင်းပွဲ လုပ်ခိုင်းကြတယ်။ ငါတတ်လည်း မတတ်ဘူး
လုပ်လည်း မလုပ်ဘူးလို့ ပြောလိုက်တယ်။ မဟုတ်တဲ့အတွက်လုပ်စရာ
အကြောင်းလဲ မရှိဘူးလို့။

MMA ။ ။ အန်တီဘာများ ဖြည့်စွပ် ပြောချင်သေးလဲခင်ဗျ။

MMK ။ ။ အန်တီတို့ ပါတီကြီးက တစ်သက်လုံး ခိုင်မြဲ
သွားဖို့ ကြိုးစားရမှာလေ။ အမေစုကို ဝိုင်းဝန်းရမှာလေ။
နောက်ဒါမျိုးတွေ မဖြစ်အောင် ပါတီစည်းမျဉ်း စည်းကမ်းနဲ့
လည်း မညီဘူး။ လုပ်ထုံး လုပ်နည်းနဲ့လည်း မညီဘူး။ ပုဂ္ဂိုလ်ရေး
အမြင်ကတ်တာနဲ့ပဲ။ အန်တီက စကားမပြောတတ်ဘူး။ အန်တီ
ကိုယ် အန်တီသိတယ်။ အဲ့ဒါကြောင့် နောက်နောင်ကို ဒီလိုမျိုး
ဖြေရှင်းချက်လည်းမပေး။ ဘာလည်း မမေးပဲနဲ့ လူတစ်ယောက်ရဲ့
ဘဝ ကိုဒီလိုမျိုး မရိုက်ချိုးပါနဲ့ပေါ့ အန်တီ ခံစားချက်ပေါ့။

MMA ။ ။ ဒီလိုမျိုး ပါတီတွင်း မညီညွတ်မှုတွေက ၂၀၁၅မှာ ဘာတွေဖြစ်လာနိုင်လဲခင်ဗျ။

MMK ။ ။ ရင်လေးတာပေါ့ သားရယ်။ အမေစုကို မချစ်လို့ အမေစုမျက်နှာကို
မထောက်ကြလို့ ဒီလိုလုပ်ကြတာလေ။ အန်
တီ သူငယ်ချင်းတွေဆို ညီလာခံမှာ မပါကြဘူး။ အမေစုကို
ဝိုင်းဝန်းကြဖို့ ဒီကိုလာကြတာ။ အန်တီအိမ်မှာ ညီလာခံ
ကိုယ်စားလှယ်တွေလည်းရှိတယ်။ တစ်ချို့လည်းသွားကြပြီ။ အထုတ်ခံရမှာ
ကြောက်လို့။ အန်တီကလေ ဒီပါတီကနေ ဘယ်မှ
မပြောင်းဘူး မထွက်ဘူး။ ကျရာတာဝန်ကို ထမ်းဆောင်မယ်။

MMA ။ ။ အန်တီကို ပဂ္ဂိုလ်ရေးအရ ပြုလုပ်တာတွေ ရှိခဲ့
တယ်ဆိုတော့ ဘယ်တည်းက စပြီး သတိထားမိလဲဗျ။

MMK ။ ။ အောင်နိုင်ရေးမှာ ကတည်းက စပြီး အပြောခံ
ရတာ။ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ် အောင်နိုင်ရေး
ဖွဲ့တော့မယ်ဆိုတော့ အန်တီတို့ စစ်ကိုင်းတိုင်းက ၁၄၈ယောက်က
ကျရာတာဝန်ထမ်းဆောင်ကြမယ်ဆိုပြီး လာကြတယ်။ အန်တီ
နံပါတ်က ၁၅ ၊တင်လိုက်တယ် ပြီးသွားတော့ ဘယ်သူယူသွား
သလဲဆိုတော့ ဟိုတလောက ထွက်သွားတဲ့ ဗိုလ်မှူးကျော်ဆန်း
ရယ် လက်ရှိ ပြည်သူ့လွှတ်တော် ဒေါက်တာမြင့်လှိုင်က ယူ
သွားတယ်။ ဗဟိုတင်ဖို့ မူရင်းကို မိတ္တူကိုတော့ ထားခဲ့တာပေါ့။
ဗဟိုရောက်တော့ ဘလိုဖြစ်လဲဆိုတော့ အောင်နိုင်ရေးတွေ
ဖွဲ့တော့ အန်တီက ဘယ်မှ မပါဘူး။ အမေစုက ငါ့မကြိုက်လို့
မထည့်တာလို့ အန်တီစိတ်ထဲ ထင်ခဲ့တယ်။ တစ်နေ့ကျတော့
အန်တီ အိမ်ရှင် ဦးညွန့်ဝေ လက်ရှိ ပဲခူးတိုင်း စီအီးစီက
သမီးနင်ဘယ်မှ မပါပါလား။ နင်စစ်ကိုင်းတိုင်း မသွားဘူးလား။
သွားတာပေါ့ ဆိုတော့ ငါ့ကိုသက်သေ ပြလို့ပြောတယ်။
အန်တီလည်း စစ်ကိုင်းတိုင်း တိုင်းဥက္ကဌ ဦးမောင်မောင်ကို လှမ်းခေါ်ပြီးတော့
ပြောရတယ်။ ဒီစာရင်းကို တောင်းပြီးတော့
ပြရတယ်(ဗဟိုသို့တင်သော အောင်နိုင်ရေး လူစာရင်း)။
ရုံးကိုလိုက်ခဲ့ဆိုပြီး ဒီဟာကို ယူသွားတယ်။ ရုံးရောက်တော့
ရုံးပေးမှာတင်ထားတဲ့ ဦးဝင်းမြင့် ကိုပေးယူခဲ့စမ်းဆိုပြီး
တောင်းကြည့်တော့ အန်တီနာမည် မပါတော့ဘူး။ အဲ့ဒါနဲ့ ဒေါက်တာမြင့်နိုင်ကို
ကဲအဲ့ဒါ ဘယ်လိုဖြစ်ရတာလဲ
ပြောဆိုတော့ အဘရယ် ကျွန်တော် ဖော်ကောင်ဘညွန့် လုပ်ပါ့မယ်ဆိုပြီးတော့
နင်ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ရင်တိုင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်မလုပ်ရ
လည်းနေ ငါပြောမယ်ဆိုပြီး ပြောတာ ငါတို့နင်ပါတဲ့ ဒီစာရွက်ကို
ယူလာတော့ မန္တလေးမှာ ဦးအုန်းကြိုင် ဆီမှာအိပ်တယ်တဲ့။
အဲ့တော့ ဦးအုန်းကြိုင်ဆီက စာရွက်တောင်းပြီးတော့
ကျော်ဆန်းက နင်နာမည်ပါတဲ့ အပေါ်ဆုံးစာရွက်ကို ယူပြီးပြင်
တယ်တဲ့။ နင့်နာမည် ဖျက်ပြီး လက်မှတ်တွေ အတုထိုးတယ်တဲ့။
အဲ့ဒါကြောင့် နင်က အောင်နိုင်ရေးမှာ မပါတာတဲ့။ မပေးလည်း
နေ အန်တီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကို
ဘာတာဝန်မှ မရှိလည်း အောင်နိုင်ရေး အစကနေ အဆုံးအထိ
ကူညီတယ်။ ပြီးတော့ အန်တီတိုင်းက လူက ခရိုင်ဖွဲ့တော့
ဗဟိုက မဖွဲ့ရတော့ ခရိုင်မှာပါလာပြန်ရော။ အန်တီက
မြို့နယ်တွေလိုက်ဖွဲ့ရတယ်။ မဖွဲ့ရတာ ဘန်းမော်နဲ့ ကသာပဲ
ရှိတယ်။ သူတို့တွေက ဦးမြင့်ကြည် မရှိလို့ဆိုပြီး အဖွဲ့
အခံပြန်ဘူး။ (၇)မြို့နယ်ရှိတာ(၅)မြို့နယ်ကို အန်တီတို့ဖွဲ့
ခဲ့တယ်။ ဘယ်သူကြွေးတာမှ မစားမသောက်ခဲ့ဘူး။
ရန်ကုန်လည်း အန်တီရောက်ရော ဒီလှိုင်းသတင်းစာမှာ ခရိုင်ဖွဲ့စည်းရေးမှာ
ဒေါ်မိမိကြီး နာမည်ဖြုပ်ပြီး ကသာက
ဦးမြင့်ကြည်ဆိုတဲ့ နာမည်ထည့်တယ်။ ဘယ်မှလည်းမပါ
ဘာမှလည်း မလုပ်တဲ့သူက အဲ့ဒါ ဗဟိုကလုပ်တာ။
အန်တီကို နိုင့်ထက် စီးနင်းလုပ်တယ်။ အန်တီက ကဲနေပစေ ဆိုပြီး
နေလိုက်ပြန်ရော။ ဒီအောက်ခြေ ရွေးချယ်ပွဲကြီး ဖြစ်တဲ့ မြို့နယ်
ရွေးချယ်ပွဲကြီး နိုင်ငံလုံး အမေစုတောင် ဆင်းပြီး
ရွေးချယ်ခံတာ ဗဟိုဦးစီးက လုပ်လို့ မရဘူးဆိုပြီး အန်တီ
ကောလင်းမှာ သွားပြီး အရွေးခံတယ်။ အခွေလည်းရှိတယ်။
ရိုးရိုးသားသား တာလီခြစ်ပြီးတော့ ဝင်ရောက် အရွေးခံတယ်။
အန်တီက တတိယ မဲအများဆုံးနဲ့ ဗဟိုညီလာခံ ကိုယ်စားလှယ်
ဖြစ်လာတယ်။ ဖြစ်လာတဲ့ အခါမှာလည်း ခုအန်တီကို နီ်းခံနီ်းမှ
ဗဟိုညီလာခံ တက်ခါနီးမှ ၅ရက်နေ့က ထုတ်လိုက်တယ်။ ဒါဗဟို ဦးစီးစနစ်
ခေါက်ရိုး ကြိုးစနစ် ကြီးနိုင်ငယ်ငြင်း စနစ်တွေ မပျောက်
သ၍ အန်တီတို့ ၂၀၁၅အတွက် NLD ပါတီကြီး အတွက်
ရင်လေးတယ်။ ဒါတွေအမေစု မသိဘူး။ တစ်ချို့ကိစ္စတွေက လက်လွန် ခြေလွန်
ဖြစ်ပြီးမှ အမေစုသိတာ။ အန်တီက ၂၀၁၅တင်
မဟုတ်ပဲ ဒီပါတီကြီး ရှိနေသ၍ ပါတိကို လုံးဝသစ္စာမဖောက်၊ ဘယ်နေ၇ာမှမရလည်း
ပေးတဲ့တာဝန်ကို ကိုယ့်အသိစိတ်ဓာတ်နဲ့
လုပ်သွားမယ်။ အမေစုက ပြောတယ်လေ လမ်းပေါ်က အမှိုက်၊
ဂဲတစ်လုံး ဖယ်ပေးလည်း ဒါနိုင်ငံရေးပဲ။ အဲ့လို နိုင်ငံရေးလည်း
အန်တီလုပ်ရဲတယ်။ လုပ်နိုင်တယ်။
Credit: The Myanma Age / အောင်သိုက်

2 comments :

Anonymous said...

ဒေါ်မိမိကြီး...မဟုတ်ဇတ်တွေသိပ်မလုပ်ပါနဲ့လား......သူများတွေခင်ဗျားအကြောင်းမသိဘူးထင်နေတာလား...ဂျပန်ကြီးကိုသိတယ်မဟုတ်လား။

Anonymous said...

ဦးညွန်ဝေ နဲ့ တော်စပ်ပုံ ကြားရတာ မရှင်းမရှင်း...p