Friday 19 April 2013

ဒီနေ့  သတင်းများ

မနေ့က ကြာသာပတေးည (ဧပြီ ၁၈ရက်) ညနက်အချိန် နဲ့ ဒီနေ့သောကြာနေ့ (ဧပြီ ၁၉ရက်) မနက်လင်းအားကြီးအချိန် အတွင်းမှာ ဘော်စတွန် ရဲအရာရှိတွေ နဲ့ သံသယရှိသူလူငယ်နှစ်ဦးတို့ အပြန်အလှန် ပစ်ခပ်မှုဖြစ်ပွါးခဲ့ပါတယ်။
ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ နှစ်ဦးအား တစ်ဦးအသေဖမ်းဆီးမိကာ ကျန်တစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်းသိရပါတယ်။

မနေ့ည (ဧပြီ ၁၈ရက်) ည ၁၀နာရီ ၂၀ မီးနစ်ခန့်မှာ မာဆာချုးဆက် နည်းပညာ တက္ကသိုလ် (MIT) ဝင်းထဲ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး နှင့် လူငယ်နှစ်ဦးအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ရဲအရာရှိ ဒဏ်ရာပြင်းထန် စွာ ရရှိသွားခဲ့ရပြီး မာဆာချုးဆက် အထွေထွေရောဂါကုဆေးရုံကြီး (Massachusetts General Hospital) မှာ ရဲအရာရှိကွယ်လွန်သွားရပါတယ်။

ဖြစ်ပွါးပုံမှာ မာဆာချုးဆက် နည်းပညာ တက္ကသိုလ်အတွင်းရှိ ဆဲဗင်းအလဲဗင်းစတိုး ကို လုယက်အကြမ်းဖက်မှု ကျူးလွန်ဖို့ လူငယ်နှစ်ဦးရဲ့ အားထုတ်ကြိုးပမ်းမှုအား ရဲအရာရှိမှ ဟန့် တားမှုပြုရန် ကြိုးစားရာမှ ရဲအရာရှိ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။ မာဆာချုးဆက် နည်းပညာ တက္ကသိုလ် (MIT) ရဲအရာရှိတွေ သတင်းပေးပို့ချက်အရ ပစ်ခတ်သူလူငယ်နှစ်ဦး အဖြစ်စတင်သိရခြင်းဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး မီးနစ် ၃၀ အကြာ ထိုလူငယ်နှစ်ဦးမှာ ကင်းဘရစ်ဓါတ်ဆီဆိုင် (Cambridge gas station) မှ ကားမောင်းထွက်သွားကြောင်း သိရပြီး ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ်နှစ်ဦး နှင့် ဘော်စတွန် ရဲအရာရှိတွေ က ဆက်စပ်ခန့်မှန်း မိသွားခဲ့ပါတယ်။

ဘော်စတွန် ရဲအရာရှိတွေဟာ လူငယ်နှစ်ဦး အသုံးပြုတဲ့ကားကိုခြေရာခံလိုက်ရာမှ အနီးကပ် ရင်ဆိုင်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပါတယ်။ လူငယ်နှစ်ဦး က ပေါက်ကွဲစေတဲ့ အရာတွေကို လမ်းမပေါ်အရင်ပစ်ချပြီးမှ ရဲတွေနဲ့စတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ လူငယ်နှစ်ဦးမောင်းနှင်အသုံးပြုနေတဲ့ကား ဟာ မာစီတီး (Mercedes-Benz) ကားဖြစ်ပြီး ကားကိုခိုးယူလာတယ်ဆိုပါတယ်။

ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ နှစ်ဦးအနက်မှ တစ်ဦးကိုအသေဖမ်းမိ ကာ တစ်ဦးမှာလွတ်မြောက်နေဆဲ အချိန် ဖြစ်တာမို့ ဘော်စတွန်မြို့ရှိ လူထုဆက်သွယ်ရေးတွေဖြစ်တဲ့ ရထား ကား ဘတ်စ်ကားလိုင်းတွေအားလုံးကို ပိတ်ထားလိုက်တဲ့အပြင် လူတွေအားလုံးရဲ့ လမ်းပေါ်ကားမောင်းခွင့် ကိုပါပိတ်ပင်ထားပါတယ်။ လူတွေအားလုံး အိမ်တွေထဲမှာပဲ နေထိုင်ဖို့ညွန်ကြားထားပါတယ်။ လူစိမ်းတွေ တံခါးခေါက်ရင်ဖွင့်မပေးဖို့ ပါ ညွန်ကြားထားပါတယ်။ လက်နှက်တွေအပြည့်တပ်ဆင်ထားတဲ့ ရဲအရာရှိမြောက်များစွာတွေဟာ ဘော်စတွန် ဝါတားတောင်းမြို့လေးမှာ တစ်အိမ်တက် တစ်အိမ်ဆင်း လွတ်မြောက်နေဆဲအကြမ်းဖက်သမားကို လိုက်လံရှာဖွေနေကြပြီဖြစ်ပါတယ်။ စားသောက်ဆိုင်တွေ အလုပ်တွေ ရုံးတွေ ကျောင်းတွေအားလုံးကို ပိတ်ထားလိုက်ပြီး လွတ်မြောက်နေဆဲ ဗုံးခွဲအကြမ်းဖက်သမားကို ပိုက်စိတ်တိုက်ရှာဖွေနေကြပြီဖြစ်ပါတယ်။

------------------------------------------------

ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ် နှစ်ဦးဟာ ဘော်စတွန် ကွန်မြူနတီကောလိပ်မှာ အင်ဂျင်နီယာဘာသာ သင်ယူနေကြတဲ့ မူဆလင် ညီအကိုနှစ်ဦးဖြစ်ပါတယ်။ ရုရှားပြည်ထောင်စုကခွဲထွက်သွားတဲ့ CHECHNYA (ဥရောပရဲ့ အရှေ့တောင်အရပ် ) က ကျောင်းလာတက်ကြတဲ့ ညီအကိုတွေဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကို ကျောင်းသားဗီဇာ နဲ့ ဝင်လာကြသူတွေဖြစ်ပါတယ်။ ဗုံးခွဲအကြမ်းဖက်သူ အကိုကြီးဖြစ်သူ က အခုသေသွားပြီဖြစ်ပါတယ်။ ဗုံးခွဲအကြမ်းဖက်သူ ညီငယ်ကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ အခု ဘော်စတွန် မာဆာကျူးဆက် ဝါးတားတောင်းမြို့လေးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေပါတယ်။

-------------------------------------------------------------------------------------------

ဘော်စတွန် ဗုံးခွဲအကြမ်းဖက်သူ လူငယ် နှစ်ဦး နာမည် ထုတ်ပြန်ပြီ

ဘော်စတွန်မာရသွန်ပြေးပွဲ ဗုံးခွဲအကြမ်းဖက်သူ လူငယ် နှစ်ဦး နာမည် ထုတ်ပြန်ပြီ ဗုံးခွဲအကြမ်းဖက်သူအဖြစ် သံသယရှိသူ နှစ်ဦးမှ အကြမ်းဖက်သူအကိုကြီးက အသက် ၂၆နှစ်ရှိပြီး အမည်မှာ Tamerlan Tsarnaev ဖြစ်ပါတယ်။ အကြမ်းဖက်သူ ညီငယ်က အသက် ၁၉နှစ်ရှိပြီး အမည်မှာ Dzhokhar Tsarnaev ဖြစ်ပါတယ်။ အမေရိကား မှာ အထက်တန်းအောင်ကြပြီး ကွန်မြူနီတီ တက္ကသိုလ်ကျောင်းလေးမှာ ကျောင်းတက်နေကြသူတွေဖြစ်ပါတယ်။

 တရုပ်-မြန်မာ သတင်း 

ချစ်ကြည်ရေး ခရီးစဉ် အတွက် တိုင်းရင်းသားများကို တရုတ်ဖိတ်ကြား

    Friday, 19 April 2013 
      အဲာပိုန်
 
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီသည် တရုတ်ပြည်ကို လာရောက်လည်ပတ်ရန် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသားပါတီ တချို့ကို ဖိတ်ကြားခဲ့သည်ဟု ဖိတ်ကြား ခံထားရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ အထွေအထွေ အတွင်းရေးမှုး စိုင်းလှကျော်က ပြောပါသည်။

“မနက်ဖြန် သွားရမဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ တရုတ်ဘက်က ဘာပြောမှာလဲတော့ မသိသေးဘူး။ ကျနော်တို့ အစိုးရ ကိုယ် စားလှယ် အဖွဲ့ ဘက်ကတော့ ဒီဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို တရုတ်အစိုးရက တာဝန်ယူ ဖြေရှင်း ပေးဖို့ သွားရောက် တင်ပြတဲ့ အစီစဉ်ရှိပါတယ်။” ဟုဆိုပါသည်။

ကိုယ်စားလှယ်များသည် မနက်ဖြန် ရန်ကုန်မြို့မှ စတင်ထွက်ခွား မည်ဖြစ်ကြောင်း ၊ ဖိတ်ကြားခံရသည့် တိုင်းရင်းသားပါတီ တို့မှ တစ်ဖွဲ့လျှင် (၂) ဦးစီ သွားရောက်ကြမည် ဖြစ်သည်။

တရုတ်သံရုံးမှတဆင့် ဖိတ်ကြားထားသော တိုင်းရင်းသားပါတီများမှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဝင် ပါတီဖြစ်သည့် မွန် ဒေသလုံး ဆိုင်ရာ ဒီမိုက ရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ဖြစ်ပါသည်။ ၄င်း အပြင် အမျိုးသားဒီမိုကရေစီ အင်အားစုများနှင့်  တိုင်းရင်းသား စည်းလုံးညီညွန့်ရေး ပါတီ တို့ကိုလည်း ဖိတ်ကြားခဲ့ပါသည်။

တရုတ်ပြည် ကွန်မြူနစ်ပါတီသည် မြန်မာ့ နိုင်ငံရေး ပါတီများကို လွန်ခဲ့သည့် လက ဖိတ်ကြားခဲ့ပြီး တရုတ်ပြည်သို့ ပထမဦးဆုံးအကြိမ် သွားရောက်သည့် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါသည်။ မြန်မာအစိုးရကလည်း ဤခရီးစဉ် လုံခြုံချောမွေ့ စေရေး နှင့် လိုအပ်ချက်များ တင်ပြနိုင်ရန် အတွက် ဦးဆောင် စီစဉ်ပေးခဲ့ပါသည်။

“ အစိုးရအဖွဲ့ ကိုယ်စားလှုယ်တွေကတော့ တရုတ်ရဲ့အကြီးစား လုပ်ငန်းတွေကြောင့် လိုအပ်သွားတဲ့ ဒေသဖွံ့ဖြိုးမှု လုပ်ငန်း တွေ ဆောင်ရွက်ပေးဖို့ မျှော်လင့်ထားပါတယ်။ ပြီးတော့ ဒီခရီးစဉ်ကြောင့် မနေ့တစ်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ကျနော်တို့ ရခိုင်ပြည် နယ်က ဓါတ်ငွေ့ ပိုက်လိုင်း ကန့်ကွက်ခဲ့ တာတွေကိုလည်း ပြေလည်သွားစေလိမ့်မယ် ဆိုတဲ့ အစီအစဉ်နဲ့ တရုတ်အစိုးရထံ တင်ပြသွားဖို့ ဖြစ်ပါတယ်”ဟု ဆိုပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ ရှမ်းပြည်မြောက်ပိုင်း တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဖြစ်ပေါ် နေသည့် မြေယာလျှော်ကြေးပြသနာများ၊ လုပ်အားခနှုန်းထားများ၊ အလုပ်သမား သက်သာချောင်ချိရေးများ ကျန်မာရေး စောင့်ရှောက်မှုများ နှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် ရရှိရေးတို့ကို ဦးစားပေးပြီး တရုတ်အစိုးရထံ တင်ပြရန် မြန်မာ အစိုးရအဖွဲ့က ရည်ရွယ်ထားသည်ဟု စိုင်းလှကျော်က ပြောပါသည်။

ကြေးနီတောင် နမူနာများကို စံထားပြီး ရင်းနှီးမြှုပ်နှံသော နိုင်ငံခြား ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံရာတွင် လိုအပ်သော အပြင်အဆင်များ ပြည့်စုံရေးနှင့် တာဝန်ခံမှုအပြန်အလှန် ရှိရေး အပါဝင် အာမခံချက်ရှိသော သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ကိုပါ စောင့်ရှောက်ရန် လိုအပ်လှပါသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ပါတီချင်း အပြန်အလှန်ဆက်ဆံရေး မူအရ မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများကို ချစ်ကြည် ရေးခရီး စဉ်အဖြစ် ပထမဆုံး ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

အများပိုင်ပန်းခြံမြေတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုဆောက်လုပ်မှု အရေးယူမည်

Hits:1,523

တောင်ဥက္ကလာ ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ကွန်ဒိုအိမ်ရာစီမံကိန်း (ဓာတ်ပုံ -သာလွန်ဇောင်းထက် / ဧရာဝတီ)
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာ စီမံကိန်းတခု တည်ဆောက် နေမှုသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောဆိုသည်။
စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်က တောင်ဥက္ကလာပမြို့နယ်  အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် သစ္စာ လမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့်ပန်းခြံမြေနေရာကို  ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူခဲ့သည့်အပြင် ရုံးအောက်တွင် ဆိုင်ခန်း ၁၀ ခန်းဖွင့်လှစ်ငှားရမ်းခဲ့ ကြောင်း၊၂၀၀၉ ခုနှစ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသောအခါ ပန်းခြံမြေနေရာတွင် ဆောက်လုပ်ထားသော အဆောက်အအုံကို ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့ ကြောင်း၊ ယခုအခါ ကြံ့ခိုင်ရေး ပါတီရုံးခန်းနှင့်မြေနေရာတွင် ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီ နှင့်ပူးပေါင်း အဆင်မြင့်ကွန်ဒို အိမ်ရာ စီမံကိန်း တခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း တောင်ဥက္ကလာ ၉ ရပ်ကွက် ဒေသခံများက ပြောဆိုကြသည်။
“ကျနော်တို့ ၉ ရပ်ကွက်ထိပ်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့် ပေ ၁၅၀ နဲ့ ပေ ၁၃၀ အကျယ် အ၀န်း ရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလေးရှိတယ်။ ၁၉၉၂ ခုနှစ်မှာ ကြံ့ခိုင်ရေးအသင်းက အဲဒီမြေနေရာကို သိမ်းတယ်။ ရုံးဆောက်လိုက်တယ်။ စစ်အစိုးရလက်ထက်တုန်းကဆိုတော့ ကျနော်တို့က မပြောရဲမဆိုရဲကြဘူး။ နောက်တော့ ကြံ့ခိုင်ရေး ပါတီဖြစ်လာတော့အဲဒီနေရာကို ပါတီပိုင်မြေအဖြစ် ဆက်သိမ်းတယ်။ အခု ရန်နိုင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ကြံ့ခိုင်ရေးပါတီတို့ပေါင်းပြီး  ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်ဖို့ စနေပြီ။ တကယ်ပဲကြံ့ခိုင်ရေးပါတီက ပြည်သူ့ဆန္ဒကို လေးစားတယ်ဆိုရင် အဲဒီပန်းခြံမြေနေရာလေးပြန်ပေးစေချင်ပါတယ်။ ရပ်ကွက်သာရေး၊ နာရေး၊ တရားပွဲ လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲတွေအားလုံး အဲဒီနေရာလေးမှာပဲ ကျင်းပခဲ့တာ။ ရပ်ကွက်ပြည်သူတွေက အဲဒီပန်းခြံမြေကွက်လပ်ကို ပြန်လိုချင်တယ်” ဟု ၉ ရပ်ကွက်ဒေသခံဦးအေးဇော်က ပြောသည်။
အများပိုင်ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်လုပ်မှုနှင့်စပ်လျဉ်းပြီး တောင်ဥက္ကလာ ၉ ရပ်ကွက်ဒေသခံ ၁၆ ဦးက နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိကြောင်း၊ ကွန်ဒိုအိမ်ရာ ဆက်လက်တည်ဆောက်ပါက ဒေသခံပြည်သူများက တရားဝင်ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိ သည်ဟု ဒေသခံများက ဆိုသည်။
“သမ္မတဦးသိန်းစိန်ဆီ လွန်ခဲ့တဲ့ လပိုင်းလောက်က စာတင်တယ်။ ရပ်ကွက်မြေကို ပြန်ပေးဖို့ တင်ပြတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတဦးက စာတင်တဲ့သူတွေကို ခေါ်ပြီးမေးမြန်းတာကလွဲလို့ ဘာမှ ထူးခြားချက်မရှိ ဘူး” ဟု ၉ ရပ်ကွက်ဒေသခံတဦးက ရှင်းပြသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်ကမူ ကြံ့ခိုင်ရေးပါတီက တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူပိုင် ပန်းခြံမြေနေရာကို သိမ်းယူပြီး ကွန်ဒိုဆောက်လုပ်မှုသည် စစ်အစိုးရပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်တင်းစွာပင် ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေချိုးဖောက်မှုကို အရေးယူနိုင်ရေး လွှတ်တော်မှ တဆင့် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“အခု လွှတ်တော်ကနေတဆင့် မေးခွန်းမေးထားတယ်။ အများပိုင်မြေကွက်ကို ဘာလို့ သိမ်းသလဲဆိုတာ မေးထားတယ်။ အဲဒီအဖြေရတာနဲ့ ကျနော်လုပ်စရာရှိတာတွေ လွှတ်တော်ကို တင်ပြပြီး ဆက်လုပ်သွားမယ်။ ဒီဖြစ်စဉ်က နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ မှာပါတဲ့ နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေတာပဲ။ ပြည်သူတွေကလည်း အဲဒီမြေကွက် လေးလိုချင်လို့ ကျနော့်ကို လာအကူအညီတောင်းတယ်။ ဒီမိုကရေစီခေတ်မှာ  ပြည်သူ့ဆန္ဒမဲကို အခြေခံတဲ့ ရွေးကောက်ပွဲ စနစ်နဲ့သွားနေတာပဲ။ ပြည်သူငြိုငြင်ရင် ပြည်သူ့ဆန္ဒမဲရမှာမဟုတ်ဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ တောင်ဥက္ကလာ မြို့နယ်ကြံ့ခိုင်ရေးပါတီ၏ တာဝန်ခံလည်းဖြစ်သူ ဦးအောင်သိန်းလင်းကမူ ၉ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးမြေကွက်သည် ဂရန်ရှိ မြေကွက်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအနေဖြင့် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့်ပူးပေါင်းပြီး အခန်းပေး၊ အခန်းယူစနစ်နှင့် ကွန်ဒိုအိမ်ရာစီမံကိန်းတည်ဆောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်ရရှိထားကြောင်း၊ ထို့ကြောင့် ကွန်ဒိုအိမ်ရာစီမံကိန်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားပြီး ထိုမြေကွက်သည် ပြည်သူပိုင် ပန်းခြံမြေကွက်ဖြစ်ခဲ့သည်ဆိုသော မေးခွန်းကို မူ ဖြေဆိုခြင်းမပြုခဲ့ပေ။
“ဂရန်လည်းရှိပါတယ်။ ကြာလှပါပြီ။စည်ပင်သာယာကလည်း ခွင့်ပြုလို့ ခွင့်ပြုချက်ကျပြီးမှ ဆောက်တာပါ။ ကြံ့ခိုင်ရေး အဆောက်အဦးကို အခန်းပေးအခန်းယူ စနစ်နဲ့ဆောက်တာပါ။ ဂရန်မရှိရင် ခွင့်ပြုချက်ဘယ်ပေးမလဲ၊ ပါမစ်ဘယ်ပေးမလဲ” ဟု ဦးအောင်သိန်းလင်းက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ယခင်စစ်အစိုးရ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်း လည်းဖြစ်သူ လက်ရှိသမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် နေရာအများစုအနိုင်ရရှိခဲ့သည်။

မွတ်ဆလင်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် တိုကျိုတွင် ဘာပြောခဲ့သလဲ
================================================
ရခိုင်ဒေသနှင့် မိထ္ထီလာ ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ နိုဘယ်ငြိမ်း ချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ မွတ်ဆလင်များအတွက် အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့တယ်လို့ RFA သတင်း အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားခဲ့ပါတယ်။

“ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာ ကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြ ပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက် သွားအောင် ဖန်တီးနေတာက တကယ် စိတ်မ ကောင်း စရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်း စရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေး အရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

ထို့ပြင် မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သူမ အနေဖြင့် လူမျိုးစု တို့ နိုင်ငံသားဖြစ်ခွင့်အတွက် အကြိမ်များစွာ ပြောဆိုခဲ့ကြောင်း၊ သူမ၏ ပြောဆိုချက်များသည် လူတိုင်းအတွက် ကျေနပ်စရာ ဖြစ်မည် မဟုတ်ကြောင်းကိုလည်း ပြောပြခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက်မဖြေကြားခဲ့ချေ။

“ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည် သုံး သပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေးဖို့ လိုအပ်နေ တယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက် ရပါလိမ့်မယ် ” ဟု သတင်းထောက် များအား ပြောဆိုခဲ့သည်။
http://www.rfa.org/english/news/burma/muslim-04172013204636.html
Suu Kyi 'Very Sad' Over Muslim Plight in Burma
=================================
Opposition leader Aung San Suu Kyi expressed sadness Wednesday that some of Burma's Muslim leaders whom she met recently felt as if they did not belong to the country.

In rare comments on sectarian violence at a news conference during her Japan visit, she said Buddhist-majority Burma must learn to accommodate divergent views and that the minority Muslim community must be made to feel secure.

"I've met some Muslim leaders very recently," she said of her talks last week with representatives from the country’s leading Islamic groups following deadly March violence between Muslims and Buddhists in central Burma.

"It is very sad, because none of them has been to any other country apart from Burma. They did not feel that they belonged anywhere and it was sad for them that they were made to feel that they didn't belong in our country either," Aung San Suu Kyi said.

"This is a very sad state of affairs. We must learn to accommodate those with different views from ours."

Speaking separately Wednesday to students at Tokyo University, Aung San Suu Kyi said she was "not a magician" to make deep-rooted ethnic disputes disappear instantly, in an apparent reference to criticism from rights and other groups against her for being largely silent over the communal clashes and minority rights.

At least 43 people were reported dead and thousands, mostly Muslims, driven from their homes and businesses in the latest violence in central Burma.

"They wanted me to talk about how to make these communal differences disappear ... I'm not a magician. If I were, I'd say 'disappear' and they would all disappear. Differences take a long time to sort out," she said, according to Reuters news agency.

Citizenship

She also said that the government of President Thein Sein should review Burma's citizenship laws, although she again failed to directly answer a question on whether she considered the Muslim Rohingyas, who had lived for generations in the country, to be citizens.

Burma, she said, is entitled to abide by its own laws, such as its citizenship law, but it also has to assess those laws to ensure they comply with international standards.

"This is what the Burmese government should do, to face the issue of citizenship fairly," she was quoted saying by the Associated Press.

"I have said that any violation of human rights and any acts of violence are inimical to a united and peaceful society and I stand by that," said Suu Kyi, a Nobel laureate who was locked up for 15 years by Burma's former military junta. 

Last year, clashes between Muslim Rohingyas and Buddhist Rakhines occurred twice in Burma's Rakhine state, leaving at least 180 dead and tens of thousands homeless. Rights groups said Rohingyas bore the brunt of the violence.

Around 800,000 Muslim Rohingyas live in Rakhine state but most of them, according to rights groups, have been denied citizenship as they are considered by most Burmese and the government to be illegal immigrants from neighboring Bangladesh.

The stateless Rohingyas have been described by the U.N. as one of the world's most persecuted minorities.

Aung San Suu Kyi defended her conciliatory political style, saying her focus was on building a more unified society rather than making headlines, Agence France-Presse reported.

She said she has been addressing the plight of minority groups albeit in ways that people may consider "boring."

"In fact, I have been speaking all the time about ethnic nationalities. But the point was that my statements were not colorful enough to please everybody," she told the press conference.

The recent violence in central Burma has been linked to radical monks and triggered international concerns. Rights groups accused the security forces of standing by while the attacks, which appeared to be well organized, took place.
မွတ်ဆလင်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် တိုကျိုတွင်ဝမ်းနည်းကြောင်းထုတ်ဖေါ် 

ရခိုင်ဒေသနှင့် မိထ္ထီလာ ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ နိုဘယ်ငြိမ်း ချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ မွတ်ဆလင်များအတွက် အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့တယ်လို့ RFA သတင်း အင်္ဂလိပ်ပိုင်းမှာ ဖော်ပြထားခဲ့ပါတယ်။

“ မကြာသေးခင်ကပဲ မွတ်စ်လင်မ်ခေါင်းဆောင်တစ်ချို့နဲ့ ကျွန်မ တွေ့ဆုံလာခဲ့ပါတယ်။ သူတို့ဟာ မြန်မာ ကလွဲပြီး တခြားနိုင်ငံကို မရောက်ဖူးကြပါဘူး။ မြန်မာကလွဲပြီး တခြားဘယ်နေရာကိုမှ အမိမြေအဖြစ် မခံယူကြ ပါဘူး။ သူတို့ကို ကျွန်မတို့ရဲ့နိုင်ငံသားမဟုတ်သလို အထင်ရောက် သွားအောင် ဖန်တီးနေတာက တကယ် စိတ်မ ကောင်း စရာပါ။ ဒီအနေအထားမျိုးက တကယ်ဝမ်းနည်း စရာကောင်းတဲ့ ဖြစ်စဉ်ပါ။ ကျွန်မတို့အနေနဲ့ ဒီအရေး အရာတွေကို အခြားရှုထောင့်အမြင်ကနေ အံဝင်ခွင်ကျဖြစ်လာစေဖို့ ချဉ်းကပ်လေ့လာရပါလိမ့်မယ် ”။

ထို့ပြင် မြန်မာနိုင်ငံသားဥပဒေကိုလည်း အစိုးပိုင်းမှ ပြန်လည် သုံးသပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။ သူမ အနေဖြင့် လူမျိုးစု တို့ နိုင်ငံသားဖြစ်ခွင့်အတွက် အကြိမ်များစွာ ပြောဆိုခဲ့ကြောင်း၊ သူမ၏ ပြောဆိုချက်များသည် လူတိုင်းအတွက် ကျေနပ်စရာ ဖြစ်မည် မဟုတ်ကြောင်းကိုလည်း ပြောပြခဲ့သည်။ သို့သော် ရိုဟင်ဂျာများမှာ နိုင်ငံသား ဟုတ်မဟုတ် ကိစ္စကိုမူ တိုက်ရိုက်မဖြေကြားခဲ့ချေ။

“ နိုင်ငံသားဆိုင်ရာ ဥပဒေများဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့မကိုက်ညီယင် ဖြစ်နိုင်ချေများကို ပြန်လည် သုံး သပ်ဖို့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလုပ်နိုင်အောင် သတ္တိမွေးဖို့ လိုအပ်နေ တယ်။ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး တရားမျှတစွာ ရင်ဆိုင်ဆောင်ရွက် ရပါလိမ့်မယ် ” ဟု သတင်းထောက် များအား ပြောဆိုခဲ့သည်။
http://www.rfa.org/english/news/burma/muslim-04172013204636.html
Suu Kyi 'Very Sad' Over Muslim Plight in Burma

w Aung shared Zin Yaw's photo.
မဒေးကျွန်း ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက ခေါ်ယူစစ်ဆေး
Friday, April 19, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ စီအန်ပီ တရုတ်ကုမ္ပဏီကို တောင်းဆို ဆန္ဒပြခဲ့တဲ့ သူတွေထဲက ခေါင်းဆောင်တချို့ကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးနေပါတယ်။မနေ့ညနေပိုင်းက စီအန်ပီစီ (China National Petroleum Cooperation) ကုမ္ပဏီဝင်းထဲ နေပူကြဲကြဲမှာ ၁ နာရီကြာ ဆန္ဒပြပေမယ့်လည်း တရုတ်ကုမ္ပဏီဘက်က တဦးမှ ထွက်မတွေ့ဘဲ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူး၊ လုံခြုံရေးတပ်သားတွေ ရောက်လာပြီး လူစုခွဲခိုင်းတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

ဒီနေ့ ကျနော်တို့ကို စဖမ်းပြီ။ ကျောက်တန်းက ၃ ယောက်၊ ရွာမက သုံးယောက်၊ ပန်းတိမ်ကနေ သုံးယောက်၊ ကျနော်ရယ်ကို ဖမ်းမယ်။ မောင်မြင့်နိုင်၊ မောင်မောင်မြင့်၊ မောင်ယဉ်လှတို့ သုံးယောက်ကို ဖမ်းပြီး စစ်ဆေးတယ်။ ပြီးတော့ အာမခံရှာခိုင်းတယ်။ မောင်ယဉ်လှက အာမခံရှာဖို့ ရွာကို ရောက်နေတယ်လို့ သတင်းရတယ်။ နောက်ပြီး ကျနော့်အိမ်ကိုလာတယ်လို့ အိမ်ကလူတွေပြောတယ်။ ထွန်းကြည် ရောက်ရောက်ချင်း စခန်းကို လွှဲလိုက်ပါ၊ အာမခံဖို့ လူဘယ်နှယောက်ခေါ်လာခဲ့လို့ ပါတယ်။ ၉ နာရီဝန်းကျင်လောက်က လာပြောတာပါ။ ကျနော်တို့က လုပ်ထားပြီးပြီ။ ပေးတဲ့အပြစ်ကို ခံယူဖို့က အသင့်ပဲ။”

သူ့အနေနဲ့တော့ လောလောဆယ် ကျောက်ဖြူမြို့ကို ရောက်နေတဲ့အတွက် ညနေပိုင်း မဒေးကျွန်းပြန်မှ ရဲစခန်းကို သွားမယ်လို့ ဆိုပါတယ်။အာမခံနဲ့ ပြန်လွတ်လာသူတွေ ပြောပြချက်အရ ရဲစခန်းက သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေယူပြီး ဆန္ဒပြပွဲမှာဝတ်တဲ့ တီရှပ်ကို ဘယ်ကငွေနဲ့ထုတ်သလဲ၊ ဆန္ဒပြဖို့ ဘယ်အဖွဲ့အစည်းက ကူသလဲ စသဖြင့် မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မနေ့က ဆန္ဒပြခဲ့ပွဲမှာ အာဏာပိုင်တွေဘက်က တားဆီးတာတွေ မရှိကြောင်း၊ ဒါပေမယ့် တောင်းဆိုချက် ၉ ချက်ထဲမှာ ဘယ်အချက်ကို လိုက်လျောပေးမလဲဆိုတာ ရေရေရာရာ အဖြေမသိခဲ့ရဘူးလို့ ပြောပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးက လမ်းပြင်ပေးမယ်လို့ ပြောပေမယ့် ဘယ်တော့စပြင်မယ်၊ ဘယ်နှစ်အတွင်း အပြီးလုပ်မယ်ဆိုတာ မပြောကြောင်း၊ တရုတ်ကုမ္ပဏီဘက်က မဒေးကျွန်းကို ဒီနေ့ ရောက်လာမှာဖြစ်ပြီး ရွာသားခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူးတွေပါ ခေါ်ပြီးတော့ သူတို့တောင်းဆိုတဲ့ကိစ္စ ညှိနှိုင်းဖို့ ရှိတယ်လို့ ပြောပေမယ့် ခုချိန်ထိ အကြောင်းမကြားသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

စီအန်ပီစီ ကုမ္ပဏီဟာ မဒေးကျွန်းမှာ ရေနံစိမ်းတင် ဆိပ်ကမ်းတခုနဲ့ ရေနံသိုလှောင်ဖို့ အင်မတန်ကြီးမားတဲ့ တိုင်ကီကြီး ၁၂ လုံးကို တည်ဆောက်နေပြီး အဲဒီစီမံကိန်းမှာ ရွာသားပိုင် စားကျက်မြေတွေ ဆုံးရှုံးခဲ့ရသလို တနိုင်တပိုင် ငါးဖမ်းဧရိယာ ကန့်သတ်ခံရတာ၊ ရွာသားတွေ အလုပ်အကိုင် ရှားပါးလာတာတွေကြောင့် သူတို့နစ်နာချက်တွေ ထုတ်ဖော်ဖို့နဲ့ အခွင့်အရေး ပြန်တောင်းဆိုဖို့ ဖြစ်လာတာလို့ ဦးထွန်းကြည်က ပြောပါတယ်။သူတို့ဆုံးရှုံးတဲ့ မြေဧကပေါင်း ၄၀၀ ကျော်ရှိပြီး ဒီပြဿနာကို စုံစမ်းစစ်ဆေးဖို့ လွန်ခဲ့တဲ့ ၆ လ လောက်က နေပြည်တော်က လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ရောက်လာခဲ့ပေမယ့် စစ်ဆေးတဲ့အဆင့်ပဲရှိပြီး ခုထိ ဘာမှ အရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

မဒေးကျွန်းရွာသားတွေဟာ စီအန်ပီစီကုမ္ပဏီကို ဆန္ဒပြဖို့အတွက် ၂၀၁၂ ခု နှစ်ကုန်ပိုင်းကစပြီး ၃ ကြိမ်တိုင်တိုင် အာဏာပိုင်တွေဆီ ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မကျဘဲ ဧပြီ၁၈ ရက်နေ့မှာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

DVB

ZinYawNews
မဒေးကျွန်း ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက ခေါ်ယူစစ်ဆေး
Friday, April 19, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ စီအန်ပီ တရုတ်ကုမ္ပဏီကို တောင်းဆို ဆန္ဒပြခဲ့တဲ့ သူတွေထဲက ခေါင်းဆောင်တချို့ကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးနေပါတယ်။မနေ့ညနေပိုင်းက စီအန်ပီစီ (China National Petroleum Cooperation) ကုမ္ပဏီဝင်းထဲ နေပူကြဲကြဲမှာ ၁ နာရီကြာ ဆန္ဒပြပေမယ့်လည်း တရုတ်ကုမ္ပဏီဘက်က တဦးမှ ထွက်မတွေ့ဘဲ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူး၊ လုံခြုံရေးတပ်သားတွေ ရောက်လာပြီး လူစုခွဲခိုင်းတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

ဒီနေ့ ကျနော်တို့ကို စဖမ်းပြီ။ ကျောက်တန်းက ၃ ယောက်၊ ရွာမက သုံးယောက်၊ ပန်းတိမ်ကနေ သုံးယောက်၊ ကျနော်ရယ်ကို ဖမ်းမယ်။ မောင်မြင့်နိုင်၊ မောင်မောင်မြင့်၊ မောင်ယဉ်လှတို့ သုံးယောက်ကို ဖမ်းပြီး စစ်ဆေးတယ်။ ပြီးတော့ အာမခံရှာခိုင်းတယ်။ မောင်ယဉ်လှက အာမခံရှာဖို့ ရွာကို ရောက်နေတယ်လို့ သတင်းရတယ်။ နောက်ပြီး ကျနော့်အိမ်ကိုလာတယ်လို့ အိမ်ကလူတွေပြောတယ်။ ထွန်းကြည် ရောက်ရောက်ချင်း စခန်းကို လွှဲလိုက်ပါ၊ အာမခံဖို့ လူဘယ်နှယောက်ခေါ်လာခဲ့လို့ ပါတယ်။ ၉ နာရီဝန်းကျင်လောက်က လာပြောတာပါ။ ကျနော်တို့က လုပ်ထားပြီးပြီ။ ပေးတဲ့အပြစ်ကို ခံယူဖို့က အသင့်ပဲ။”

သူ့အနေနဲ့တော့ လောလောဆယ် ကျောက်ဖြူမြို့ကို ရောက်နေတဲ့အတွက် ညနေပိုင်း မဒေးကျွန်းပြန်မှ ရဲစခန်းကို သွားမယ်လို့ ဆိုပါတယ်။အာမခံနဲ့ ပြန်လွတ်လာသူတွေ ပြောပြချက်အရ ရဲစခန်းက သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေယူပြီး ဆန္ဒပြပွဲမှာဝတ်တဲ့ တီရှပ်ကို ဘယ်ကငွေနဲ့ထုတ်သလဲ၊ ဆန္ဒပြဖို့ ဘယ်အဖွဲ့အစည်းက ကူသလဲ စသဖြင့် မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မနေ့က ဆန္ဒပြခဲ့ပွဲမှာ အာဏာပိုင်တွေဘက်က တားဆီးတာတွေ မရှိကြောင်း၊ ဒါပေမယ့် တောင်းဆိုချက် ၉ ချက်ထဲမှာ ဘယ်အချက်ကို လိုက်လျောပေးမလဲဆိုတာ ရေရေရာရာ အဖြေမသိခဲ့ရဘူးလို့ ပြောပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူ
းက လမ်းပြင်ပေးမယ်လို့ ပြောပေမယ့် ဘယ်တော့စပြင်မယ်၊ ဘယ်နှစ်အတွင်း အပြီးလုပ်မယ်ဆိုတာ မပြောကြောင်း၊ တရုတ်ကုမ္ပဏီဘက်က မဒေးကျွန်းကို ဒီနေ့ ရောက်လာမှာဖြစ်ပြီး ရွာသားခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူးတွေပါ ခေါ်ပြီးတော့ သူတို့တောင်းဆိုတဲ့ကိစ္စ ညှိနှိုင်းဖို့ ရှိတယ်လို့ ပြောပေမယ့် ခုချိန်ထိ အကြောင်းမကြားသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

No comments :