Saturday 27 April 2013

တရားမ၀င် ချမ်းသာကြွယ်ဝ နေသည့် အကျင့်ပျက် ထိုင်းအဆင့်မြင့် ရဲအရာရှိ နှင့် ဇနီး ကို ဖမ်းဆီး




ထိုင်းရာဇ၀တ်မှုတိုက်ဖျက်ရေး နှင့် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်တိုက်ဖျက်ရေး အထူးစုံစမ်းရေးအဖွဲ့ က ထိုင်းထိပ်တန်းအဆင့်မြင့် ရဲအရာရှိ နှင့် ဇနီး ဟာ တရားမ၀င် ကြွယ်ဝချမ်းသာနေတာ တွေ့ရှိခဲ့ရတဲ့ အတွက် ဖမ်းဆီးစစ်ဆေးမှုတွေ ကို ပြုလုပ်ခဲ့ပါတယ်လို့ ထိုင်းနိုင်ငံထုတ် သတင်းစာတွေ မှာ ရေးသားဖော်ပြ ခဲ့ကြတယ်။ 

ဖမ်းဆီးစဉ် ထိုင်းထိပ်တန်းအဆင့်မြင့် ရဲအရာရှိ နှင့် ဇနီး လက်ထဲ မှာ ငွေသား ၄၀၀,၀၀၀ ဘတ် တွေ့ရှိခဲ့ပြီး၊ သူတို့ရဲ့ ဘဏ် အကောင့် ထဲမှာ ဘတ်ငွေ ၁၅ သန်းကျော် စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားတယ်။ အခြားပိုင်ဆိုင်မှုတွေ ကို လည်းဆက်လက် ဖော်ထုတ် အရေးယူ စုံစမ်းစစ်ဆေးနေတယ် လို့ ဖော်ပြ ထားတယ်။ 

လောလောဆယ် ထိုင်းထိပ်တန်းအဆင့်မြင့် ရဲအရာရှိ နှင့် ဇနီး တို့ ပိုင်ဆိုင်တဲ့ ဘတ်ငွေ ၈ သန်း ကျော် မြေနှင့် အိမ်ယာအဆောက်အအုံ၊ ဘတ်ငွေ ၂ သန်း ကျော် တန်ဘိုးရှိတဲ့ ဓာတ်မြေသြဇာ အရောင်းဆိုင် ၂ ဆိုင်၊ နှင့် မော်တော် ကား တွေ ကို ထိုင်းရာဇ၀တ်မှုတိုက်ဖျက်ရေး နှင့် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်တိုက်ဖျက်ရေး အထူးစုံစမ်းရေးအဖွဲ့  က သိမ်းဆည်းထားခဲ့တယ်။

ထိုင်းရာဇ၀တ်မှုတိုက်ဖျက်ရေး နှင့် လာဘ်ပေးလာဘ်ယူ အကျင့်ပျက်တိုက်ဖျက်ရေး အထူးစုံစမ်းရေးအဖွဲ့ က ယင်း စုံစမ်းစစ်ဆေးမှု တွေ ကို ၂၀၀၇ ခုနှစ် က စတင်ခဲ့ပြီး၊  ထိုင်းထိပ်တန်းအဆင့်မြင့် ရဲအရာရှိ ဟာ မှုယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ မှာ ပါဝင်ပက်သက်ခဲ့ကြောင်းလည်း အထောက်အထား   တွေ့ရှိခဲ့ရတယ်လို့ ဆိုတယ်။

ထိုင်းထိပ်တန်းအဆင့်မြင့် ရဲအရာရှိ နှင့် ဇနီး က တော့ သူတို့ ဟာ ဘယ်ရာဇ၀တ်မှု ကို မှ မကျူးလွန်ခဲ့ပါဘူးလို့ ဆိုတယ်။

No comments :