Saturday 27 April 2013

ဘင်္ဂလားဒေ့မှာ ကုန်တိုက်ပြိုကျ။ အစိုးရ တာဝန်ရှိသူတွေ နှင့် စီးပွားရေး လုပ်ငန်းရှင်များ ကို အရေးယူမည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့စွန်က စီးပွားရေးလုပ်ငန်းတွေရှိရာ အရောင်းဆိုင် ကုန်တိုက် အထပ် ၈ ထပ်ရှိတဲ့ အဆောက်အဦးတခု ပြိုကျခဲ့တဲ့ အတွက် လူ ပေါင်း ၃၄၈ ယောက် ထက်မနည်း သေဆုံးပြီး၊ ရာဂဏန်းချီ ဒဏ်ရာတွေရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ က လာတဲ့ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။ ၂၄ နာရီ အတွင်း လူပေါင်း ၂၄၂၉ ယောက် ကို ကယ်တင်နိုင်ခဲ့ကြောင်း ဒီကနေ့ အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။

 ပြိုကျသွားတဲ့ ကုန်တိုက်မှာတော့ ဘဏ်တခု၊ အထည်ချုပ် စက်ရုံနဲ့ တခြားဈေးဆိုင် ၃၀၀ ကျော် ရှိကြောင်း သိရှိရပါသည်။ ကုန်တိုက် ရဲ့ အပေါ်ဆုံး ၃ ထပ် ဟာ တရားမ၀င် ဆောက်လုပ်ထားတာဖြစ်ပြီး၊ အထည်ချုပ်စက်ရုံ မှာ အလုပ်သမား ၃၁၂၂ ယောက် အလုပ်လုပ် ကိုင်နေကြကြောင်းသိရှိရပါသည်။

အထည်ချုပ် စက်ရုံ ရှိရာ အထပ်  ပြိုမကျမှီ အဆောက်အဦးဟာ အက်ကွဲမှုတွေရှိခဲ့တာကြောင့် အရောင်းဆိုင် ကုန်တိုက် နှင့် အထည်ချုပ်စက်ရုံ ကို ယာယီ ပိတ်ထားသင့်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ကုန်တိုက် စီမံခန့်ခွဲအုပ်ချုပ်သူတွေ၊ အထည်ချုပ်စက်ရုံ စီမံခန့်ခွဲအုပ်ချုပ်သူတွေ နဲ့ အစိုးရ က ဒီသတိပေးချက်တွေကို အလေးမထားပဲ၊ ကုန်တိုက် ကို ဆက်လက်ဖွင့်လှစ်ခဲ့ကြလို့ အထပ် ၈ ထပ်မှာ ရှိတဲ့ အထည်ချုပ် အလုပ်သမားများ အမြောက်အများသေးဆုံးခဲ့ရကြောင်း သတင်းတွေ ထဲမှာ ဖော်ပြထားပါသည်။ 

အထည်ချုပ်စက်ရုံ မှ အလုပ်သမားများ နှင့် သေဆုံးသူ မိသားစု ၀င်တွေ ဟာ အစိုးရ တာဝန်ရှိသူတွေ၊ အထည်ချုပ်စက်ရုံ စီမံခန့်ခွဲအုပ်ချုပ်သူတွေ၊ ကုန်တိုက် စီမံခန့်ခွဲအုပ်ချုပ်သူတွေ ကို ပေါ့ဆမှု၊ လစ်လျှုရှု့မှု တွေကြောင့် ပြင်းထန်စွာ အရေးယူပေးဖို့ နှင့် တရားစွဲဆိုမှုတွေပြုလုပ်ဖို့ ၊ ဒက္ကာ မြို့ မှာ တောင်းဆို ဆန္ဒပြ နေကြပါသည်

 ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် က အထည်ချုပ်စက်ရုံ ပိုင်ရှင် နှင့် ကုန်တိုက် စီမံခန့်ခွဲအုပ်ချုပ်သူတွေ အပေါ် ပေါ့ဆမှု နှင့် လုပ်ငန်းခွင် လုံခြုံမှုမရှိပဲ ဘေးအန္တာရယ်တွေရှိနေတဲ့ လုပ်ငန်းခွင် ကို သိရက်နဲ့ အလုပ်သမားများ ကို အတင်းအဓ္ဓမ အတင်းစေခိုင်းခဲ့မှုတွေ ကြောင့် ပြင်းထန်စွာ အပြစ်ပေး အရေးယူ သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် လွှတ်တော် အမတ်တွေ ကို ပြောဆိုခဲ့ပါသည်။ ဒီရာဇ၀တ်မှု အတွက် တရားခံတွေကို တရားမျှတ မှုရှိအောင် အရေးယူဆောင်ရွက်ပေးမယ်လို့ ဂတိပေး ပြောဆိုခဲ့ တယ်။

 လောလောဆယ် အထည်ချုပ်စက်ရုံ ကုမ္ပဏီ မှ တာဝန်ရှိသူ ၅ ဦး ကို ဖမ်းဆီးထားကြောင်းသိရှိ ရပါသည်။ လွန်ခဲ့တဲ့ လ အနည်းငယ် တုန်းကလည်း ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၁၁၂ ယောက် သေဆုံးခဲ့ရသည်

No comments :