Tuesday 9 April 2013

ပြည်တွင်းသတင်းများ

ဆီးဂိမ်းအကြို နိုင်ငံတကာ ၆နိုင်ငံ ဖိတ်ခေါ် နပန်း ပြိုင်ပွဲ ဆုတံဆိပ် ရရှိမှုမှာ မြန်မာက တတိယ ချိတ်ခဲ့ ပါ တယ်။
အားကစားသတင်းမှာတော့ ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံမှာ ယှဉ်ပြိုင်တဲ့ ဆီးဂိမ်းအကြို နိုင်ငံတကာ ၆နိုင်ငံ ဖိတ်ခေါ် နပန်း ပြိုင်ပွဲ ဆုတံဆိပ် ရရှိမှုမှာ မြန်မာက တတိယ ချိတ်ခဲ့ ပါ တယ်။ ဗီယက် နမ်က ရွှေ ၁၆ခုနဲ့ ပထမ၊စင်္ကာပူက ရွှေ ၃ခု၊ ငွေ၊ ကြေး ၅ ခုနဲ့ ဒုတိ ယ၊ မြန်မာက ရွှေ ၁ခု၊ ငွေ ၈ ခု၊ကြေး ၂၀နဲ့ တတိ အသီးသီး ဆွတ်ခူးသွားပါတယ်။ မြန်မာ အတွက် ရွှေတံ ဆိပ်ကို မဲကျော်အောင်က ၁၂၀ ကီလိုတန်းကနေ ရယူခဲ့တာပါ။  နိုင်ငံ တကာ ဖိတ်ခေါ်နပန်းပြိုင်ပွဲကို ဧပြီ ၅ ရက်ကနေ ၇ ရက်နေ့အထိ  Free style နဲ့ Greco ဆိုပြီး ပြိုင်ပွဲအမျိုးအစား ၂ မျိုး ခွဲခြားသတ်မှတ်ပြီး ကီလိုအလိုက် ပွဲစဉ်ပေါင်း ၂၀ ထည့်သွင်း ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

No comments :