Tuesday 9 April 2013

ပြည်တွင်း သတင်း

တရုတ်ရဲ့ အရေးပါတဲ့ စီးပွါးရေးတစ်ခု ပြီးအံ့ဆဲဆဲ ဖြစ်နေပြီ

ရခိုင်ပြည်နယ်ကနေ တရုတ်ပြည် ယူနန်အရောက် ပိုက်လိုင်းသွယ်တန်းတဲ့ကိစ္စဟာ လက်ရှိတည်ဆောက်နေဆဲဖြစ်ပြီး ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်။

တရုတ်ကုမ္မဏီတွေဟာ ရွှေ၊ ကျောက်မျက်၊ သစ်၊ သတ္တုတွင်းနဲ့ ရေအားလျှပ်စစ်လုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှပ်နှံကြပါသေးတယ်။ မြန်မာပြည်မှာ သတ္တုတွင်းအကြီးစား (၅၀) လောက်ရှိပြီး အသေးစား (၁၀၀၀) ကျော်ရှိပါတယ်။ သတ္တုတွင်းဟာ ကြေးနီတူးတာ ရွှေတူးတာတွေလည်းပါဝင်တယ်။ ကြေးနီအရိုင်းကီလို တစ်ထောင်လောက်မှာ ကြေးနီအစစ် နှစ်ကီလိုသာ ရနိုင်တာမို့ နေရာအများအပြား တူးယူရပါတယ်။ အက်ဆစ်ရည်တွေကိုလည်း အမြောက်အများသုံးရတာဖြစ်လေတော့ မြေအောက်ကို စိမ့်ဝင်သွားတဲ့အတွက် မိုင်းလုပ်ကွက်တဝိုက်မှာ ဘာ သစ်ပင်မှ မရှိတော့ပါဘူးတဲ့ ။
စစ်အုပ်စုလုပ်တဲ့ စီးပွါးရေးတွေဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးရုံမက စီးပွားရေးလုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုကင်းတဲ့ ကျိတ်ဝိုင်းတွေပဲဖြစ်ပြီး နိုင်ငံဟာ တောင်တွေ ပြောင်တလင်းခါပြီး ဂျိုင့်တွေ အက်စစ်တွေအပြည့်နဲ့ ဒုက္ခတွေပင်လယ်ဝေရမယ့်အခြေအနေတွေ
ကို တကယ် စိုးရိမ်မိပါတယ်။

No comments :