Wednesday 24 April 2013

အမိမြေ သို့ - အပိုင်း ( ၅ ) “Challenges on Small and Medium Enterprises in Burma”



“အမိမြေ သို့” Golden Moon ရုပ်မြင်သံကြား အစီအစဉ် ကို Comcast Channel 57 နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပိုင်း လိုက် တင်ဆက်ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

 ဒီ အပတ် အစီအစဉ် မှာ SMEs လို့ခေါ်ဆိုတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ မှာ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှု အပေါ် လက်ရှိ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုများ၊ ကို အမိမြန်မာပြည် ကို ပြန်လည် သွားရောက် လည်ပတ် ခဲ့ တဲ့ ကိုမြတ်စိုး က သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း အပိုင်းလိုက် လေ့လာ သုံးသပ်ဆွေးနွေး တင်ပြထားတာဖြစ်ပါတယ်။



မြန်မာနိုင်ငံ မှာ စီးပွားရေး ဆိုင်ရာ အဆောက်အအုံတွေ ကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာ မှာ ရာစုနှစ်တ၀က်ကျော် ကျိုးပဲ့နေခဲ့တဲ့ ဘဏ် လုပ်ငန်း နှင့်ပွင့်လင်းမြင်သာမှုမရှိတဲ့  ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ကို လူထု က ယုံကြည်စိတ်ချမှုရှိလာအောင် ဆောင်ရွက်ရာ မှာ စိန်ခေါ်မှုတွေ ရှိနေသလို၊ မြန်မာနိုင်ငံ အတွင်း စီးပွားရေးဆိုင်ရာ  ယဉ်ကျေးမှုများနှင့် ပတ်ဝန်းကျင်ကို   ပြုပြုပြောင်းလဲရေးလုပ်ဆောင်ရာ မှာလည်း စိန်ခေါ်မှု တွေဆက်လက်ရှိနေတယ် လို့ ထောက်ပြ 
 ဆွေးနွေးသွားခဲ့တယ်။


စစ်အစိုးရ လက်ထပ် မှာ  နိုင်ငံခြားငွေ ပြတ်လပ်ခဲ့မှုကြောင့် ပြည်ပ မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလူမျိုး ၅ သန်းကျော် ရဲ့  နိုင်ငံခြားငွေ ၀င်လာအောင် ငွေစက္ကူများ တိုးမြင့်ထုတ်လုပ်ခဲ့ပြီး တရားမ၀င်ငွေလွှဲမှုပြုလုပ်ခဲ့ခြင်းနှင့် မှုးယစ်ဆေးဝါးရောင်းဝယ်မှု မှ ငွေခ၀ါချ ခဲ့ကြရာ ကနေ  မြန်မာကျပ်ငွေ ဟာ ငွေလွှဲနှုန်းမှာ လျော့ကျလာခဲ့ပြီး၊ ငွေကြေးဖောင်းပွလာကာ ငွေကြေးမတည်ငြိမ်မှု တွေ ရှိလာပြီး၊ ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန်ကြီးမြင့်လာ ခဲ့တယ်လို့ ထောက်ပြခဲ့တယ်။


လက်ရှိ ဘဏ်တွေ ရဲ့ အတိုးနှုန်းဟာ အဆမတန်ကြီးမြင့်နေပြီး၊ အရောင်းအ၀ယ်လုပ်ငန်းမှာ ဘဏ် ကို ယုံကြည်မှု အားနည်း နေခြင်းဟာ လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိ က စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ထောက်ပြသွားခဲ့ပါသည်။
 

No comments :