Saturday 20 April 2013

Yein Myaw shared Ko Zaw's photo.
ကျွန်တော်နဲ့ရန်ကုန်လေဆိပ်မှစားပွဲတစ်လုံး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျနော်မုန်းတဲ့ကောင်တာစားပွဲလေးတစ်လုံးရှိပါတယ်။သက္ကရဇ် 2000  ကစလို့ ကျနော် မလေးရှားကနေ မြန်မာပြည်ကို ပြန်လည်ဖြစ်တဲ့လေးကြိမ်တိုင်းမှာ အဲ့ဒီ့ကောင်တာကလေးရဲ့ဆက်ဆံရေးက ကျနော့အပေါ်မပြောင်းလည်းသေးပါဘူး။
သစ္စာရှိတုန်းပါပဲ။လူတွေဘယ်လောက်ပြောင်းပြောင်း သူထားခဲ့တဲ့မူ ကတော့ ခုထိမဟောင်းနိုင်သေးဘူးလေ။သူ့ရဲ့ဆက်ဆံရေးဘယ်လိုဆိုတာ ကျနော်တစ်ယောက်တည်းတင်မကပဲ ပြန်ဖူးတဲ့သူတော်တော်များများလည်း သိပြီးသားဖြစ်နေလောက်ပြီထင်ပါတယ်။သူတင်ဆက်ဆံရေးကောင်းတာမဟုတ်ပါဘူး။ အင်မီဂေးရှင်းက အကိုတစ်ချို့လဲ ကောင်းကြပါသေးတယ်။
ဝင်လာလာခြင်းနုတ်ခွန်းဆက်ရှာပါတယ်။လိုအပ်တာတွေ ရေးလို့အပြီးမှာ ပြုံးလျှက်  (ညီလေး တစ်ခုခုလုပ်ပေးခဲ့ဦးလေကွာ )တဲ့။လေသံမာမာနဲ့ပြောတာမဟုတ်ပါဘူး။တစ်ဖက်လူနားဝင်အောင် ခပ်တိုးတိုးလေးပြောတာပါ။ကျနော်ကလဲ လေဆိပ်ရဲ့အထာတွေကိုနပ်နေပြီဆိုတော့
ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်ပြီးသားလေ။ခက်နေတာက ကျနော်တို့ကလဲ ချမ်းသာလို့မြန်မာပြည်ကိုပြန်နေတာမှမဟုတ်ပဲဗျာ။
အဲ့ဒီ့တော့ဈေးနဲနဲညှိရတာပေါ့နော်။ညှိရတယ်ဆိုလို့ ကျနော့်ပက်စပို့မှာ ဘာမှမမှန်တာမရှိဘူးနော်။ပါမစ်ကအစ အခွန်ဆောင်ထားတာအဆုံး အားလုံး
အမှန်တွေကြီးပဲ။အပြစ်မယူရက်ပါဘူး။ဒီလိုတောင်းရမယ်လို့ မိရိုးဖလာခွင့်ပြုထားတဲ့ ဥပဒေများရှိနေလားမှမသိတာ။
 
အဲ့ဒါနဲ့ကျနော်လဲ မလေးရှားမှာ ကျတဲ့ချွေးတွေမခြောက်သေးပဲ စိုနေတဲ့ဆယ်တန်အနီလေးနှစ်ရွက်ကို လူမမြင်အောင် ထုတ်ကာပေးခဲ့မိတယ်လေ။
ကိုယ်ချင်းစာပေးလို့ရပါတယ်။သားသမီးမကောင်း မိဘခေါင်းဆိုသလိုပေါ့နော်။တင်းကျပ်တဲ့အုပ်ထိမ်းမှုအောက်မှာ ကိုယ့်ပါကိုယ်သတ္တိရှိနေတာဆိုရင်တော့ တစ်မျိုးပေါ့။ကျေးဇူးတင်ရမှာက ကျနော်တို့သဒ္ဒါသလောက် ယူရှာပါတယ်။အော် ....စကားကပြောနေရင်းနဲ့လမ်းကြောင်းလွဲသွားတယ်။
ကျနော်မုန်းတဲ့ကောင်တာလေးအကြောင်းဆက်ပြောပါဦးမယ်။အင်မီဂေးရှင်းဖြတ်ပြီး ဘက်ဂေ့ယူတဲ့အနားကကောင်တာလေးပါ။ဘက်ဂေ့တွေလည်နေတဲ့
အနားကိုလူရောက်ပြီဆိုတာနဲ့ လူငယ်တစ်ယောက် ဒါမှမဟုတ်နှစ်ယောက်လောက် အနားကိုကပ်လာပါတော့တယ်။လေယဉ်ကွင်းက၀န်ထမ်းလား၊စေတနာ့ဝန်ထမ်းလား၊ ဘက်ဂေ့ကောင်တာကို ကန်ထရိုက်ဆွဲထားတဲ့သူလားတော့မသိဘူးခင်ဗျ။ လည်ပင်းမှာဘာကဒ်မှဆွဲထားတာလဲမတွေ့ရဘူး။ယူနီဖောင်းလဲဝတ်ထားတာမဟုတ်တာ့မှန်းလို့မရဘူးပေါ့နော်။ကျနော် ပြန်နေကြအခေါက်တိုင်းမှာ ကြားနေကြစကားလေးတစ်ခွန်းကလဲ ခုချိန်ထိမပြောင်းလည်းသေးဘူးခင်ဗျ။ ( အကို  အိတ်တွေကို မမွှေစေချင်ရင် နဲနဲပါးပါးကြည့်လုပ်ပေးသွားလိုက်ပါ )တဲ့။ (ကျနော် တစ်ခါတည်းတွန်းပြီးထွက်သွားပေးလိုက်မယ်) တဲ့။အဲ့ဒီ့စကားလေးတစ်ခွန်းက လေဆိပ်ဝန်းထမ်းတွေရဲ့ သင်ရိုးညွှန်းတမ်းထဲမှာပါများနေသလားဆိုတာ လေဆိပ်နဲ့နီးစပ်သူတွေကို မေးကြည့်ရဦးမယ်။ဘာဖြစ်လို့လဲဆိုတော့ လူတွေပြောင်းသွားပေမယ့် ခုချိန်ထိ
ပြောတဲ့စကားတွေက တူနေသေးတယ်လေ။နဲနဲစဉ်းစားစရာဖြစ်နေပြီ။

အဲ့ဒါနဲ့ကျနော်လဲ အိပ်ထဲက လက်ကျန်ငွေလေးကိုကြည့်လိုက်တော့ 19 ကျပ်လားပဲကျန်တော့တယ်လေ။ကျနော်က ဒါအကုန်ပဲဆိုပြီးထုတ်ပေးလိုက်တော့
( အကိုကလဲဗျာ ...ဒီလောက်လေးပဲလား  မြန်မာငွေနဲ့တွက်ကြည့်ရင် ဘာရမှာမို့လို့လဲ )တဲ့ဗျာ။ကျနော်လဲ ပိုက်ဆံအိပ်ဖွင့်ပြီးပြလိုက်တယ်လေ။
တကယ်ကို ဘာမှမရှိတော့တာ။ဘယ်လိုလုပ်ပြီးထပ်ပေးလို့ရမလဲ။တကယ်လို့များ ပိုက်ဆံတစ်ပြားမှပါမလာရင် လေဆိပ်မှာညအိပ်ရမလိုဖြစ်နေတယ်။
ဒါမှမဟုတ် အိတ်တွေကိုနောက်နေ့မှပိုက်ဆံနဲ့လာရွေးရမလိုဖြစ်နေတယ်။သူတို့လိုချင်တဲ့ ငွေ amount မရတော့ အပြုံးဆိုတာလဲ ဝေလာဝေးပေါ့ဗျာ။
ကျနော်ပြောချင်တာက အဲ့ဒီ့ကောင်တာကလူတွေက အင်မီဂေးရှင်းလောက်သဘောမကောင်းဘူးခင်ဗျ။ပေးတာယူ ကျွေးတာမစားဘူး။ လူကို ကွန်ပလိန်းပြန်ပြန်တက်တယ်။

အော် ...2004 ခုနှစ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို သတိရလို့ပြောရဦးမယ်။အဲ့ဒီ့တစ်ခေါက်ပြန်လာတုန်းက ထုံးစံအတိုင်းပဲ အထက်ကပြောခဲ့တဲ့စကားလေးနဲ့နုတ်ခွန်းဆက်ရှာတယ်။ကျနော်လဲ အိတ်တွေဆွဲရလို့ ပင်ပန်းပြီးစိတ်နဲနဲတိုနေချိန်ဆိုတော့ ပိုက်ဆံတစ်ပြားမှမပေးဖြစ်လိုက်ဘူးလေ။ဒါနဲ့ကျနော့ရဲ့ ဘက်ဂေ့ကိုစားပွဲပေါ်မှာတင်ပြီးဖွင့်ကြည့်မယ်တဲ့လေ။ခက်ထားတဲ့သော့က အလွယ်တကူရှာမရလို့ အိတ်ရဲ့ဇစ် ကိုအချွန်နဲ့ထိုးခွဲပြီး ကြက်ယက်သလို မွေနောက်ကျပါတော့တယ်။အိတ်အသစ်ကြီးရဲ့ဇစ်လဲ သုံးလို့မရတော့အောင် ပျက်စီးသွားပါတယ်။ကျနော်တစ်ခုစဉ်းစားမိတယ်။သူတို့က ဘာကိုလိုချင်တာလဲ။ဘာဖြစ်လို့အသည်းအသန်ရှာနေရတာလဲ။လေယဉ်ကွင်းလုံခြုံရေးအတွက်
ဗုံးတွေဘာတွေ ရှာတာဆိုရင်တော့ ဒီအဆင့်ရောက်မှရှာနေလို့အပိုပဲလေ။တကယ်လို့များ ကျနော့ရဲ့အိတ်ထဲမှာ ဗုံး၊ ဒါမှမဟုတ် သေနတ်၊ မူးယစ်ဆေးဝါးတစ်မျိုးမျိုး  ကိုမဆိုထားနဲ့ ဓါးမြောင်လေးတစ်ချောင်းပါလာရင်တာင် မလေးရှားလေယဉ်ကွင်းရဲ့ လုံခြုံရေးစစ်စတန်တွေကသိပါတယ်။
ကျနော်လဲ မြန်မာပြည်ကိုတောင်ရောက်လာမှာမဟုတ်တော့ပါဘူး။

ပြီးတော့လဲ ကျနော်တို့ဘက်ဂေ့တွေဆိုတာ လေယဉ်ပေါ်ကိုမတက်ချင်အချိန်ထဲက စစ်ဆေးပြီးတာနဲ့ကိုင်ခွင့်တောင်ရှိတော့မှမဟုတ်တာ။
ဒီဘက်ကိုရောက်တော့လဲ သူတို့ရှေ့မှာတခါတည်းဆွဲယူလာတာမြင်နေတာပဲလေ။အဲ့ဒါကိုအသည်းအသန်မွှေပြီးရှာနေတယ်ဆိုတော့ စဉ်းစားစရာပါပဲ။
မလေးရှားရဲ့ လုံခြုံရေးစစ်စတန်နဲ့ ပစ္စည်းတွေက ရန်ကုန်လေဆိပ်လောက်စိတ်မချရလို့လာ။
ကျနော့ သဘောအရဆိုရင်တော့ အဲ့ဒီ့ကောင်တာက အပိုသက်သက်များဖြစ်နေသလားလို့ပါ။မလေးဘက်လေဆိပ်အထွက်မှာလဲ ရဲလေးနှစ်ယောက်လောက်နဲ့ အဲ့ဒီ့လိုကောင်တာလေးရှိပါတယ်။ဒါပေမယ့်လူကိုတစ်ချက်ကြည့်ပြီးပြီးသွားတာပဲလေ။ အရမ်းကြီးမသင်္က္ခာမှပဲ ခေါ်စစ်ကြတာပါ။အပြုံးလေးပေးလိုက်ရုံပါပဲ။ ရန်ကုန်လေဆိပ်ကတော့ ခက်တယ်ဗျို့။ပြုံပြလဲမရ  ငိုပြလဲမရနဲ့ဗျာ။ ငွေချမှ ထွက်ခွင့်ရတဲ့ဘ၀လေ။

ကျနော့်စကားကို ပြန်ဆက်ပါရစေ။ မျက်စိရှေ့မှာ ကျနော့အိတ်ကို မှောက်မချခင် ပါလာတဲ့ဆယ်တန်သုံးရွက်ကို ထုတ်ပေးလိုက်ပါတော့တယ်။ဒါတောင်မှ
အိတ်ကိုမွှေတဲ့ကောင်တာက မမချောလေးက ခွင့်မလွတ်သေးဘူးခင်ဗျ။(ရှင်ပေးတဲ့ပိုက်ဆံသုံးဆယ်က ကျမတို့အဖွဲ့ဘာလုပ်လို့ရမှာလဲ )တဲ့။
ကျနော်လဲ စကားတွေအများကြီးထပ်မပြောချင်တော့တာနဲ့နောက်ထပ်ဆယ်တန်နှစ်ရွက် ထုတ်ပေးလိုက်မှ မျက်နှာမှာ ပြုံးရောင်နဲနဲလေးသန်းလာပါတော့တယ်။ကျနော်လဲ ဟစ်တလာရဲ့ အော့ဇဝေ့အကျဉ်းထောင်ကြီးထဲကနေ လွတ်မြောက်လာတဲ့ပီတိမျိုးနဲ့မိသားစုကို
လက်ဆွဲနုတ်ဆက်နိုင်တော့တယ်လေ။

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ပြောရရင်တော့ ကျနော်တို့ မြန်မာပြည်အနေနဲ့ဒီမိုကရေစီပန်းတိုင်ကိုရှောက်လှမ်းနေတဲ့အချိန်မှာ ပထမဦးဆုံးခြေလှမ်းတွေ
ကအစ အဖျက်ပယောဂတွေမပါလာစေချင်တာအမှန်ပဲလေ။ပြီးတော့ ၀န်ထမ်းတိုင်းကလဲ မိမိတို့ကိုယ်တိုင်ရဲ့နားလည်မှုလေးတွေနဲ့ ခေါင်းပေါ်မှာချိတ်ထားတဲ့ဆောင်ပုဒ်လေးတွေကို တက်နိုင်သလောက် အလေးထားစေလိုပါတယ်။အထူးသဖြင့်
အမည်မဖော်တဲ့အကောင့်တွေနဲ့ သတင်းပေါင်းစုံအွန်လိုင်းပေါ်ရောက်နေတဲ့ခေတ်ကြီးထဲမှာ ခြင်တစ်ကောင်သားဖွားဖို့အတွက်တောင် မလွတ်လပ်တော့ဘူးဆိုတာကို သတိထားစေလိုပါတယ်။ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စကားပုံလေးအတိုင်း ကျနော်တို့မြန်မာပြည်သားတွေအားလုံး တစ်ဦးမကျန် စိတ်ဓါတ် စည်းကမ်းကအစ အားလုံးကောင်းနေပြီဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ပန်းတိုင်ကလဲ
ဘယ်ကိုမှရွေ့မသွားမှာသေချာပါတယ်။

ဒီပို့စ် လေးက ကျနော့ရဲ့ကိုယ်တွေ့အဖြစ်အပျက်လေးတွေမလို့ အမြင်တူတဲ့သူများလက်ခံတယ်ဆိုရင် ထပ်ပြီးရှယ်သွားပေးကြပါ။တကယ်လို့သဘောထားသေးတယ်လို့ယူဆတယ်ဆိုရင်တော့ ပေါက်ကရတွေမရေးသွားပဲ မသိချင်ယောင်ဆာင်သွားပေးပါ
လို့မေတ္တာရပ်ခံပါတယ်။

ကိုဇော်( မလေးရှား )
4.4.2013
ကျွန်တော်နဲ့ရန်ကုန်လေဆိပ်မှစား
ပွဲတစ်လုံး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျနော်မုန်းတဲ့ကောင်တာစားပွဲလေးတစ်လုံးရှိပါတယ်။သက္ကရဇ် 2000 ကစလို့ ကျနော် မလေးရှားကနေ မြန်မာပြည်ကို ပြန်လည်ဖြစ်တဲ့လေးကြိမ်တိုင်းမှာ အဲ့ဒီ့ကောင်တာကလေးရဲ့ဆက်ဆံရေးက ကျနော့အပေါ်မပြောင်းလည်းသေးပါဘူး
သစ္စာရှိတုန်းပါပဲ။လူတွေဘယ်လောက်ပြောင်းပြောင်း သူထားခဲ့တဲ့မူ ကတော့ ခုထိမဟောင်းနိုင်သေးဘူးလေ။သူ့ရဲ့ဆက်ဆံရေးဘယ်လိုဆိုတာ ကျနော်တစ်ယောက်တည်းတင်မကပဲ ပြန်ဖူးတဲ့သူတော်တော်များများလည်း သိပြီးသားဖြစ်နေလောက်ပြီထင်ပါတယ်။သူတင်ဆက်ဆံရေးကောင်းတာမဟုတ်ပါဘူး။ အင်မီဂေးရှင်းက အကိုတစ်ချို့လဲ ကောင်းကြပါသေးတယ်။
ဝင်လာလာခြင်းနုတ်ခွန်းဆက်ရှာပါတယ်။လိုအပ်တာတွေ ရေးလို့အပြီးမှာ ပြုံးလျှက် (ညီလေး တစ်ခုခုလုပ်ပေးခဲ့ဦးလေကွာ )တဲ့။လေသံမာမာနဲ့ပြောတာမဟုတ်ပါဘူး။တစ်ဖက်လူနားဝင်အောင် ခပ်တိုးတိုးလေးပြောတာပါ။ကျနော်ကလဲ လေဆိပ်ရဲ့အထာတွေကိုနပ်နေပြီဆိုတော့
ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်ပြီးသားလေ။ခက်နေတာက ကျနော်တို့ကလဲ ချမ်းသာလို့မြန်မာပြည်ကိုပြန်နေတာမှမဟုတ်ပဲဗျာ။
အဲ့ဒီ့တော့ဈေးနဲနဲညှိရတာပေါ့နော်။ညှိရတယ်ဆိုလို့ ကျနော့်ပက်စပို့မှာ ဘာမှမမှန်တာမရှိဘူးနော်။ပါမစ်ကအစ အခွန်ဆောင်ထားတာအဆုံး အားလုံး
အမှန်တွေကြီးပဲ။အပြစ်မယူရက်ပါဘူး။ဒီလိုတောင်းရမယ်လို့ မိရိုးဖလာခွင့်ပြုထားတဲ့ ဥပဒေများရှိနေလားမှမသိတာ။

အဲ့ဒါနဲ့ကျနော်လဲ မလေးရှားမှာ ကျတဲ့ချွေးတွေမခြောက်သေးပဲ စိုနေတဲ့ဆယ်တန်အနီလေးနှစ်ရွက်ကို လူမမြင်အောင် ထုတ်ကာပေးခဲ့မိတယ်လေ။
ကိုယ်ချင်းစာပေးလို့ရပါတယ်။သားသမီးမကောင်း မိဘခေါင်းဆိုသလိုပေါ့နော်။တင်းကျပ်တဲ့အုပ်ထိမ်းမှုအောက်မှာ ကိုယ့်ပါကိုယ်သတ္တိရှိနေတာဆိုရင်တော့ တစ်မျိုးပေါ့။ကျေးဇူးတင်ရမှာက ကျနော်တို့သဒ္ဒါသလောက် ယူရှာပါတယ်။အော် ....စကားကပြောနေရင်းနဲ့လမ်းကြောင်းလွဲသွားတယ်။
ကျနော်မုန်းတဲ့ကောင်တာလေးအကြောင်းဆက်ပြောပါဦးမယ်။အင်မီဂေးရှင်းဖြတ်ပြီး ဘက်ဂေ့ယူတဲ့အနားကကောင်တာလေးပါ။ဘက်ဂေ့တွေလည်နေတဲ့
အနားကိုလူရောက်ပြီဆိုတာနဲ့ လူငယ်တစ်ယောက် ဒါမှမဟုတ်နှစ်ယောက်လောက် အနားကိုကပ်လာပါတော့တယ်။လေယဉ်ကွင်းက၀န်ထမ်းလား၊စေတနာ့ဝန်ထမ်းလား၊ ဘက်ဂေ့ကောင်တာကို ကန်ထရိုက်ဆွဲထားတဲ့သူလားတော့မသိဘူးခင်ဗျ။ လည်ပင်းမှာဘာကဒ်မှဆွဲထားတာလဲမတွေ့ရဘူး။ယူနီဖောင်းလဲဝတ်ထားတာမဟုတ်တာ့မှန်းလို့မရဘူးပေါ့နော်။ကျနော် ပြန်နေကြအခေါက်တိုင်းမှာ ကြားနေကြစကားလေးတစ်ခွန်းကလဲ ခုချိန်ထိမပြောင်းလည်းသေးဘူးခင်ဗျ။ ( အကို အိတ်တွေကို မမွှေစေချင်ရင် နဲနဲပါးပါးကြည့်လုပ်ပေးသွားလိုက်ပါ )တဲ့။ (ကျနော် တစ်ခါတည်းတွန်းပြီးထွက်သွားပေးလိုက်မယ်) တဲ့။အဲ့ဒီ့စကားလေးတစ်ခွန်းက လေဆိပ်ဝန်းထမ်းတွေရဲ့ သင်ရိုးညွှန်းတမ်းထဲမှာပါများနေသလားဆိုတာ လေဆိပ်နဲ့နီးစပ်သူတွေကို မေးကြည့်ရဦးမယ်။ဘာဖြစ်လို့လဲဆိုတော့ လူတွေပြောင်းသွားပေမယ့် ခုချိန်ထိ
ပြောတဲ့စကားတွေက တူနေသေးတယ်လေ။နဲနဲစဉ်းစားစရာဖြစ်နေပြီ။

အဲ့ဒါနဲ့ကျနော်လဲ အိပ်ထဲက လက်ကျန်ငွေလေးကိုကြည့်လိုက်တော့ 19 ကျပ်လားပဲကျန်တော့တယ်လေ။ကျနော်က ဒါအကုန်ပဲဆိုပြီးထုတ်ပေးလိုက်တော့
( အကိုကလဲဗျာ ...ဒီလောက်လေးပဲလား မြန်မာငွေနဲ့တွက်ကြည့်ရင် ဘာရမှာမို့လို့လဲ )တဲ့ဗျာ။ကျနော်လဲ ပိုက်ဆံအိပ်ဖွင့်ပြီးပြလိုက်တယ်လေ။
တကယ်ကို ဘာမှမရှိတော့တာ။ဘယ်လိုလုပ်ပြီးထပ်ပေးလို့ရမလဲ။တကယ်လို့များ ပိုက်ဆံတစ်ပြားမှပါမလာရင် လေဆိပ်မှာညအိပ်ရမလိုဖြစ်နေတယ်။
ဒါမှမဟုတ် အိတ်တွေကိုနောက်နေ့မှပိုက်ဆံနဲ့လာရွေးရမလိုဖြစ်နေတယ်။သူတို့လိုချင်တဲ့ ငွေ amount မရတော့ အပြုံးဆိုတာလဲ ဝေလာဝေးပေါ့ဗျာ။
ကျနော်ပြောချင်တာက အဲ့ဒီ့ကောင်တာကလူတွေက အင်မီဂေးရှင်းလောက်သဘောမကောင်းဘူးခင်ဗျ။ပေးတာယူ ကျွေးတာမစားဘူး။ လူကို ကွန်ပလိန်းပြန်ပြန်တက်တယ်။

အော် ...2004 ခုနှစ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို သတိရလို့ပြောရဦးမယ်။အဲ့ဒီ့တစ်ခေါက်ပြန်လာတုန်းက ထုံးစံအတိုင်းပဲ အထက်ကပြောခဲ့တဲ့စကားလေးနဲ့နုတ်ခွန်းဆက်ရှာတယ်။ကျနော်လဲ အိတ်တွေဆွဲရလို့ ပင်ပန်းပြီးစိတ်နဲနဲတိုနေချိန်ဆိုတော့ ပိုက်ဆံတစ်ပြားမှမပေးဖြစ်လိုက်ဘူးလေ။ဒါနဲ့ကျနော့ရဲ့ ဘက်ဂေ့ကိုစားပွဲပေါ်မှာတင်ပြီးဖွင့်ကြည့်မယ်တဲ့လေ။ခက်ထားတဲ့သော့က အလွယ်တကူရှာမရလို့ အိတ်ရဲ့ဇစ် ကိုအချွန်နဲ့ထိုးခွဲပြီး ကြက်ယက်သလို မွေနောက်ကျပါတော့တယ်။အိတ်အသစ်ကြီးရဲ့ဇစ်လဲ သုံးလို့မရတော့အောင် ပျက်စီးသွားပါတယ်။ကျနော်တစ်ခုစဉ်းစားမိတယ်။သူတို့က ဘာကိုလိုချင်တာလဲ။ဘာဖြစ်လို့အသည်းအသန်ရှာနေရတာလဲ။လေယဉ်ကွင်းလုံခြုံရေးအတွက်
ဗုံးတွေဘာတွေ ရှာတာဆိုရင်တော့ ဒီအဆင့်ရောက်မှရှာနေလို့အပိုပဲလေ။တကယ်လို့များ ကျနော့ရဲ့အိတ်ထဲမှာ ဗုံး၊ ဒါမှမဟုတ် သေနတ်၊ မူးယစ်ဆေးဝါးတစ်မျိုးမျိုး ကိုမဆိုထားနဲ့ ဓါးမြောင်လေးတစ်ချောင်းပါလာရင်တာင် မလေးရှားလေယဉ်ကွင်းရဲ့ လုံခြုံရေးစစ်စတန်တွေကသိပါတယ်။
ကျနော်လဲ မြန်မာပြည်ကိုတောင်ရောက်လာမှာမဟုတ်တော့ပါဘူး။

ပြီးတော့လဲ ကျနော်တို့ဘက်ဂေ့တွေဆိုတာ လေယဉ်ပေါ်ကိုမတက်ချင်အချိန်ထဲက စစ်ဆေးပြီးတာနဲ့ကိုင်ခွင့်တောင်ရှိတော့မှမဟုတ်တာ။
ဒီဘက်ကိုရောက်တော့လဲ သူတို့ရှေ့မှာတခါတည်းဆွဲယူလာတာမြင်နေတာပဲလေ။အဲ့ဒါကိုအသည်းအသန်မွှေပြီးရှာနေတယ်ဆိုတော့ စဉ်းစားစရာပါပဲ။
မလေးရှားရဲ့ လုံခြုံရေးစစ်စတန်နဲ့ ပစ္စည်းတွေက ရန်ကုန်လေဆိပ်လောက်စိတ်မချရလို့လာ။
ကျနော့ သဘောအရဆိုရင်တော့ အဲ့ဒီ့ကောင်တာက အပိုသက်သက်များဖြစ်နေသလားလို့ပါ။မလေးဘက်လေဆိပ်အထွက်မှာလဲ ရဲလေးနှစ်ယောက်လောက်နဲ့ အဲ့ဒီ့လိုကောင်တာလေးရှိပါတယ်။ဒါပေမယ့်လူကိုတစ်ချက်ကြည့်ပြီးပြီးသွားတာပဲလေ။ အရမ်းကြီးမသင်္က္ခာမှပဲ ခေါ်စစ်ကြတာပါ။အပြုံးလေးပေးလိုက်ရုံပါပဲ။ ရန်ကုန်လေဆိပ်ကတော့ ခက်တယ်ဗျို့။ပြုံပြလဲမရ ငိုပြလဲမရနဲ့ဗျာ။ ငွေချမှ ထွက်ခွင့်ရတဲ့ဘ၀လေ။

ကျနော့်စကားကို ပြန်ဆက်ပါရစေ။ မျက်စိရှေ့မှာ ကျနော့အိတ်ကို မှောက်မချခင် ပါလာတဲ့ဆယ်တန်သုံးရွက်ကို ထုတ်ပေးလိုက်ပါတော့တယ်။ဒါတောင်မ
အိတ်ကိုမွှေတဲ့ကောင်တာက မမချောလေးက ခွင့်မလွတ်သေးဘူးခင်ဗျ။(ရှင်ပေးတဲ့ပိုက်ဆံသုံးဆယ်က ကျမတို့အဖွဲ့ဘာလုပ်လို့ရမှာလဲ )တဲ့။
ကျနော်လဲ စကားတွေအများကြီးထပ်မပြောချင်တော့တာနဲ့နောက်ထပ်ဆယ်တန်နှစ်ရွက် ထုတ်ပေးလိုက်မှ မျက်နှာမှာ ပြုံးရောင်နဲနဲလေးသန်းလာပါတော့တယ်။ကျနော်လဲ ဟစ်တလာရဲ့ အော့ဇဝေ့အကျဉ်းထောင်ကြီးထဲကနေ လွတ်မြောက်လာတဲ့ပီတိမျိုးနဲ့မိသားစုကို
လက်ဆွဲနုတ်ဆက်နိုင်တော့တယ်လေ။

နောက်ဆုံးအနှစ်ချုပ်အနေနဲ့ပြောရရင်တော့ ကျနော်တို့ မြန်မာပြည်အနေနဲ့ဒီမိုကရေစီပန်းတိုင်ကိုရှောက်လှမ်းနေတဲ့အချိန်မှာ ပထမဦးဆုံးခြေလှမ်းတွေ
ကအစ အဖျက်ပယောဂတွေမပါလာစေချင်တာအမှန်ပဲလေ။ပြီးတော့ ၀န်ထမ်းတိုင်းကလဲ မိမိတို့ကိုယ်တိုင်ရဲ့နားလည်မှုလေးတွေနဲ့ ခေါင်းပေါ်မှာချိတ်ထားတဲ့ဆောင်ပုဒ်လေးတွေကို တက်နိုင်သလောက် အလေးထားစေလိုပါတယ်။အထူးသဖြင့်
အမည်မဖော်တဲ့အကောင့်တွေနဲ့ သတင်းပေါင်းစုံအွန်လိုင်းပေါ်ရောက်နေတဲ့ခေတ်ကြီးထဲမှာ ခြင်တစ်ကောင်သားဖွားဖို့အတွက်တောင် မလွတ်လပ်တော့ဘူးဆိုတာကို သတိထားစေလိုပါတယ်။ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုတဲ့ စကားပုံလေးအတိုင်း ကျနော်တို့မြန်မာပြည်သားတွေအားလုံး တစ်ဦးမကျန် စိတ်ဓါတ် စည်းကမ်းကအစ အားလုံးကောင်းနေပြီဆိုရင်တော့ ဒီမိုကရေစီဆိုတဲ့ပန်းတိုင်ကလဲ
ဘယ်ကိုမှရွေ့မသွားမှာသေချာပါတယ်

No comments :