Sunday 12 May 2013



ဝါရှင်တန်ဒီစီမြန်မာနှင့်တရုတ်သံရုံးရှေ့ အိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲ

စုံစမ်းရေးကော်မရှင်ကြီးအဖျားရှူးသွားလို့၊ စုံစမ်းရေးကော်မရှင်ကြီးအကြမ်းဖက်အစိုးရရဲ့ ရှေ့နေဖြစ်သွားလို့၊၊ စုံစမ်းရေးကော်မရှင်ကြီးက တရားခံပျောက်လုပ်လိုက်လို့ လက်ပန်းတောင်းအကြမ်းဖက်တရားခံတွေမဖေါ်ထုတ်နိုင်လို့ လက်ပန်းတောင်းဒေသလယ်သမားတွေအားမငယ်ပါနဲ့ လို့ ဆော်ဩလိုက်ပါရစေ။ လက်ပန်းတောင်းလယ်သမားတွေနဲ့တသွေးတည်းတသားတည်းရပ်တည်ပြီး၊ လယ်ယာအားလုံးပြန်ရသည်အထိ၊ဦးပိုင်ဝမ်ပေါင်ဖျက်သိမ်းသည်အထိ၊ သံဃာမီးမြိုက်တဲ့အကြမ်းဖက်တရားခံတွေဖမ်းဆီးဖေါ်ထုတ်အရေးယူနိုင်သည်အထိ ထမင်းရှင်လက်ပန်းတောင်းလယ်သမားတွေနှင့်အတူ တသားတည်းရပ်တည်တိုက်ပွဲဝင်သွားကြမယ့် အမေရိကန်ရောက်မြန်မာပြည်သားတွေရှိနေပါသေးကြောင်း သတင်းအသံပြုလိုက်ပါရစေခင်ဗျာ။ အရှုံးမပေးနဲ့ အားတင်းထားပါ ကျေးဇူးရှင် လက်ပန်းတောင်းလယ်သမားများခင်ဗျာ။ ထမင်းရှင်တွေကျေးဇူး အထူးသိတတ်ကြမှာဖြစ်ပါတယ်။ 

မနေ့က မေလ ၁၂ရက် ၂၀၁၃ မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ဝါရှင်တန်ဒီစီရှိ မြန်မာအခွန်ရုံး တရုတ်သံရုံးရှေ့ နဲ့ အမေရိကန် အိမ်ဖြူတော်ရှေ့ မှာ ကျင်းပပြုလုပ်တဲ့ "လက်ပန်တောင်းတောင်ဒေသနှင့်အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးတောင်းဆိုဆန္ဒပြပွဲ"  တရပ်ကို ကျင်းပ ပြုလုပ်ကြပါတယ်။
  လက်ပန်တောင်းတောင် ဒေသခံရွာသားများက စစ်အုပ်စုတို့၏ အခြေပြု ဦးပိုင် ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဟာ တရားမျှတသောစီမံကိန်း မဟုတ်ကြောင်း ဆန့်ကျင်နေမှုကို  အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ထောက်ခံကြပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက လက်ပန်တောင်း ပြည်သူတွေအား ဦးသိန်းစိန် အရပ်သားအစိုးရ နဲ့ စစ်အုပ်စုမှ မီးလောင်ဗုန်း နဲ့ ပစ်ခပ်တိုက်ခိုက်သော တရားခံများအား မဖော်ထုတ်နိုင်သေးခြင်း၊ အမိန့်ပေးသူများအား မဖော်ထုတ်နိုင်သေးခြင်း၊ ဦးပိုင် ဝမ်ပေါင် ရဲ့ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအား ရပ်တံ့နိုင်ခြင်းမရှိသေးခြင်းတို့ကို  လက်ပံတောင်းတောင်သူတွေရဲ့ ရတက်မအေးရသေးသည့် လူထုအပူမီးကို အထူးစာနာမိကြပါတယ်။


မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်နေသည်ဟုဆိုသော မြန်မာအရပ်သားအစိုးရ အမည်ခံ ဗိုလ်ချုပ်သိန်းစိန် ဟာ သမ္မတကြီး အဖြစ် တာဝန်ယူခဲ့ချိန်မှာ လက်ပံတောင်းတောင် ဒေသခံတွေ နဲ့ သံဃာတွေကို မီးလောင်ဗုန်းနဲ့ ပစ်ခပ်နှိမ်နင်းခဲ့တာဖြစ်ပါတယ်။  စစ်အုပ်စုတွေ စစ်ခရိုနီတွေ ပိုင်တဲ့ ဦးပိုင်နဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္မဏီတွေ ရဲ့ ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင်သူတွေ မိဘပြည်သူတွေဟာ လယ်သိမ်းမြေသိမ်းခံကြရ အလုပ်တွေရပ်ပစ်ကြရ နေအိမ်တွေအသိမ်းခံကြရ ခလေးငယ်တွေကျောင်းတွေရပ်ပစ်ကြရ ဘာသာရေးဖုန်းကြီးကျောင်းတွေဖယ်ရှားခံကြရ သာသနိက အဆောက်အဦးတွေပါ ဖယ်ရှားပေးခဲ့ကြရမှုတွေကို လူးလှိမ့်ခံစားနေကြရတာဖြစ်ပါတယ်။

 လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဟာ တရားမျှတသောစီမံကိန်း မဟုတ်ကြောင်း ထင်ရှားမှု သုံးခုရှိပါတယ်။ ပထမဆုံးအချက်မှာ ရွာသူရွာသားများ၏ ဆန္ဒမပါဝင်ဘဲ
ခြိမ်းခြောက် လျှော်ကြေးပေးခဲ့ခြင်း၊စီမံကိန်းအား ဒေသခံများထံတင်ပြပြီမှသာလုပ်မည်ဆိုသော်လည်း
 ပြောဆိုသည့်အတိုင်းအကောင်အထည်မဖော်ခြင်း၊ဒုတိယအချက်မှာဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များ
အား ဒေသခံများခံစားခွင့်မရရှိခြင်း၊နံပါက်သုံးအချက်မှာသပိတ်စခန်းအတွင်းငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်သူများအား ပြည်တွင်းနှင့် နိုင်ငံတကာမှ လိုက်နာရမည့် ဥပဒေများအား လိုက်နာမှုမရှိဘဲ အကြမ်းဖက်ချေမှုန်းခြင်းစသည့်အချက်များပါဝင်ပါတယ်။
 နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက သံဃာထု နဲ့ ဒေသခံ ပြည်သူလူထုကို ဓါတုလက်ပစ်ဗုံး နဲ့ မီးသတ်ရေပြင်းအား တွေ နဲ့ပစ်ခွင်းအင်အားသုံးဖြိုခွဲခဲ့အပြီး သံဃာတော်အများအပြားဟာ မီးလောင်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ကြရတာပါတယ်။





လက်ရှိ  ဦးသိန်းစိန်အစိုးရ အနေနဲ့ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ ဥပဒေမဲ့ နိုင်ထက်စီးနင်းလုပ်ဆောင်နေမှုများကို ရုတ်သိမ်းရန် ဆန္ဒပြပွဲပြုလုပ် တောင်းဆိုကြကြောင်း  တွေ့ရသည်။ (၁) လျော်ကြေးငွေကို ငြင်းပယ်ထားသော ဒေသခံများ၏ လယ်မြေများ ပြန်လည် ရယူမှုကို အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိမ်နင်းခြင်း (၂) လက်နက်ကိုင်ဆူပူလှုပ်ရှားမှု မပြုသော ပြည်သူများကို ပုဒ်မ ၁၄၄ ဖြင့် တားဆီးခြင်း (၃) ဒေသခံပြည်သူများကို ၀န်းရံပေးသော မြန်မာပြည်တ၀ှမ်းက ကျောင်းသားများ၊ မြန်မာ့အရေးလှုပ်ရှားသူများကို အမှုများ စွဲဆိုပြီး ပိတ်ဆို့ခြင်း စသည့် အစိုးရ၏ ကျုးလွန်နေမှုများသည် တရားမျှတမှု မရှိကြောင်း၊ ဒီမိုကရေစီရေ၊ ငြိမ်းချမ်းရေး နှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်စေကြောင်း အမြန်ဆုံး ဖြေရှင်းစေလိုကြောင်း ဆန္ဒပြပွဲပြုလုပ်ကာသဘောထား ဖော်ထုတ်ကြပါသေးတယ်။









 
ဦးသိန်းစိန်အစိုးရ အနေနဲ့  ပြင်းထန်ရက်စက်စွာ  ကာလ ကြာရှည်စွာခံစားနေရတဲ့ လက်ပန်တောင်းဒေသခံလူထုအတွက် ပြသနာများကို ဖြေရှင်းပေးရန် အတွက် စီမံကိန်းရပ်တံ့ရန် နဲ့ စီးပွားရေးအရတရားမျှတမှုရှိအောင် အစိုးရကလုပ်ဆောင်ပေးရန်၊ နိုင်ငံတကာကုန် သွယ် မှုစည်းကမ်းများနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်လေ့ရှိတဲ့ တရုတ်ကုမ္ပဏီများနှင့်အ ခြားသောနိုင်ငံတကာကိုယ်ကျိုးရှာကုမ္ပဏီများကိုသာအကာအကွယ်ဆက်လက်မပေးဘဲ လူထုတစ်ရပ်လုံးအကျိုးစီးပွါးကို ကာကွယ်ရန်   တာဝန်ရှိပါတယ်။ ဒီကိစ္စမှာ  စီးပွါးရေးလာလုပ်နေတဲ့ တရုတ်ကွန်မြူနစ်အာဏာရှင်အစိုးရမှာပါ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် တာဝန်ရှိပါတယ်။ ဒါကြောင့် မြန်မာ သံရုံး တရုတ်သံရုံး ကို ဆန့်ကျင်ဆန္ဒပြဖော်ထုတ်ကြပါတယ်။ မြန်မာ့အရေးကို အမေရိကန်အစိုးရ အနေနဲ့ သတိပြုမူမိစေရန် အိမ်ဖြူတော်ရှေ့ မှာပါ ဆန္ဒပြပွဲပြုလုပ်ခဲ့ကြပါတယ်။ 
(အဓိပတိကြီး ဝါရှင်တန်ဒီစီမှ ပေးပို့သည်)

No comments :