Sunday 12 May 2013

Type your summary here. Type the rest of your post here.

1 comment :

boxerburma said...



မူလစာမျက်နှာ
ဥပမာ
ဥပမာ
ဥပမာ
ဥပမာ
ဥပမာ
ဥပမာ
ဥပမာ
ဆက်သွယ်ရန်




နစ်နေမန်း (ဖုန်း - 1 504 613 0104
နစ်နေမန်း (ဖုန်း - 1 504 613 0104

Niknayman - niknayman.niknayman@gmail.com

borned on 28.04.2006.


အာဏာရှင်ဆန့် ကျင်ရေး တော်လှန်တိုက်ပွဲဝင်သီချင်းများ။

minthukha
Niknayman's Challenge Box to SPDC
Blog Archive





Followers


Sunday, May 12, 2013
မုန်တိုင်းကို ယတြာခြေရသလား။

မုန်တိုင်းကို ယတြာခြေရသလား။

ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ပြားအောင် ယတြာခြေခိုင်းပြီး မုန်တိုင်းရန်တော့ မရှောင်ခိုင်းပါနဲ့ ။ လူသားအသက်တွေကို လေးစားကြပါ။


ဥစ္စာစီးပွား လာဘ်လာဘတိုးဖို့  ယတြာခြေကြတယ်၊ ရာထူးနေရာ တိုးဖို့ ယတြာခြေကြတယ်၊ မျက်နှာပွင့်လန်း ချစ်ခင်ကြဖို့  ယတြာခြေကြတယ် စသဖြင့် မြောက်မြားစွာသော အကြောင်းအရပ်တွေ အမျှော်အကိုးတွေအတွက် ယတြာခြေကြတယ်။

စာမေးပွဲအောင်ဖို့  လက်တွေ့ မှာ စာကြိုးစာသင်ယူ လေ့လာဖတ်ရှူမှ စာမေးပွဲဆိုတာ အောင်မှာပါ။

ကျန်းမာရေးကောင်းဖို့  ရောဂါဘေးသက်သာစေဖို့  ယတြာခြေကြတယ်၊ လက်တွေ့ မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အရာတွေကို ရှောင်ရှားမှ ဆေးဝါးသောက်သုံး ကုသမှ ကျန်းမာမှာ ရောဂါသက်သာ ပျောက်ကင်းမှာပါ။

ဘ၀တိုးတက်ကြီးပွားအောင်မြင်စေဖို့  ယတြာခြေကြတယ်၊ လက်တွေ့ မှာ ကြိုးစားအားထုတ်မှု မရှိ ပညာဗဟုသုတ တတ်ကျွမ်းမှု လုပ်ကိုင်ဆောင်ရွက်မှု ရှိမှ တိုးတက်ကြီးပွား အောင်မြင်မှာပါ။

ဒီအထဲမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ အတွက် ကြောက်ရွံ့ စိုးရိမ်စွာနဲ့  ယတြာခြေကြတယ်၊ ကျရောက်လာနိုင်မယ့် သဘာဝဘေးအန္တရာယ်ကို ယတြာခြေရုံနဲ့  လုပ်နေရင်တော့ မဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးကုန်မှာ အမှန်ပါ။

သဘာဝဘေးအန္တရာယ်အကြောင်း လေ့လာသုံးသပ်ပြီး ကြိုတင်ကာကွယ်မှုတွေ၊ ရှောင်ရှားနိုင်ဖို့  စီစဉ်ထားမှုတွေ၊ ရင်ဆိုင်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ဘဲနဲ့  ယတြာကြီးဘဲ ထိုင်ခြေနေပြီး စောင့်ဆိုင်းနေလို့ ကတော့ တစ်သက်မက နောက်ထက် အသက်တွေရှိနေရင်တောင် လောက်မှာ မဟုတ်ပါဖူး။

ယခု တွေ့ မြင် ကြားသိနေရတာက မုန်တိုင်းလာမှာမို့  လွတ်ကင်းအောင် ယတြာတွေ ခြေဖို့  ယတြာတွေ ခြေကြစို့  လုပ်နေကြပါတယ်။

မုန်တိုင်းကို ယတြာခြေလို့  မုန်တိုင်းဘဲ ကြေမလား၊ ယတြာခြေကြတဲ့သူတွေဘဲ ကြေကုန်မလား။ မုန်တိုင်းကို ယတြာခြေလို့  ရကြေးလား။

ဒီလို ယတြာခြေဖို့ ကိုလည်း မြောက်ပေး တိုက်တွန်းနေကြသူတွေ ရှိနေပါတယ်။ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ပျက်ပြားအောင် ယတြာခြေခိုင်းပြီး မုန်တိုင်းရန်တော့ မရှောင်ခိုင်းပါနဲ့ ။ လူသားအသက်တွေကို လေးစားကြပါ။