Wednesday 8 May 2013

လက်ပံတောင်းဒေသခံများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် 

မန္တလေး ၊ မေ ၈ ။

မုံရွာခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ ရှိ ကျေးရွာများ မှ ဆရာတော် သံဃာတော်များ နှင့် ဒေသခံ တောင်သူလယ်သမား များ က သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်သွားမယ် လို့ သိရပါတယ်။

ပြီးခဲ့တဲ့ (၂၅-၄-၁၃)နေ့က ထွန်ယက်နေတဲ့ လယ်သမားတွေကို ပုဒ်မ ၁၄၄ အကြောင်းပြပြီး ရဲတပ်ဖွဲ့ က နှင်ထုတ်ရာ မှ လုံခြုံရေး ရဲတပ်ဖွဲ့ များ နဲ့ ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပထမဆုံး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ် ။

ဒီ သတင်းစာရှင်းလင်းပွဲမှာ ကြေးနီ စီမံကိန်းနဲ့ စပ်လျဉ်းတဲ့ ဒေသခံတွေရဲ့ အမြင်တွေ နဲ့ အတူ ၊ ဒေသခံတွေရဲ့ ခံစားချက်တွေ ၊ သဘောထားတွေ ၊ ဧပြီ ၂၅ ရက်က ကြုံတွေ့ ခံစားခဲ့ရတာတွေ ကို ဒေသခံတွေက စာနယ်ဇင်းတွေ ကနေ တဆင့် အများပြည်သူ သိရှိအောင် တင်ပြကြမှာပါ လို့ ပြည်သူ့ အကျိုးဆောင်ကွန်ယက် မှ တာဝန်ရှိသူ တစ်ဦးက မြန်မာဓိက ကို ပြောပါတယ် ။

သတင်းစာ ရှင်းလင်းပွဲကို (၉-၅-၂၀၁၃) နေ့ ၊ နေ့လည် (၁)နာရီ ကနေ (၃) နာရီ ထိ ရန်ကုန်မြို့ ကျောက်တံခါးမြို့နယ် ၃၆လမ်း အလယ်ဘလောက်မှာ ရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် ( M J M ) ရုံးခန်း နေရာ မှာ ပြုလုပ်မှာလို့ သိရပါတယ် ။

ရဲင့်ကျော် 

(မြန်မာဓိက)

အဓိပတိကြီး ဝါရှင်တန်ဒီစီ မှ ပေးပို့ပါသည်။

No comments :