Tuesday 7 May 2013

နှစ်ချို.နေသော လူလိမ်များ (အေးအေးစိုးဝင်း -ဘာသာပြန်)

   နှစ်ချို.နေသော လူလိမ်များ
                            By Carl Sandburg , American Poet


လူလိမ်ဆိုတာ
   သုဘရာဇာတောင် ချမ်းသာမပေး
       သေသည်.တိုင် လိမ်ခိုင်းပါတော.တယ်။

လူလိမ် ဆိုတာ
အကောင်းတွေဝတ် လိမ်။
   အစုတ်တွေ နဲ. လိမ်။
  ကိုယ် လုံးတီးနဲ.တောင် လိမ်သေးတယ်။
သူတို.ဟာ ---
 လိမ်ဆင်အမျိုးမျိုးနဲ.—
      တိုးတိုး၍
   မရိုးနိုင် အောင် ပိပိယိယိ တိုင်ပတ်လိမ်သည်ပေါ.။

သင်္ချိုင်းက ပန်းရံ ဆရာ
  ထမင်းငတ်မှာ မပူပန်ရဘူး၊
လူလိမ်ကြောင်.လေ---
    ခမြာမှာ စီးပွားတော်တော်ဖြစ်တော.တယ်။

        ဦးသုဘရာဇာ
      ကျောက်ကညစ် ကူ ကာ ဖြင်.
မဟုတ်တာ အဟုတ်လုပ် ရေးနေရပြီ၊
  ဂူမှာတည်တဲ. ထွင်းစာ---မုသာတွေ  အတိ --
      မသာလူလိမ်၏ စကား၊  သို.အားဖြင်. ---
ကျောက်သားပြင် မှာ ကျန်ခဲ.တယ်။   

လူလိမ်ဆိုတာ
တိုင်းပြည်ကို လိမ်တယ်။
     လူထုကိုလိမ်တယ်။
လူတွေသွေးကိုဖေါက်သောက်တယ်။
   ဇက်ပိုး က မုသားထွက်
     သူ.အသံကြီးနက်နက် နဲ.  
 ဒီသွေးစုတ်ဖုတ်ကောင်ကြီး အရီမပျက်××
ဒီကောင်ကြီးတွေ
 လိမ်လာတာကြာပြီပေါ.။
သူတို.ဟာ---နှစ်ချို.နေသော ဖုတ်ကောင်များ၊

    လူလိမ် လူလိမ်---သူဖြောင်.ပုံ ဆိုဖွယ်ရာ မရှိဘူး။
ခွေးရဲ. စွေစောင်းစောင်း နောက်ခြေထောက်၊
   ပြီးတော.- ကောက်နေတဲ. ဖေါက်တံ ၀က်အူ
      သူနဲ. အတော်တူသည်ပေါ.၊
        သူ.စာရိတ္တ  ဖြူဖြူဖွေးပါသလား၊
 အမှောင်ညသန်ကောင်မှာ  အစခြေရာ ရှာမရတဲ.
   အမောင် ကြောင်မဲ ကြီး   ဖြူသလောက်သာ။

အော်-လူလိမ်လူလိမ်
       ဒီလိုနဲ.---ကမ္ဘာပတ်ပြီး လိမ်တော.တယ်။

ကားလ်ဆန်းဘာ.(ဂ်)
translated by (aasw)
May 7, 2013




  The Liars  By  Carl Sandburg

A LIAR goes in fine clothes.
A liar goes in rags.
A liar is a liar, clothes or no clothes.
A liar is a liar and lives on the lies he tells and dies in a life of lies.
And the stone-cutters earn a living—with lies—on the tombs of liars.
A liar lies to the people.
A liar takes the blood of the people
And drinks this blood with a laugh and a lie,
A laugh in his neck,
A lie in his mouth.
And this liar is an old one; we know him many years.
He is straight as a dog’s hind leg.
He is straight as a corkscrew.
He is white as a black cat’s foot at midnight.
A liar lies to nations.

No comments :