Wednesday 8 May 2013

သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက်

မေလ ၁ ရက်နေ့တွင် အစမ်း ထုတ်ဝေခဲ့သော The Daily Eleven သတင်းစာတွင် “၀”သို့ တရုတ်နိုင်ငံမှ စစ်ရ ဟတ် ယာဉ် ပေးပို့ခဲ့ခြင်းအား “၀”ဘက်မှ ငြင်းဆို သတင်းကို ဖော်ပြခဲ့သည့် အတွက် Eleven Media Gorup ကို ပြင်းပြင်း ထန်ထန် မကျေနပ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မေလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ကြေညာချက် (အင်္ဂလိပ်မူ)941321_521799794524315_1894450633_n

ELEVEN MEDIA RESPONDS TO CHINA'S ACCUSATIONS OVER ARMS DEAL TO UWSA

May 8, 2013
1. The Chinese embassy in Myanmar has issued a press release dated May 7, expressing deep dissatisfaction over the news about ‘the Wa’s objection to China’s selling armed helicopters to the United Wa State Army’ featured in the sample newspaper of the Daily Eleven on May 1.

2. The points included in the press release are a one-sided accusation against our newspaper without thorough reading. Our news was written based on multiple sources and the Wa side also denied it. Our newspaper did not mention any hints or opinions to prove that the news was correct. The Chinese embassy’s accusation that the news could mislead the readers from Myanmar and abroad is totally wrong.

3. It comes as a great surprise to learn that the Chinese embassy issued its press release only a week after our trial-run newspaper was published on May 1.

4. The fact that China’s complete control over the Kunming-Kyaukphyu railroad project or Kyaukphyu port can harm state sovereignty as mentioned in today’s issue of our newspaper is the real opinion of the Daily Eleven. We welcome the Chinese government’s policy of respecting Myanmar’s sovereignty and territorial integrity.

5. The Chinese government should respect the rights and freedom of the Myanmar people if it respects state sovereignty and territorial integrity. The Chinese embassy’s press release showing deep dissatisfaction over the news is tantamount to disturbing the Myanmar people’s rights and freedom.

6. The Daily Eleven therefore strongly objects to the Chinese embassy’s press release saying words of disturbing freedom of press, which is the right of the Myanmar people.

Editorial Team
The Daily Eleven

သတင်းစာ လွတ်လပ်ခွင့်အား ထိပါးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ ထုတ်ပြန်ချက်ကို The Daily Eleven သတင်းစာမှ ပြန်ကြားချက်
Tuesday, 07 May 2013 

၁။ ယနေ့ မေလ ၇ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ချက် (Press Release) တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်တွင် မေလ ၁ ရက်နေ့တွင် အစမ်းထုတ်ဝေသော The Daily Eleven သတင်းစာပါ “၀” သို့ တရုတ်နိုင်ငံမှ စစ်ရဟတ်ယာဉ်များ ပေးပို့ခဲ့သည့်သတင်း မဟုတ်မှန်ကြောင်း “၀” ငြင်းဆို ဆိုသည့်သတင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါသည်။

၂။ ၎င်းစာပါ အချက်အလက်များသည် မိမိတို့ သတင်းစာအား သေချာစွာ ဖတ်ရှုလေ့လာခြင်း မရှိဘဲ စွပ်စွဲရေးသားထားခြင်း ဖြစ်ပါသည်။ မိမိတို့ သတင်းသည် ခိုင်မာသော သတင်းရင်းမြစ် အများအပြားကို (Multiple Sources) အခြေပြု ရေးသားထားခြင်းဖြစ်ပြီး “၀” ဘက်မှလည်း ငြင်းဆိုထားကြောင်း ဖော်ပြထားပါသည်။ ၎င်းသတင်း မှန်ကန်သည်ဟု သတင်းစာအာဘော် အနေနှင့် ထည့်သွင်းထားခြင်း မရှိပါ။ ထို့ကြောင့် တရုတ်သံရုံးမှ စွပ်စွဲထားသော စာဖတ်သူများ အထင်လွဲမှားသွားစေနိုင်သည်ဟု အချက်မှာ မှားယွင်းပါသည်။

၃။ သို့ရာတွင် မေလ ၁ ရက်နေ့က စမ်းသပ်ထုတ်ဝေသော သတင်းစာပါ သတင်းအား တစ်ပတ်ကြာမှ ကြေညာစာ ထုတ်ပြန်ခဲ့ခြင်းအတွက် မိမိတို့မှ များစွာ အံ့သြမိပါသည်။

၎။ မေလ ၇ ရက်နေ့ထုတ် သတင်းစာပါ ကူမင်း-ကျောက်ဖြူ ရထားလမ်းက တရုတ်နိုင်ငံမှ အလုံးစုံ ထိန်းချုပ်ခွင့် (သို့မဟုတ်) ကျောက်ဖြူဆိပ်ကမ်းအား တရုတ်တို့ဘက်မှ အလုံးစုံ ထိန်းချုပ်ခွင့် ရရှိသွားပါက နိုင်ငံ၏ အချုပ်အခြာ ထိခိုက်နိုင်သည်ဆိုသော အချက်မှာ The Daily Eleven သတင်းစာ၏ အာဘော်အမှန် ဖြစ်ပါသည်။ တရုတ်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ၏ အချုပ်ခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားသည့် အချက်အား ကြိုဆိုအပ်ပါသည်။

၅။ တရုတ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာကို လေးစားသည် ဆိုပါက မြန်မာပြည်သူများ၏ ပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်ခွင့်ကိုလည်း လေးစားသင့်ပါသည်။ ယခုကဲ့သို့ တရုတ်သံရုံးမှ ပြည်သူများ၏ ပိုင်ဆိုင်ခွင့်ဖြစ်သော သတင်းစာ လွတ်လပ်ခွင့် (Freedom of Press) အား ထိပါးနိုင်သည့် “ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း” မှာ မြန်မာပြည်သူများ၏ အခွင့်အရေးနှင့် လွတ်လပ်ပိုင်ခွင့်အား ထိပါးရာရောက်ကြောင်း အသိပေးအပ်ပါသည်။

၆။ ထို့ကြောင့် ပြည်သူများ၏ ပိုင်ဆိုင်ခွင့် (Freedom of Press) ကို ထိပါးစေသည့် အရေးအသားများပါသော တရုတ်နိုင်ငံ သံရုံး၏ ကြေညာချက်အား The Daily Eleven သတင်းစာမှ ပြင်းထန်စွာ ကန့်ကွက်အပ်ပါသည်။

အယ်ဒီတာအဖွဲ့
The Daily Eleven သတင်းစာ

(အဓိပတိကြီး ဝါရှင်တန်ဒီစီ မှ ပေးပို့ပါသည်)

No comments :