Thursday 9 May 2013



           ဓါတ်ကြီးလေးပါး ပျက်စီးသွား တဲ့ မြန်မာနိင်ငံ



မြတ်စွာဘုရားက အရာခတ်သိမ်း ဟာ ဓါတ်ကြီးလေးပါးနဲ့ဖွဲ့ စည်းထားတာလို့ ဟောခဲ့တယ်။ ရောမပညာရှင် ဟီလာကလိုက်တပ်စ် ကလဲ ဗုဒလိုပဲ လောကကြီးဟာ ရေ-မြေ-လေ-မီး နဲ့
ဖွဲ့ စည်းထားတာလို့  ဆိုပါတယ်။   ဒါတရားတွေဟာအမှန်ပဲ။ ဓါတ်ကြီးလေးပါးမရှိရင်ဘာမှမရှိ
တော့ဘူး။ ဓါတ်ကြီးလေးပါး ပုံမှန်ပြန်ဖြစ်ဖို့  အာကာသ လိုတယ်။


မြန်မာ ပြည်ဟာ ရေ- မြေ-လေ- မီး ဓါတ်ကြီးလေးပါး ဖေါက်ပြန်နေပြီ။

ရေ - (Water)

နွေမှာရေပြတ်မယ်။ မိုးမှာရေကြီးမယ်။
အထက်ဖက်က မြေအောက်ရေထဲကို အက်ဆစ်တွေဝင်နေပြီ။ အောက်ပိုင်းမှာက မြေအောက်ရေထဲကို အမိုက်ပုံက အက်ဆစ်တွေဝင် နေတယ်လို့ သိရတယ်။
ဒေါပုံ၊ဒလသာကေတ ၊တွံတေးဖက်မှာ ဆားငံရေလိုက်နေတယ်။။ ၀င်ဒါမီယာထဲအထိအချိုနေရာတွေမှာ ဆားငံရေလိုက်နေတယ်။
ဆားငံရေက ရန်ကုန်ကနေ မအူပင် မလက်တို ရွာတွေအထိ လိုက်နေတယ်။
ခြုံပြီပြောရရင် တပြည်လုံးမှာရေပြတ်မယ်။

လေ-  (Air)

သစ်တောတွေပြုံးတီးသွားတဲ့အတွက်လေ မုန်းတိုင်းတွေကျလာနိင်တယ်။


မြေ ( Earth)

လယ်လုပ်စရာ မြေမရှိတော့ဘူး။ မြို့ ကြီးတွေနားက မြေတွေက ခရိုနီ၊ ခရိုစိမ်းတွေသိမ်းကြတဲ့အတွက် ဈေးတွေအဆမတန်တက်သွားတယ်။ ရင်းနှီးမြှပ်နှံတဲ့သူတွေမလာ
နိင်တော့ဘူး။  မြန်မာ ပြည်ကို ပြန်လည်တည်ဆောက်ဖို့ အခြေခံတရားက မြေကြီးပဲ။
လယ်ပဲ။ မြေကြီးဟာစေချိုရမယ်။ လူတိုင်း မြေပိုင်ရမယ်။ လယ်ပိုင်ရမယ်။

မီး ( Fire)

 မီး ဆိုတဲ့ လောင်စာပြတ်တောက်သွားတယ်။ သဘာဝဓါတ်ငွေနဲ့  တခြားလောင်စာတွေရှိပေမဲ့
နိင်ငံခြားကိုရောင်းစားတယ်။ ဒါကြောင့် စွမ်းအင်မရှိဘူး။ စွမ်းအင်မရှိတဲ့အတွက်
နိင်ငံခြားကရင်းနှီးမြှပ်နှံသူတွေမလာနိင်ဘူး။ မလာရင် အလုပ်အကိုင်တွေမရှိကြဘူး။
ဒါဆိုရင် စားသုံးမှု သို့ မဟုတ် ၀ယ်လိုအားဟာတက်မလာနိင်တော့ဘူး။


ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါး ပြန်လည်မှန်ကန်ဖို့ အတွက် အာကာသ (The void) ကောင်းဖို့ လိုတယ်။  အာကာသ ဆိုတာ ဟင်းလင်းပြင်။ ဟင်းလင်းပြင်ဆိုတာ လွတ်လပ်မှု
Freedom ပါပဲ။ လွတ်လပ်မှုမရှိရင် ကောင်းမြတ်မှု၊ သုခမင်္ဂလာ ဘာမှမရှိဘူး။
Freedom မရှိတဲ့နိင်ငံမှာ တရားမျှတမှုလဲမရှိဘူး။ တိုးတက်မှုလဲမရှိဘူး။
နတ်ပြည်လဲမရှိဘူး။ နိဗာန်လဲမရှိဘူး။ ကောင်းကင်ဘုံလဲမရှိဘူး။

ဘာသာတရားဆိုတာလဲမရှိဘူး။


မိုးသီးဇွန်

3 comments :

Anonymous said...

Very good example, all right!!!

Anonymous said...

မိုးသီး။ မင်းကိုယ်ထဲက ဓာတ်ကြီးလေးပါး မဖောက်ပြန်အောင်ပဲ အရင်ထိန်းဦး။ ငါကတော့ မင်းရူးနေပြီထင်တာပဲ

Anonymous said...

တော်လိုက်တာ ကိုမိုးသီးရာ..
ခင်ဗျားမိဘတွေကတော့ဂုန်ယူစရာပါဘဲ....