Sunday 16 June 2013

အရှေ့ အာရှ စီးပွားရေး နှီနှော်ဖလှယ် အပေါ် သုံးသပ်ဆွေးနွေးမှု



ဖွဲ့စည်းပုံ အခြေခံ ကို ပြင်ဆင်မှု မရှိ က ၂၀၁၅ မှာ ကျင်းပမည့် ရွေးကောက်ပွဲဟာ တရားမျှတ မှု နှင့် လွပ်လပ်မှု ရှိမှာ မဟုတ်


မြန်မာနိုင်ငံ စစ်အစိုးရ အလိုကျ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ကို ပြင်ဆင်မှု မရှိ က ၂၀၁၅ မှာ ကျင်းပမည့် ရွေးကောက်ပွဲဟာ တရားမျှတ မှု နှင့် လွပ်လပ်မှု ရှိမှာ မဟုတ်ဘူးလို့ ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းများ နှင့် ပညာရှင်များ က သုံးသပ်ဆွေးနွေးထားကြပါသည်။ 

လက်ရှိ လွှတ်တော်မှာ နေရာ အများစုရယူထားသည့် စစ်အစိုးရ ပါတီဟာ အစိုးရ သက်တမ်း ၃ နှစ် အတွင်း တဖက်သက်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ကို ပြင်ဆင်လိုစိတ်မရှိတာ ပေါ်လွှင်ထင်ရှား နေပြီး၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း အခြေအနေ လုံးဝမရှိသေးဘူးလို့ ထောက်ပြခဲ့ကြတယ်။

 စစ်အစိုးရ အလိုကျ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ကို ပြင်ဆင်နိုင်ဖို့  ပြည်တွင်း ၊ပြည်ပ  နိုင်ငံရေးအဖွဲ့အစည်းများ နှင့် လူထု မှ တောင်းဆိုလှုပ်ရှားမှုတွေ ကို အင်တိုက်အားတိုက် ပြုလုပ်ကြဖို့ တိုက်တွန်းထားကြောင်း သိရှိရပါသည်။

1 comment :

Anonymous said...

သူ့အနေနဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင် အရွေးကောက်ခံလိုကြောင်း၊ ဒီကိစ္စအပေါ် သူ့အနေနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောထားပြီးဖြစ်ကြောင်း၊ ဒါပေမယ့် ဒီလိုသမ္မတဖြစ်ခွင့်ရှိဖို့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ လိုနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့.
Idiot Daw Su.If u want get change,do it urself.Thats what u always said.