Saturday 22 June 2013

ဘာရေးနှင့် နိင်ငံတော်ကို မရောထွေး စေပါနှင့်


ဘာသာရေးနဲ့ နိုင်ငံရေး ခွဲခြားပြီး အုပ်ချုပ်တဲ့ နိုင်ငံကို Secular State လို့ခေါ်ပါတယ်။ နတ်ကိုးကွယ်မှု 
အပါအဝင် ဘာသာအယူဝါဒ ပေါင်းစုံကို အခြေခံဥပဒေမှာ အသိအမှတ် ပြုထားပါတယ်။

လူအများစု ကိုးကွယ်တဲ့ ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အခြေခံဥပဒေမှာ ပြဌာန်းပြီး၊ 

ဘာသာရေးအကြီးအကဲတွေက နိုင်ငံကိုကြိုးကိုင်ထားတဲ့ နိုင်ငံကိုတော့ Theocratic State လို့ခေါ်ပါတယ်။

 Iran, Saudi Arabia, Sudan, Yemen, Afghanistan, United Arab Emirate စတဲ့ Islamic နို

င်ငံအတော်များများမှာတွေ့ရပါတယ်။ Vatican City ကတော့ တစ်ခုတည်းသော Christian theocracy နိုင်ငံပါ။


ဲမြန်မာနိုင်ငံကိုတော့ ယေဘုယျအနေနဲ့ Secular State လို့ခေါ်နိုင်ပါတယ်။ အခြေခံဥပဒေ အခန်း(၈)။ 

ပုဒ်မ ၃၆၁ တွင် ``နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး 
ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်က
အသိအမှတ်ပြုသည်´´ ။

ပုဒ်မ ၃၆၂ တွင် ``နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ 
ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာ တို့ကို ဤဖွဲ့စည်းပုံအခြေခံ 
ဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိ 
အမှတ်ပြုသည်´´။

ပုဒ်မ ၃၆၃ တွင် ``နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကိုတတ်နိုင်သမျှ 
ကူညီစောင့်ရှောက်မည်´´လို့ အတိအလင်းပြဌာန်းထားပါတယ်။ 


ကျွန်တော်တို့တိုင်းပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာတရား ယဉ်ကျေးမှုပေါင်းစုံရှိနေပါတယ်။ 

တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး စည်းလုံးမှုမပြိုကွဲစေချင်ရင်တော့ Secularization နဲ့သွားရပါမယ်။ 

ဘာသာရေးနဲ့ နိုင်ငံရေးကို မရောထွေးစေချင်ပါဘူး။ တကန့်စီ ခွဲမြင်နိုင်ရပါမယ်။ နို

င်ငံရေးသမားတွေအနေနဲ့လည်း ဘာသာရေးကို အလွဲသုံးစား မလုပ်သင့်ပါဘူး။ (အခြေခံဥပဒေ ပုဒ်မ-၃၆၄ 
မှာ ကြည့်ပါ )။ 
 နိုင်ငံရေးမှာ မဲရဖို့ ဘာသာရေးကို အသုံးချမယ်ဆိုရင်တော့  အတော်အောက်တန်းကျပါတယ်။ 

ဒါတွေဘာလို့ရေးပြနေလည်းမေးလာရင်တော့ နိုင်ငံရေးရေချိန်၊ ရွေးကောက်ပွဲကြိုတင်တွက်ဆမှု

 တွေကြောင့်လို့ဖြေရမှာပဲ။ ယုံကြည်မှုဆိုင်ရာ ဘာသာရေးနဲ့တော့လာမပြောပါနဲ့။ ကျွန်တော်ပြောပြနေ

တာ နို 
င်ငံရေးပါ။



ဇေလတ်။
၂၂-၆-၂၀၁၃

No comments :