Friday, 21 June 2013

ဆရာတော် ဦး ပဏ္ဍ၀ံသ ၉ ၆၉ ကိုလက်မခံ

(
“ ရဟန်သံဃာဘုန်းတော်ကြီးများ အသုံးချခံနေရသည် ဟူသော အမြင် ”

(ဆရာတော် ဥူးပဏ္ဍ၀ံသ နှင့် အင်တာဗျူး)

(မေး) ၉၆၉ လှုပ်ရှားမှုအပေါ် ယုံကြည်မှု ရှိပါသလား ?

(ဖြေ) လုံးဝ အယုံအကြည် မရှိပါဘူး။ တကယ်လို့ ဒီလှုပ်ရှားမှုက တရားနှလုံးသွင်းဖို့ ဒါမှမဟုတ် ဗုဒ္ဓသာသနာတော် ပြန့်ပွားဖို့သာဆိုယင် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် အခု ဘာဖြစ်လာသလဲ။ လူတစ်ချို့က ၉၆၉ ကို အကာအကွယ်တစ်ခုအဖြစ်အသုံးပြုပြီး ဘာသာရေးတိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာတယ်၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွားလာအောင် ဖန်တီးနေကြတယ်။ ဒါဟာ (သူတို့ပြောတဲ့) မူလလမ်းစဉ်ကနေ သွေဖည်နေတာပါဘဲ။ ကမ္ဘာပေါ်မှာ ဘာသာတရားကြီးလေးခု တည်တံ့နေဆဲပါ။ Globalization ခေတ်မှာ မိမိဘာသာတရားအကျိုးအတွက် တခြားဘာသာတရားကို ဆန့်ကျင်ချိုးနှိမ်ဖို့ လူတွေကို တွန်းအားပေးခြင်းက အဓိပ္ပာယ် မရှိပါဘူး။ ဒီအတွေးအမြင်ဟာ ဒီမိုကရေစီကူးပြောင်းရေးနည်းစဉ်နဲ့လည်း လမ်းချော်သွားစေပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေးကို လက်မခံအောင် တားဆီးရာလည်း ရောက်နေပါတယ်။ ထေရ၀ါဒဓမ္မစည်းမျဉ်းအရ ဘုန်းဘုန်းတို့ဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်မှုအဆုံးအမကိုသာ လိုက်နာရမှာဖြစ်တယ်။ လက်ရှိ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင်တွေရဲ့စကားတွေလို ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တာမျိုး အလျဉ်း မရှိခဲ့ပါဘူး။

(မေး) ဗုဒ္ဓဘုရားရှင်ဟာ ဗုဒ္ဓဘာသာကိုသာလျှင် ဗုဒ္ဓဘာသာဝင်များက ကျားကန် ကူညီပေးရမယ်လို့ ဟောကြားခဲ့ပါသလား ?

(ဖြေ) လုံးဝ မရှိခဲ့ပါဘူး။ ဗုဒ္ဓဘုရားရှင်မှာ အယူကွဲပြားတဲ့ ပြိုင်ဖက်များစွာရှိခဲ့ပေမယ့် သူတို့ကို ဆန့်ကျင်တဲ့တရား မဟောကြားခဲ့ပါဘူး။ အလွန်ကျော်ကြားလူသိများတဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓကိုယ်တော်ရဲ့ပြိုင်ဖက်တစ်ဦးကို ကူညီကျားကန်ပေးတဲ့ သူကြွယ်တစ်ဦးရှိခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ရဲ့တရားကိုနာကြားပြီးတဲ့နောက်ပိုင်းမှာ အဆင့်မြင့် ရဟန္တာတစ်ပါး ဖြစ်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာတောင်မှ ဗုဒ္ဓကိုယ်တော်က သူ့ကို မိမိရဲ့မိတ်ဆွေရောင်းရင်းဟောင်းတွေအပေါ် ဆက်လက်ကူညီသွားဖို့ မိန့်ကြားခဲ့တယ်။ အခြားဘာသာတရားတွေကို ဆန့်ကျင်ဖို့ ဗုဒ္ဓဘုရားရှင်က မိမိသားတော်သာဝကတွေကို သွန်သင်မှု အလျဉ်းမရှိခဲ့ကြောင်း ဒီအချက်က ပြသနေပါတယ်။ ရဟန်းသံဃာတွေက ၉၆၉ လှုပ်ရှားမှုကို ရှေ့တန်းကဦးဆောင်နေပေမယ့် မိမိတို့စကားကြောင့် ပျက်ရာပျက်ကြောင်းဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ချက်ရှိပုံမရပါဘူး။ သူတို့ဟာ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်ပွားစေလိုတဲ့ လူတစ်ချို့ရဲ့ ဓားစားခံများသက်သက် ဖြစ်နေတာပါ။

(မေး) အသုံးချခံနေရတယ်လို့ဆိုယင် အသုံးချသူက ဘယ်သူပါလဲ ?

(ဖြေ) ဘုန်းဘုန်းအနေနဲ့ သိနိုင်ဖို့ အလှမ်းဝေးပါတယ်။ သို့သော်လည်း လက်ရှိအကြမ်းဖက်နေတဲ့ပုံစံကို လေ့လာကြည့်ယင် အကြမ်းဖက်သမားတွေဟာ စံနစ်တကျကြိုတင်ပြင်ဆင်ထားတယ်၊ ပြီးတော့ သူတို့နောက်မှာ ကြိုးကိုင်သူရှိနေတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ မွန်ပြည်နယ်ထဲမှာ ဟောပြောထားတဲ့ ၉၆၉ ဒီဗီဒီခွေပေါင်း သုံးသောင်းကျော်ကို ရန်ကုန်မြို့ထဲ ဖြန့်ဝေခဲ့ကြတယ်။ ဒါဟာ အလွန်များပြားတဲ့ပမာဏအထိ ဖြန့်ချိနိုင်အောင် တာဝန်ယူကျားကန်ပေးသူ(sponsor) ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားပါဘဲ။ ဖြစ်နိုင်စရာ အမျိုးမျိုးရှိပါတယ်။ စစ်အာဏာရှင်ဟောင်းတွေနဲ့အလွမ်းသင့်ခဲ့တဲ့ ခရိုနီတွေလား ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုကို အလိုမရှိကြတဲ့အတွက် တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေသူတွေလား – ဘယ်သူသိနိုင်မလဲ ။

(မေး) ရဟန်းသံဃာဘုန်းတော်ကြီးများက မွတ်စ်လင်မ်ဆန့်ကျင်ရေးလုပ်ဖို့ ဟောပြောနေတာကို ဘယ်လိုမြင်ပါသလဲ?

(ဖြေ) သူတို့လုပ်ရပ်တွေဟာ နိုင်ငံတော်လက်အောက်ခံ သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့ ဆန့်ကျင်နေတာတော့ အမှန်ပါဘဲ။ ဘုန်းဘုန်း မနှစ်မြို့တဲ့အချက်တစ်ခုရှိတယ်။ တရုတ်ပြည်ရဲ့ လက်ပံတန်းတောင်ကြေးနီစီမံကိန်းအပေါ် ရဟန်းသံဃာအပါအ၀င် ဆန္ဒပြကြသူတွေကို အစိုးရက အလွန်အကျွံ အင်အားသုံးဖြိုခွဲခဲ့တယ်။ မွတ်စ်လင်မ်တွေကို သူတို့မျက်စေ့ရှေ့မှောက်မှာ ရိုက်နှက်၊ သတ်ဖြတ်၊ မီးလောင်တိုက်သွင်းနေတဲ့ကိစ္စကျတော့ အကြမ်းဖက်သမားတွေကို တားဆီးဖို့ သေနတ်တစ်ချက်မှ မဖောက်ခဲ့ကြဘူး။ ဒါဟာ တကယ့်ကို စိတ်ထဲမတင်မကျခံစားနေရတယ်။ နောက်တစ်ဖက်ကျပြန်တော့လဲ ၉၆၉ ဘုန်းကြီးတွေရဲ့ ဟောပြောမှုတွေက လူ့အဖွဲ့အစည်းကြီးနှစ်ခုအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ပိုပြီး အခက်တွေ့လာစေတယ်။ ဘုန်းတော်ကြီးတစ်ချို့ကို ဒီမိုကရေစီတရား မဟောပြောဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို လူရှေ့ထွက် မိန့်ခွန်းမဆိုဖို့ တစ်ချိန်က သူတို့ပဲ တားမြစ်ပိတ်ပင်ခဲ့ကြတယ်။ ဒီကာလမှာကျတော့ သူတို့က ဘာလို့ အလားတူ အရေးယူမှုမျိုး မလုပ်ကြတာလဲ ?

(မေး) ၉၆၉ လှုပ်ရှားမှု အထူးရေပန်းစားလာရတာ ဘာကြောင့်လို့ထင်ပါသလဲ ?

(ဖြေ) အာဏာပိုင်တွေက လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု မလုပ်ကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအများစုဟာ သဘောထားကြီးနားလည်မှုရှိနေကြပေမယ့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မလှန်နိုင်တာလဲ ပါတယ်။ ဒါဟာ ဘာနဲ့အလားသဏ္ဍာန်တူနေလဲဆိုတော့ တစ်ချိန်တုန်းက စစ်တပ်မကောင်းကြောင်းပြောတဲ့သူ မည်သူ့ကိုမဆို ဒို့တစ်တွေ လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့တဲ့ ပုံဟန်မျိုးပါဘဲ။

(မေး) အကြမ်းဖက်မှု မကျယ်ပြန့်လာအောင် အစိုးရက မတားမြစ်မဆောင်ရွက်နိုင်ခဲ့တာ ဘာကြောင့်ပါလဲ ?

(ဖြေ) အကြမ်းဖက်မှု ဒီလောက်ကျယ်ပြန့်လာလိမ့်မယ်လို့ သူတို့မတွေးမိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ၉၆၉ ကို ကြပ်မတ်ကိုင်တွယ်မှု မပြုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတကြီးက နိုင်ငံတော်မတည်ငြိမ်မှုကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ကြဖို့ မေတ္တာရပ်ခံလင့်ကစား အချို့အာဏာပိုင်များက အဲ့ဒီကဏ္ဍကို အစီအစဉ်ချမှတ်ဆောင်ရွက်ဖို့ နေနေသာသာ ၊ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေတာကတော့ အလွန်စိတ်ပျက်စရာကောင်းလှပါတယ်။ အထက်က အမိန့်ကို စောင့်ဆိုင်းနေပါတယ်ဆိုတဲ့ ဆင်ခြေကိုဘဲ တစိုက်မတ်မတ် ပေးနေကြတယ်။ တိုတိုပြောရယင် အစိုးရရဲ့ တလွဲတချော် စီမံခန့်ခွဲကိုင်တွယ်မှုကို အပြစ်တင်ရမှာဖြစ်ပါတယ်။

( ၂၀၁၃ ခုနှစ်၊ ဇွန်လထုတ် ဧရာဝတီမဂ္ဂဇင်း မှ Two Sides of the Sangha ဆောင်းပါးကို ‘သာကီထက်ကောင်း’ မြန်မာလိုဆီလျော်အောင်ပြန်ဆိုခြင်းဖြစ်သည်)
“ ရဟန်သံဃာဘုန်းတော်ကြီးများ အသုံးချခံနေရသည် ဟူသော အမြင် ”



(မေး) ၉၆၉ လှုပ်ရှားမှုအပေါ် ယုံကြည်မှု ရှိပါသလား ?


(ဖြေ) လုံးဝ အယုံအကြည် မရှိပါဘူး။ တကယ်လို့ ဒီလှုပ်ရှားမှုက တရားနှလုံးသွင်းဖို့ ဒါမှမဟုတ် ဗုဒ္ဓသာသနာတော် ပြန့်ပွားဖို့သာဆိုယင် သိပ်ကောင်းတာပေါ့။ ဒါပေမယ့် အခု ဘာဖြစ်လာသလဲ။ လူတစ်ချို့က ၉၆၉ ကို အကာအကွယ်တစ်ခုအဖြစ်အသုံးပြုပြီးဘာသာရေးတိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာတယ်၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွားလာအောင် ဖန်တီးနေကြတယ်။ ဒါဟာ (သူတို့ပြောတဲ့) မူလလမ်းစဉ်ကနေ သွေဖည်နေတာပါဘဲ။ ကမ္ဘာပေါ်မှာ ဘာသာတရားကြီးလေးခု တည်တံ့နေဆဲပါ။ Globalization ခေတ်မှာ မိမိဘာသာတရားအကျိုးအတွက် တခြားဘာသာတရားကို ဆန့်ကျင်ချိုးနှိမ်ဖို့ လူတွေကို တွန်းအားပေးခြင်းက အဓိပ္ပာယ် မရှိပါဘူး။ ဒီအတွေးအမြင်ဟာ ဒီမိုကရေစီကူးပြောင်းရေးနည်းစဉ်နဲ့လည်း လမ်းချော်သွားစေပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေးကို လက်မခံအောင် တားဆီးရာလည်း ရောက်နေပါတယ်။ ထေရ၀ါဒဓမ္မစည်းမျဉ်းအရ ဘုန်းဘုန်းတို့ဟာ ဗုဒ္ဓဘုရားရှင်ရဲ့ သွန်သင်မှုအဆုံးအမကိုသာ လိုက်နာရမှာဖြစ်တယ်။ လက်ရှိ ၉၆၉ လှုပ်ရှားမှုခေါင်းဆောင်တွေရဲ့စကားတွေလို ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တာမျိုး အလျဉ်း မရှိခဲ့ပါဘူး။

(မေး) ဗုဒ္ဓဘုရားရှင်ဟာ ဗုဒ္ဓဘာသာကိုသာလျှင် ဗုဒ္ဓဘာသာဝင်များက ကျားကန် ကူညီပေးရမယ်လို့ ဟောကြားခဲ့ပါသလား ?

(ဖြေ) လုံးဝ မရှိခဲ့ပါဘူး။ ဗုဒ္ဓဘုရားရှင်မှာ အယူကွဲပြားတဲ့ ပြိုင်ဖက်များစွာရှိခဲ့ပေမယ့် သူတို့ကို ဆန့်ကျင်တဲ့တရား မဟောကြားခဲ့ပါဘူး။ အလွန်ကျော်ကြားလူသိများတဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓကိုယ်တော်ရဲ့ပြိုင်ဖက်တစ်ဦးကို ကူညီကျားကန်ပေးတဲ့ သူကြွယ်တစ်ဦးရှိခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ရဲ့တရားကိုနာကြားပြီးတဲ့နောက်ပိုင်းမှာ အဆင့်မြင့် ရဟန္တာတစ်ပါး ဖြစ်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာတောင်မှ ဗုဒ္ဓကိုယ်တော်က သူ့ကို မိမိရဲ့မိတ်ဆွေရောင်းရင်းဟောင်းတွေအပေါ် ဆက်လက်ကူညီသွားဖို့ မိန့်ကြားခဲ့တယ်။ အခြားဘာသာတရားတွေကို ဆန့်ကျင်ဖို့ ဗုဒ္ဓဘုရားရှင်က မိမိသားတော်သာဝကတွေကို သွန်သင်မှု အလျဉ်းမရှိခဲ့ကြောင်း ဒီအချက်က ပြသနေပါတယ်။ ရဟန်းသံဃာတွေက ၉၆၉ လှုပ်ရှားမှုကို ရှေ့တန်းကဦးဆောင်နေပေမယ့် မိမိတို့စကားကြောင့် ပျက်ရာပျက်ကြောင်းဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ချက်ရှိပုံမရပါဘူး။ သူတို့ဟာ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်ပွားစေလိုတဲ့ လူတစ်ချို့ရဲ့ ဓားစားခံများသက်သက် ဖြစ်နေတာပါ။

(မေး) အသုံးချခံနေရတယ်လို့ဆိုယင် အသုံးချသူက ဘယ်သူပါလဲ ?

(ဖြေ) ဘုန်းဘုန်းအနေနဲ့ သိနိုင်ဖို့ အလှမ်းဝေးပါတယ်။ သို့သော်လည်း လက်ရှိအကြမ်းဖက်နေတဲ့ပုံစံကို လေ့လာကြည့်ယင် အကြမ်းဖက်သမားတွေဟာ စံနစ်တကျကြိုတင်ပြင်ဆင်ထားတယ်၊ ပြီးတော့ သူတို့နောက်မှာ ကြိုးကိုင်သူရှိနေတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ မွန်ပြည်နယ်ထဲမှာ ဟောပြောထားတဲ့ ၉၆၉ ဒီဗီဒီခွေပေါင်း သုံးသောင်းကျော်ကို ရန်ကုန်မြို့ထဲ ဖြန့်ဝေခဲ့ကြတယ်။ ဒါဟာ အလွန်များပြားတဲ့ပမာဏအထိ ဖြန့်ချိနိုင်အောင် တာဝန်ယူကျားကန်ပေးသူ(sponsor) ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားပါဘဲ။ ဖြစ်နိုင်စရာ အမျိုးမျိုးရှိပါတယ်။ စစ်အာဏာရှင်ဟောင်းတွေနဲ့အလွမ်းသင့်ခဲ့တဲ့ ခရိုနီတွေလား ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုကို အလိုမရှိကြတဲ့အတွက် တိတ်တဆိတ် ငွေကြေးထောက်ပံ့ပေးနေသူတွေလား – ဘယ်သူသိနိုင်မလဲ ။

(မေး) ရဟန်းသံဃာဘုန်းတော်ကြီးများက မွတ်စ်လင်မ်ဆန့်ကျင်ရေးလုပ်ဖို့ဟောပြောနေတာကို ဘယ်လိုမြင်ပါသလဲ?

(ဖြေ) သူတို့လုပ်ရပ်တွေဟာ နိုင်ငံတော်လက်အောက်ခံ သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့ ဆန့်ကျင်နေတာတော့ အမှန်ပါဘဲ။ ဘုန်းဘုန်း မနှစ်မြို့တဲ့အချက်တစ်ခုရှိတယ်။ တရုတ်ပြည်ရဲ့ လက်ပံတန်းတောင်ကြေးနီစီမံကိန်းအပေါ် ရဟန်းသံဃာအပါအ၀င် ဆန္ဒပြကြသူတွေကို အစိုးရက အလွန်အကျွံ အင်အားသုံးဖြိုခွဲခဲ့တယ်။ မွတ်စ်လင်မ်တွေကို သူတို့မျက်စေ့ရှေ့မှောက်မှာ ရိုက်နှက်၊ သတ်ဖြတ်၊ မီးလောင်တိုက်သွင်းနေတဲ့ကိစ္စကျတော့ အကြမ်းဖက်သမားတွေကို တားဆီးဖို့ သေနတ်တစ်ချက်မှ မဖောက်ခဲ့ကြဘူး။ ဒါဟာ တကယ့်ကို စိတ်ထဲမတင်မကျခံစားနေရတယ်။ နောက်တစ်ဖက်ကျပြန်တော့လဲ ၉၆၉ ဘုန်းကြီးတွေရဲ့ ဟောပြောမှုတွေက လူ့အဖွဲ့အစည်းကြီးနှစ်ခုအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ပိုပြီး အခက်တွေ့လာစေတယ်။ ဘုန်းတော်ကြီးတစ်ချို့ကို ဒီမိုကရေစီတရား မဟောပြောဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို လူရှေ့ထွက် မိန့်ခွန်းမဆိုဖို့ တစ်ချိန်က သူတို့ပဲ တားမြစ်ပိတ်ပင်ခဲ့ကြတယ်။ ဒီကာလမှာကျတော့ သူတို့က ဘာလို့ အလားတူ အရေးယူမှုမျိုး မလုပ်ကြတာလဲ ?

(မေး) ၉၆၉ လှုပ်ရှားမှု အထူးရေပန်းစားလာရတာ ဘာကြောင့်လို့ထင်ပါသလဲ ?

(ဖြေ) အာဏာပိုင်တွေက လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု မလုပ်ကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအများစုဟာ သဘောထားကြီးနားလည်မှုရှိနေကြပေမယ့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မလှန်နိုင်တာလဲ ပါတယ်။ ဒါဟာ ဘာနဲ့အလားသဏ္ဍာန်တူနေလဲဆိုတော့ တစ်ချိန်တုန်းက စစ်တပ်မကောင်းကြောင်းပြောတဲ့သူ မည်သူ့ကိုမဆို ဒို့တစ်တွေ လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့တဲ့ ပုံဟန်မျိုးပါဘဲ။

(မေး) အကြမ်းဖက်မှု မကျယ်ပြန့်လာအောင် အစိုးရက မတားမြစ်မဆောင်ရွက်နိုင်ခဲ့တာ ဘာကြောင့်ပါလဲ ?

(ဖြေ) အကြမ်းဖက်မှု ဒီလောက်ကျယ်ပြန့်လာလိမ့်မယ်လို့ သူတို့မတွေးမိတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ၉၆၉ ကို ကြပ်မတ်ကိုင်တွယ်မှု မပြုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သမ္မတကြီးက နိုင်ငံတော်မတည်ငြိမ်မှုကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ကြဖို့ မေတ္တာရပ်ခံလင့်ကစား အချို့အာဏာပိုင်များက အဲ့ဒီကဏ္ဍကို အစီအစဉ်ချမှတ်ဆောင်ရွက်ဖို့ နေနေသာသာ ၊ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုနေတာကတော့ အလွန်စိတ်ပျက်စရာကောင်းလှပါတယ်။ အထက်က အမိန့်ကို စောင့်ဆိုင်းနေပါတယ်ဆိုတဲ့ ဆင်ခြေကိုဘဲ တစိုက်မတ်မတ် ပေးနေကြတယ်။ တိုတိုပြောရယင် အစိုးရရဲ့ တလွဲတချော် စီမံခန့်ခွဲကိုင်တွယ်မှုကို အပြစ်တင်ရမှာဖြစ်ပါတယ်။

( ၂၀၁၃ ခုနှစ်၊ ဇွန်လထုတ် ဧရာဝတီမဂ္ဂဇင်း မှ Two Sides of the Sangha ဆောင်းပါးကို ‘သာကီထက်ကောင်း’ မြန်မာလိုဆီလျော်အောင်ပြန်ဆိုခြင်းဖြစ်သည်)

1 comment :

Anonymous said...

You traitor, Moe Thee
May God Bless You