Thursday 4 July 2013

သွေးလွန် တုတ် ကွေး

တောင်ငူခရိုင် ကလေး ၁၀၀ ကျော်
 သွေးလွန်တုပ်ကွေးဖြစ် သုံးဦးသေဆုံး

တောင်ငူ၊ ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းရှိ
 မြို့နယ်လေးမြို့နယ်တွင် လူ ၁၀၀ ကျော်
 သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး
 သုံးဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်
 ရောဂါပိုးမွှားမှတစ်ဆင့် ကူးစက်တက်သော 
ပိုးမွှားနှိမ်နှင်းရေးအဖွဲ့ (ရ-ပ-က-န) က 
ထုတ်ပြန်သော အစီအရင်ခံစာအရ သိရှိ 
ရသည်။

တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်နှင့်ြ
ဖူးမြို့နယ်တို့တွင် ဇွန်လပထမပတ်က
 သွေးလွန်တုပ်ကွေးရောဂါဖြင့် 
ခရိုင်ဆေးရုံကြီးတွင် ကလေးငယ် ၁၀၀ ဦးကျော် တက်ရောက် ကုသခဲ့ပြီး ဇွန်လ ဒုတိယပတ်တွင်ေ
ဆးရုံတက်ရောက် ကုသသူ လူနာ ၄၀ ခန့် ရှိခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် 
အဆိုပါရောဂါဖြင့် အသက်ငါးနှစ်အရွယ်၊ ရှစ်နှစ်အရွယ်နှင့် လေးနှစ်အရွယ် ကလေးငယ်သုံးဦးတို့ သေဆုံးခဲ့ကြောင်း အဆိုပါ အစီအရင်ခံစာအရ သိရှိရသည်။

“တူမလေးကို ဆရာဝန်က သွေးလွန်တုပ်ကွေး သံသယရှိလို့ တောင်ငူဆေးရုံ တင်တာ ဆေးရုံထဲ
 ခြေချစရာ မရှိတော့ပါဘူး။ လူနာစောင့် ထိုင်ခုံတွေနဲ့တောင် ကလေးတွေကို ထားရတယ်” ဟု
 တောင်ငူမြို့နယ် ခပေါင်းကျေးရွာအုပ်စု ဆားကျင်းကျေးရွာတွင် နေထိုင် သူ ဒေါ်ချိုက ပြောကြားသည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း မြင့်တက်လာရခြင်းကြောင့် ဇွန်လအတွင်း အခြေခံပညာကျောင်းပေါင်း 
၃၂ ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေး ဖျန်းခြင်း၊ အဘိတ်စ်ဆေးခတ်ခြင်းများြ
ပုလုပ်ခဲ့ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်ခင်မေသွင်က
 ပြောကြားသည်။

No comments :