Sunday 7 July 2013

ရုပ်ရှင်သူရဲကောင်းများ ( မောင်သူရ)


၁၉၈၈ ခုနှစ်ကနေ ဒီနေ့ထိ ကျနော် အလေးစားရဆုံး အနုပညာရှင် သုံးယောက်ရှိပါတယ်။လေးလေးဦးထွန်းဝေ၊ဒေါ်အေးအေးသင်းနဲ့ဟာသမယ်(မ)သန်းရွှေတို့ပါ။လေးလေး က ရွှေတိဂုံအနောက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူနဲ့မိတ်ဆက်ပေးခဲ့တာပေါ့။ဒါနဲ့စစ်အစိုးရရဲ့အညှိုးကိုခံရပါတယ်။မှာယွင်းကြောင်းလက်မျတ်ထိုးခိုင်းတော့ လေးလေးက လုံ့းဝလက်မှတ်မထိုးခဲ့ပါဖူး။ဒိတော့လဲ စစ်အစိုးရရဲ့အကျင့်အတိုင်း ရုပ်ရှင်မရိုက်ရဆိုပြီးပိတ်လိုက်တာပေါ့။လေးလေးက အပြုံးမပျက်ပေါင်။ရုပ်ရှင်သမားတွေကလဲဗျာ လေးလေးအိမ်ရှေ့ ရုပ်ရှင်သွားသွားရိုက်ကြသေးတယ်။ဘယ်လောက်အားနာစရာကောင်းသလဲ။ဒါပေမဲ့ လေးလေးကတော့ပြုံးပြုံးကြီးလာလာကြည့်ပြီး လက်ဖက်ရည်တောင် ခေါ်တိုက်ပါသေးတယ်။လေးလေး သေတော့လဲ ဘယ်ရုပ်ရှင်သမားကမှ လာမပို့ ပါဖူး။ 

ရုပ်ရှင်အစည်းအရုံးကလဲ ပန်းခြင်းလေးတောင် မပို့ ပေါင်။ဆရာမောင်သာနိုးကတောင်ရုပ်ရှင်သမားတွေကို မကျေနပ်တဲ့အကြောင်း ဆောင်းပါးထဲထည့်ရေးခဲ့ပါသေးတယ်။


ဒေါ်အေးအေးသင်းကတော့ ဖွဲ.စည်းပုံအခြေခံ ဥပဒေ စာအုပ်ကို ခြေထောက်နဲ့တက်နင်းလို့ဆိုပြီး အရေးယူခံရတာလေ။စစ်အစိုးရရှိနေသမျှ ရုပ်ရှင် မရိုက်ဖူးလို့ပြောခဲ့တာ တကယ်ပဲ ဒီနေ့ထိ လုံးဝရုပ်ရှင်မရိုက်တော့ပါဖူး။(မ)သန်းရွှေကိုတော့ ဦးသန်းရွှေနဲ့နာမယ်တူနေလို့ နံမယ်ပြောင်းပေးလို့ ခိုင်းသဗျ။မပြောင်းနိုင်ဖူးဆိုတော့ရုပ်ရှင်မရိုက်ရဖူးပေါ့။ဒါနဲ့အန်တိမသန်းရွှေဟာ သံလျင်ဖက်မှာခြံစိုက်စားပြီးနေခဲ့တယ်။ခုတော့ကွယ်လွန်ရှာပါပြီ။သူတို့ကမှ ရုပ်ရှင်သူရဲကောင်းတွေပါ။


၁၉ ၈၈ ကျောင်းသားတွေကသပိတ်သံပေးပြီးတာနဲ့ ဘားလမ်းမှာ စာပေ နဲ့အနုပညာရှင်များကော်မီတိ ဆိုတာဖွဲ့တယ်။စပယ်ဦး ဦးတင်စိုး အခန်းမှာ။ဦးဝင်းတင်က ဥက္ကဌ၊ဦးအောင်လွင် ဦးမိုးသူ၊ပန်းချီမျိုးမြင့်၊ကိုကိုအောင်(သပြေ)၊ဂျေညီညီ၊စိုင်းထီးဆိုင်၊စင်ရော်မောင်မောင်၊ဇင်ဝိုင်း တို့ ပါကြပါတယ်။ပထမဆုံးရံပုံငွေတစ်ရာ စ ထည့်တာ ဦးဝင်းဦးပဲ။


1 comment :

Soe Tun said...

ကျွန်တော့်ဘွားလေး ဒေါ်သန်းရွှေ ရုပ်ရှင် ဆက်မရိုက်ဖြစ်တာ ဘွားလေး ပြောပြလို့ သိရသလောက်ကတော့ ၈၈ အရေးအခင်း ကိစ္စတွေမှာ ပါဝင်တာတွေနဲ့ ပတ်သက်ပြီး ၀န်ခံလက်မှတ် မထိုးတာကြောင့်လို့ သိရပါတယ်။ နာမည်မပြောင်းတာကြောင့်လို့တော့ မကြားမိပါ။ ဒေါ်အေးအေးသင်းလည်း ထိုနည်းလည်းကောင်းပါပဲ။