Wednesday 25 September 2013

ဒါဆိုရင်တော.သေချာပြီ။



ယနေ့အကြိုက်ဆုံး Political Joke
====================
ဒါဆိုရင်တော.သေချာပြီ
*****************
ဘဏ်တစ်ခုထဲသို.
ကျွနုပ်တို.၏ ချစ်လှစွာသော သမ္မတကြီးဝင်လာ၏။
ထိုအခါ ဘဏ်မန်နေဂျာမှ
“ငွေထုတ်မှာလား၊ ငွေလွှဲမှာလား ခင်ဗျာ”

“ငွေထုတ်ချင်လို.ကွာ၊ သိန်း(100) လောက် ခုတော်တော်အရေးကြီးနေလို.”

“သြော်၊ ဟုတ်ကဲ.ပါခင်ဗျာ။ မှတ်ပုံတင်လေး တစိတ်လောက်ပြပါလား”

သမ္မတကြီးမှာ ဟိုစမ်းဒီစမ်း ဖြင့်

“အေးကွာ အရေးကြီးလို.အလောတကြီး ထွက်လာတာ မှတ်ပုံတင် ကျန်နေခဲ.တယ်”

“ကျွန်တော်တို. တာဝန်ဝတ္တရားအရ၊ မှတ်ပုံတင်ပါမှ ငွေထုတ်ခွင့်ပြုပါတယ်ခင်ဗျာ”

“ငါ သမ္မတ လေကွာ လူတိုင်းသိပါတယ်”

“ ဟုတ်ပါတယ်ခင်ဗျ၊ ဒါပေမဲ. တာဝန်နဲ.၀တ္တရား၇ှိလို.ပါ”

“ငါသမ္မတ လေကွာ”

“ဟုတ်ကဲ. ဒါဆို၊ သမ္မတ ဟုတ်ကြောင်းမှန်ကြောင်း အထောက်အထားတစ်ခုပြပါ ခင်ဗျာ”

မန်နေဂျာပြောစကားအား ကောင်းကောင်းနားမလည်သော သမ္မတကြီးမှာ

“ဘာလဲကွဲ.၊ ငါသိပ်နားမလည်ဘူး”

“ဒီလိုပါ ခင်ဗျာ၊ ကျွန်တော်တို.ဘဏ်ကို လွန်ခဲ.တဲ. အပတ် လောက်က စာရေးဆရာ ချစ်ဦးညိုလာပါတယ် ခင်ဗျာ၊ သူလည်းငွေလာထုတ်တာပါ ဒါပေမဲ. အခုလိုပဲ မှတ်ပုံတင်ပါမလာပါဘူး၊ အဲ.ဒါနဲ. ကျွန်တော်က စာရေးဆရာချစ်ဦးညိုဖြစ်ကြောင်း အထောက်အထား တစ်ခုပြပါဆိုတော. သူကရှေ. ထွက်ပြီး “မ နဲ.မောင်နဲ. ခုမှတွေ.တာxxxx လူပါးမ၀ခင်တုန်းက ပြောကြတော.ရယ်စရာပါxxxx ဟာ..ဟာ..ဟာ”
ဆိုပြီးတော. ကွေးနေအောင်ကပြပါတယ်၊ ဒါဆိုရင်တော. ကျွန်တော်တို.ကယုံပါတယ် ဘာလို.လဲဆိုတော. စာရေးဆရာထဲမှာ အဲ.လိုသီချင်းဆိုပြီး ကတတ်တာ ချစ်ဦးညို တစ်ယောက်ပဲရှိတာကိုး။ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်”

မန်နေ၈ျာက ဆက်လက်၍
“ အဲ.လိုပဲ ဟိုတစ်နေ.က ဦးဇင်ဝိုင်း ငွေလာထုတ်ပါတယ် အလားတူပါပဲ သူလည်း
အဲ.ဒါနဲ. အထောက်အထားပြခိုင်းရော သူက ရှေ.ထွက်ပြီး၊ “ ကျွန်တော်က ရုပ်ရှင်အစည်းအရုံး ဥက္ကဌ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က ဘုံကျွန်ကြီးပါဗျာ၊ ခိုင်းဖတ်ကြီးပါခင်ဗျာ” ဆိုပြီးငိုပါလေရော
သေချာပြီ ဒါဆို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဇင်ဝိုင်းပဲ၊ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်၊ ခု သမ္မတကြီးဖြစ်ကြောင်းဘယ်လိုအထောက်ထားပြချင်ပါသလဲခင်ဗျာ”

သမ္မတကြီးမှာ ခေါင်းကုတ်၍
“ ငါလည်း ဘာလုပ်လို. ဘာကိုင်ရမှန်မသိတော.ပါဘူးကွာ” တဲ.

“ဒီလောက်တွေဝေနေရင် သေချာပြီ ဒါ တို.သမ္မတကြီးပဲ” ဟုဆိုကာ ငွေထုတ်ပေးလိုက်ပါသည်။

( ကမာရွတ်မြို.နယ် စာပေဟောပြောပွဲတွင် စာရေးဆရာ ဇာဂနာ(ကိုသူရ) ၏ ဟောပြောချက်များမှ
ထုတ်နှုတ်ထားပါသည်။)

Kostar Lay ပေးပို့သည်။
MyanmarDaily.net

No comments :