Wednesday 25 September 2013

အေးအေးစိုးဝင်း နှင့် လူထုပုံရိပ်ဂျာနယ်



မေး။ လက်ရှိ NLD ဒီချုပ်နဲ့  ၈၈ မျိုးဆက်အပေါ် ဘယ်လိုရှုမြင်သုံးသပ်ပါသလဲ။

ဖြေ။ လက်ရှိအနေအထားအရ NLD ဒီချုပ်နဲ့  ပွင့်လင်း ၈၈ မျိုးဆက်တို့ ဟာ
ဦးသိန်းစိန်အစိုးရနဲ့ အဆင်ပြေလိုပါတယ်။ သူတို့ နိုင်ငံရေးအရ ဆုံးဖြတ်ပုံ
ဆုံးဖြတ်နည်းတွေမှာ သူတို့ ကို တစ်ဖက်က အောင်မြင်စွာ စည်းရုံးထားတာကို
တွေ့ ရပါတယ်။ ပြည်သူလူထုရဲ့  လတ်တလောအကျိုးစီးပွား ရေရှည်အကျိုး
စီးပွားကတစ်ဖက်၊ အာဏာရပါတီရဲ့ အကျိုးစီးပွားကတစ်ဖက် ဒီနေရာမှာ
အကျော်ဒေးယျ NLD နဲ့  ပွင့်လင်း ၈၈ တို့ ဟာ ကြားနေလိုတဲ့သဘောတွေနဲ့ 
သွားနေပါတယ်။ အတိုချုံ့ ပြောရရင် လူထုတိုက်ပွဲတွေက ကင်းကွာလာသူများလို့ 
ခေါ်ရင် လုံလောက်ပါတယ်။ တရားပျက်ချင်းမလှ ပျက်သုဉ်းနေတဲ့
နိုင်ငံရေးစနစ်တစ်ရပ်မှာ ဖိနှိပ်မှုတွေကို ထုံးစံလို့ သဘောမထားဘဲ၊
မတရားမှုတွေကို မျက်နှာလွှဲခဲပစ်မလုပ်ဘဲ ပြတ်ပြတ်သားသား ရင်ဆိုင်ဖြေရှင်းဖို့ 
လိုအပ်ပါတယ်။ ပြည်သူလူထုကလည်း မျှော်လင့်ကြပါတယ်။ ၈၈ အုပ်စုမှာရော
NLD မှာရော ဟိုးအရင်တုန်းကလို တိုက်ပွဲဝင်စိတ်ဓာတ်နဲ့  Direct Action ပါတဲ့
အလုပ်များကို မဆုတ်မနစ် ပြန်ထူထောင်ဖို့ လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး
မျှော်လင့်ထားတာက စစ်အာဏာရှင်စနစ်နဲ့  အခွင့်ထူးခံ ခေါင်းပုံဖြတ်
စီးပွားရေးစနစ် ပျက်သုဉ်းရေးပါ။ ဒါတွေကို မျက်ခြေပြတ်လာတဲ့
အဖွဲ့ အစည်းတွေမှာ စစ်မှန်တဲ့နိုင်ငံရေးအလုပ်ကို အဓိပ္ပာယ်ရှိရှိ လုပ်ကိုင်နိုင်တဲ့
အခွင့်အလမ်း နည်းသထက်နည်းလာပါတယ်။

မေး။ အာဏာရကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီအပေါ် ဘယ်လိုသဘောထားပါသလဲ။

ဖြေ။ အာဏာရပါတီဖြစ်တဲ့ ကြံ့ဖွံ့ ပါတီဝင်တွေကြားမှာ အထူးသဖြင့်
ခေါင်းပိုင်းက ခေါင်းဆောင်ပိုင်းမှာ သူတို့ အချင်းချင်းကြားမှာ မူဝါဒ (သို့ မဟုတ်)
အတွေးအခေါ်သဘောတရားညီညွတ်မှု Ideological Unity ရှိနေပါတယ်။
ဒီလိုညီညွတ်မှုကြောင့် သူတို့ ထဲက အချို့ ထိပ်သီးများဟာ ဒီမိုကရေစီကို
စိတ်ဝင်စားဟန်ပြလာပါတယ်။ သူတို့ က တက်တစ်စ် (Tactics) လည်းဖြစ်နေ
ပါတယ်။ ရလဒ်ကတော့ န၀တ၊ နအဖ နည်းဟောင်းတွေနဲ့ ဘဲ ဒီတစ်လမ်းမှာဘဲ
မြဲနေတဲ့လူဟောင်းတွေချည်းပါ။ ဒီတော့ သူတို့ ကတိပေးနေတဲ့ ဒီမိုကရက်တစ်
လူမှုဘ၀မျိုးဟာ မိုးနဲ့ မြေလို အလှမ်းဝေးနေပါဦးမယ်။ ကြံ့ဖွံ့ ပါတီကြီးထဲမှာ
ပြည်သူတွေလိုတွေး၊ ပြည်သူတွေလိုခံစားနိုင်မယ့်ပုဂ္ဂိုလ်များ တကယ် ရှိ/မရှိ
ပြည်သူတွေကသာ ပိုသိပါတယ်။ ဖိနှိပ်တဲ့လူတန်းစားရဲ့ အကျိုးစီးပွားကိုသာ
ကာကွယ်ပေးလိုတဲ့ပါတီဖြစ်စေ၊ နိုင်ငံရေးစနစ်ဖြစ်စေ သူတို့ လက်အောက်မှာ
ပြည်သူလူထုရဲ့ ဘ၀လုံခြုံမှုမရှိတဲ့အခါ ကြံ့ဖွံ့ ပါတီဟာ ဘယ်လိုနည်းနဲ့ မှ
လူထုကို ဦးဆောင်တာဝန်ယူပြနိုင်၊ လူထုယုံကြည်တဲ့ပါတီကြီးဖြစ်လာမယ့်
အလားအလာတော့ မမြင်မိပါဘူး။

မေး။ အလုပ်သမား၊ လယ်သမားလူတန်းစားတွေရဲ့  ဘ၀ရပိုင်ခွင့်
ဆုံးရှုံးနစ်နာမှုတွေကို အကူအညီပေးပြီး ရပ်တည်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့
အင်အားစုတွေနဲ့ ပက်သက်ပြီး ဘယ်လိုမြင်ပါသလဲ။



(ဆက်ဖတ်ရန်ခေါင်းစဉ် နှိပ်ပါ။)


ဖြေ။ ဒီအင်အားစုတွေသာလျှင် တိုက်ပွဲမပြီးသေးတာကို အသိအရ၊ အလုပ်အရ
နားလည်ကျင့်သုံးနေသူများလို့ မြင်ပါတယ်။ အထူးသဖြင့် နစ်နာဆုံးရှုံးမှု
အမျိုးအမျိုးကို ခံစားနေရတဲ့ အလုပ်သမား၊ တောင်သူလယ်သမားလူတန်းစားတွေ
ဘက်မှာဘဲ သူတို့ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်မှုတွေက အံ့မခန်းပါဘဲ။
အရေအတွက်အားဖြင့် အများကြီးဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် အရည်အသွေးအရ
အတော်အားကောင်းပါတယ်။ လိုရာခရီးပန်းတိုင်ရောက်ဖို့  ဒီလိုခေါင်းဆောင်မှုတွေ
ကိုသာ ဒီမိုကရေစီနိုင်ငံအတွက် လေ့ကျင့်ပေးနေရပါမယ်။ ဒူးမထောက်တဲ့သူ
များလာလေလေ အောင်မြင်ဖို့ အခွင့်အလမ်း များလာလေလေ၊ ဒီလိုဘဲ
ပြောရမှာပါဘဲ။ ဒီအင်အားစုတွေဟာ ပြည်သူလူထုနဲ့  တစ်သွေးတစ်သားတည်း
ရှိနေကြပါတယ်။ ထောက်လှန်းရေးယန္တရားတွေကိုလည်း ဒီအင်အားစုတွေက
သိပ်မဖြုံကြပါဘူး။ သူတို့ ဟာ ပညာရှင်အသွင်ဆောင် မဟောမပြောဘဲ
လူထုနစ်နာဆုံးရှုံးတဲ့နေရာတွေမှာဘဲ ဦးဆောင်မှုပေးနေကြပါတယ်။
လက်ပံတောင်းတောင်အရေး၊ အလုပ်သမားအရေး၊ ဒီလိုအောက်ခြေက
လူတန်းစားကိစ္စတွေမှာ မည်သည့် Facility နဲ့  ထူးထူးခြားခြား အခွင့်အရေးများ
မရဘဲ အနစ်နာခံဆောင်ရွက်လုပ်ကိုင်နေသူများရဲ့  စိတ်ဓာတ်နဲ့ ခံနိုင်ရည်ဟာ
အလွန်တန်ဘိုးကြီးပါတယ်။ သူတို့ သာလျှင် လူတန်းစားပြဿနာ နားလည်ပြီး
သူတို့ ယုံကြည်တဲ့အလုပ်ကို စွဲစွဲမြဲမြဲ လုပ်နေကြတယ်။ ကျွန်မမျက်လုံးထဲမှာ
ဒီလိုလူတွေဟာ ထူးချွန်ထက်မြက်သူတွေ၊ နိုင်ငံအပေါ် စေတနာရှိသူတွေဖြစ်လာပါ
လိမ့်မယ်။ လူထုရဲ့ နစ်နာဆုံးရှုံးမှုနဲ့  ဒုက္ခအ၀၀ကို စာနာနားလည်ပေးနိုင်သူများ၊
ဖြေရှင်းပေးရဲသူများသာ အနာဂတ်ရဲ့ ခေါင်းဆောင်အစစ်များဖြစ်လာပါလိမ့်မယ်။

မေး။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လိုအပ်ချက်အရ
ဖြစ်ပေါ်လာတယ်လို့ ထင်ပါသလား။ ထင်မြင်ယူဆတယ်ဆိုရင် ဘယ်လို
လိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာရတာပါလဲ။

ဖြေ။ လက်နက်ကိုင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများကြောင့်
ငြိမ်းချမ်းရေးကို အရေးတကြီးလိုအပ်နေတာတော့ မဟုတ်ပါဘူး။ တောက်လျှောက်
ထိုးစစ်ဆင်လေ့ရှိတဲ့ မြန်မာစစ်တပ်ကြောင့်သာ ငြိမ်းချမ်းရေးဟာ တကယ့်
လိုအပ်ချက်ကြီးဖြစ်နေပါတယ်။ တကယ့်အရှိတရားအရ စစ်အာဏာရှင်တွေရှိနေလို့ 
ထိုးစစ်တွေဖြစ်နေ၊ ငြိမ်းချမ်းရေးဆိတ်သုဉ်းနေတာဘဲဖြစ်ပါတယ်။
ဒီတော့ ဆွေးနွေးပွဲတွေဟာ မကျေနပ်တဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ 
ပူပန်စိုးရိမ်မှုကို မဖျောက်နိုင်ဘဲ ထိုးစစ်ဆင်နေဆဲ မြန်မာစစ်တပ်ကိုဘဲ
အရောင်တင်ပေးနေသလို ခံစားနေရပါတယ်။ တကယ်ငြိမ်းချမ်းချင်ရင်
လွယ်ပါတယ်။ စစ်တပ်က လုပ်ကိုင်ဆောင်ရွက်နေတဲ့ အကျင့်အကြံများကို
ချက်ချင်းရပ်တန့် ပစ်လိုက်ရုံပါဘဲ။ ဒီတော့ ဆွေးနွေးပွဲတွေဟာ လက်ရှိအာဏာရ
ကြံ့ဖွံ့ ပါတီရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်လာတာဘဲဖြစ်ပါတယ်။ ခုအချိန်ဟာ
မြန်မာစစ်တပ်နဲ့ ကြံ့ဖွံ့ ပါတီ နာမည်ကောင်းတည်ဆောက်နေတဲ့ခေတ်ပါ။

မေး။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို ခေတ်အဆက်ဆက်အစိုးရတွေ
ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ အဲဒါဘာကြောင့်ပါလဲ။
လက်ရှိ ဦးသိန်းစိန်အစိုးရက လုပ်နေတဲ့ငြိမ်းချမ်းရေးကရော အောင်မြင်မှု
ရှိနိုင်ပါသလား။

ဖြေ။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ခေတ်အဆက်ဆက်က
အစိုးရတွေ ပြုလုပ်ခဲ့တယ်ဆိုပေမယ့် ဆွေးနွေးပွဲတွေဟာ အနှစ်သာရအားဖြင့်
တစ်မျိုးတည်းပါဘဲ။ ဒါကြောင့် အောင်မြင်မှုမရတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေ
လက်နက်ကိုင်တဲ့အခါ သူတို့ နစ်နာမှုတွေကို တောင်းဆိုဖို့ က အဓိကဖြစ်ပါတယ်။
သူတို့ နစ်နာမှုတွေကို အသားပါပါ Address မလုပ်သရွေ့  ဘယ်နှကြိမ်ဘဲ
ဆွေးနွေးသည်ဖြစ်စေ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ 
ဘ၀အခြေအနေကို ဦးသိန်းစိန်အစိုးရက လေးစားမှုမပြသရွေ့  ခုတက်လာတဲ့
ဆွေးနွေးပွဲတွေဟာ စိတ်လှုပ်ရှားစရာမရှိပါဘူး။

မေး။ အစ်မ မြန်မာပြည်မှာရှိနေတုန်းက တွေ့ ခဲ့ရတဲ့ လူ့ အဖွဲ့ အစည်းပုံစံနဲ့ 
အခုပြန်ရောက်လာတော့ တွေ့ လိုက်ရတဲ့လူ့ အဖွဲ့ အစည်း ဘာတွေများ
ကွာဟသွားတာတွေ့ ခဲ့ရပါသလဲ။

ဖြေ။ အစ်မတို့ မြန်မာပြည်မှာ ကျောင်းသားဘ၀က ခုခေတ်ထက်
ပိုလွတ်လပ်သလို အသက်ရှူဝသလိုမျိုးပါဘဲ။ ကျူရှင်ဆရာကောင်းကောင်းကို
၁၀ - ၂၀ ကျပ်ဘဲပေးရတဲ့ခေတ်ကိုး။ ပြီးတော့ အသက်ရှူရတာတွေ၊
ကျောင်းတက်ရတဲ့အတွေ့ အကြုံ အခုလောက်မဆိုးရွားပါဘူး။
ဆရာ ဆရာမတွေက လာဘ်မယူကြပါဘူး။ ကျောင်းတွေ ကောလိပ်တွေလည်း
မြို့ ပြင်မှာ ဇနပုဒ်တွေမှာ မတက်ကြရဘူး။ ခုတော့ အတော်ကြိးပြောင်းလဲသွားပြီ။
ငွေများငွေနိုင် လူမှုပတ်ဝန်းကျင်မှာ ပြည်သူလူထုဆုံးရှုံးနစ်နာမှုက အများကြီးပါ။
အခုထိတော့ အစ်မ နယ်ဘက်တွေမရောက်သေးတဲ့အတွက် ဘယ်လောက်
အတိုင်းအတာအထိ သဘာဝပတ်ဝန်းကျင် ပျက်စီးခမ်းခြောက်မှုကို
ကိုယ့်မျက်ဝါးထင်ထင် မတွေ့ ရသေးပါဘူး။ ဒါပေမယ့် ရန်ကုန်က နေရာအနှံ့ မှာ
အများပြည်သူ လူမှုဘ၀အခြေခံက အလွန်စိတ်ထိခိုက်စရာပါ။ အစိုးရရဲ့ 
စီမံကိန်းအသီးသီးဟာ လမ်းပြင်လမ်းချဲ့  အသေးအဖွဲကအစ အကြီးကြီးနေရာတွေ
အထိ လူထုဘ၀ရပ်တည်မှုကို ထိရောက်စေပါတယ်။ လူတွေဟာ အကာအကွယ်မဲ့
နေပါတယ်။ လူတွေဟာ အရမ်းကို ပင်ပန်းဆင်းရဲနေပါတယ်။ လက်ညှိုးထိုးမလွဲ
များမြောင်လှတဲ့ စားသောက်ဆိုင်အသီးသီးမှာ ၁၀ နှစ်အောက်ကလေးငယ်တွေ
ဆယ်ကျော်သက် ၁၂ - ၁၃နှစ် ၁၄ ကလေးတွေ၊ ကျောင်းစာမသင်ကြဘဲ
စားသောက်ဆိုင်အလုပ် လုပ်နေကြပါတယ်။ ရန်ကုန်မြို့ တစ်ခုမှာတင် ဒီကလေး
အရေအတွက်ဟာ သိန်းချီရှိနိုင်ပါတယ်။ ဒီကလေးတွေဟာ စာသင်ကျောင်းတွေမှာ
ရှိနေရမှာပါ။ လမ်းပေါ်မှာ၊ ရပ်ကွက်တွေထဲမှာ၊ နိုက်ကလပ်တွေထဲမှာ၊
စားသောက်ဆိုင်တွေထဲမှာ၊ အလုပ်ခွင်တွေထဲမှာ ကြိုက်တဲ့နေရာကြည့်၊
အသံလုံးဝမရှိတဲ့ လူအများစုရဲ့  အသံမဲ့နစ်နာမှု၊ ဘ၀မျှော်လင့်ချက်မဲ့မှုတွေဟာ
ခုခေတ်လူ့ အဖွဲ့ အစည်းရဲ့ ရလဒ်ဖြစ်နေတယ်။

မေး။ ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့  ဖျက်သိမ်းရေးအယူအဆနှစ်ခုအနက်
ဘယ်အယူအဆပေါ်မှာ အခြေပြုထားပါသလဲ။ အကျဉ်းချုပ်ရှင်းလင်းပေးပါဦး။

ဖြေ။ ၂၀၀၈ ဖွဲ့ စည်းပုံက ဖျက်သိမ်းသင့်ပါတယ်။

မေး။ လမ်းပေါ်ထွက်နိုင်ငံရေးဟာ မြန်မာပြည်မှာ ကျဆုံးသွားပါပြီလား။

ဖြေ။ လမ်းပေါ်ထွက်နိုင်ငံရေး မြန်မာပြည်မှာ ကျဆုံးသွားပြီလို့ ပြောဖို့ ထက်
ကျဆုံးသွားအောင် အားမပေးမှု၊ ခက်ခဲအောင်လုပ်ဆောင်မှုတွေကြောင့်
လမ်းပေါ်ထွက်နိုင်ငံရေး တစ်နိုင်ငံလုံးအတိုင်းအတာမှာ ၈၈ ကလို
အုတ်အော်သောင်းနင်း မဖြစ်အောင် တားဆီးခံနေရတဲ့ကာလဖြစ်ပါတယ်။
လမ်းပေါ်ထွက်နိုင်ငံရေးဟာ ကမ္ဘာနဲ့ ယှဉ်ရင် မြန်မာပြည်မှာ အခုအားနည်းနေ
ပါတယ်။ လုပ်နေဆဲသူတွေကတော့ သူတို့ အသိနဲ့ သူတို့  ရွပ်ရွပ်ချွံချွံ
ရပ်တည်နေကြတာမို့  အားရစရာကောင်းပါတယ်။ လက်ပံတောင်းတောင်
အရေးမှာ ဒေသခံတွေ တောင့်ခံထားနိုင်မှု၊ အလုပ်သမားအရေးတွေမှာ
ဒီလောက်မိုက်ရိုင်းပက်စက်တဲ့ ဗိုလ်ကျမှု၊ လူလိုမဆက်ဆံမှု၊ ခေါင်းပုံဖြတ်မှုတွေကို
အပ်တိုတစ်ချောင်းတောင်မရှိတဲ့ လူငယ်လေးတွေဟာ ရုံးချိန်းအလီလီသွား၊
အရိုက်အနှက်ခံ၊ အငတ်ခံ၊ နေပူမိုးရွာ ရာသီမရွေး ရပ်တည်ချက်နဲ့ တုန့် ပြန်နေကြ
တာဖြစ်ပါတယ်။ အရည်အသွေးဟာ အဓိကပါ။ အရည်အသွေးကောင်းသူ၊
သတ္တိရှိသူ၊ လူထုပြဿနာကို တိတိကျကျနားလည် ရပ်တည်ပေးသူ ဒီလိုလူမျိုး၊
လမ်းပေါ်ကလူထုနိုင်ငံရေးကို ယုံကြည်မှုတွေဟာ ယုံကြည်ချက်ကိုမှီပြီး
တိုးပွားရတာမို့  တူရာလူတွေစုဖို့ လိုပါတယ်။ တူရာလူတွေ ကျောချင်းကပ်ထားဖို့ 
လိုပါတယ်။ ပြည်သူလူထုဟာ ဘယ်တော့မှမမှားနိုင်ဘူးဆိုပြီး ပြည်သူလူထုဘက်က
ရာသက်ပန်တောင့်ခံပေးမယ့် ပထမတန်းစား A List နိုင်ငံရေးအင်အားစုဟာ
လမ်းပေါ်က၊ မိုးထဲရေထဲက နိုင်ငံရေးခွင်မှာဘဲ တွေ့ နိုင်တယ်လို့ ထင်ပါတယ်။

မေး။ လက်ရှိလူထုလူတန်းစားအရေးတွေ ဆောင်ရွက်နေတဲ့ တချို့ အင်အားစု
တွေကို ပညာရှင်ဆိုပြီးတော့ သတ်မှတ်ခေါ်ခံနေရတဲ့သူတွေက ပြစ်တင်ဝေဖန်မှု
တွေ ရှိခဲ့ပါတယ်။ ရှိလည်းရှိနေဆဲပါဘဲ။ အဲဒါက နောက်ကြောင်းပြန်လှည့်မှာ
စိုးရိမ်တယ်ဆိုတဲ့ အသုံးအနှုန်းပါ။ အစ်မရော ဘယ်လိုသတ်မှတ်ပေးချင်ပါသလဲ။

ဖြေ။ ပညာရှင်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့  အခင်းအကျင်းတွေက ဘယ်လူတန်းစားကို
ကူညီပေးနေသလဲဆိုတာ တစ်ချက်ကြည့်ဖို့ လိုပါတယ်။ သူတို့ အာဂျင်တာတွေက
တည်ဆဲစနစ်နဲ့  ခေါင်လူကြီးများကို အရောင်တင်ပေးနေပြီး တစ်နိုင်ငံလုံးက
လူ့ စွမ်းအားနဲ့  စွမ်းရည်ဆိုင်ရာ Concerns တွေ၊ Issues တွေကို Address
မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြဿနာက စီးပွားရေးပြဿနာဖြစ်ပါတယ်၊
လူတွေ ဒီမိုကရေစီအကြောင်းနားမလည်သေးလို့  လေ့ကျင့်ပေးဖို့ လိုတယ်ဆိုတာ
ဆင်ခြေသာဖြစ်ပါတယ်။ ခက်တာက သူတို့ ပညာရှင်တွေရဲ့ အပြောအဟောတွေဟာ
အစိုးရရဲ့ ထောက်အပံ့ရထားတာကလွဲရင် လူတန်းစားပြဿနာ၊ ငတ်မွတ်ဆင်းရဲမှု
စီးပွားရေးပြဿနာတွေ ဖြေရှင်းဖို့  မည်သည့်အခြေခံဂိုက်လိုင်းတစ်ခုမှ မရှိပါဘူး။
ပညာရှင်လူတန်းစားရဲ့ ယဉ်ကျေးမှုဟာ ၂၀၁၅ အထိ စောင့်စရာမလိုပါဘူး။
ခုကတည်းက လူတွေကစနှာခေါင်းရှုံ့ နေကြပါပြီ။ ပညာရှင်လုပ်ချင်ရင်
နည်းတစ်နည်းဘဲရှိပါတယ်။ အဖက်ဖက်က မှားယွင်းလွဲစောင်းနေတဲ့
လူမှုအဖွဲ့ အစည်းမှာ ပါတီတစ်ခု၊ အဖွဲ့ အစည်းတစ်ခုရဲ့  ခိုင်ခံ့တဲ့မူဝါဒနဲ့ 
Direct Action တွေကို အကောင်အထည်ဖော်နိုင်မှုတွေဖြစ်ရပါမယ်။
လူထုနဲ့ မျိုးမကွဲ၊ တစ်သားတည်းရှိနေရပါမယ်။ အကြမ်းဖျဉ်းပြောရရင်
Radical Intellectual Force ပေါ့။ ခုအကြိမ်ကြိမ်တွေ့ နေရတဲ့ ဟောပြောပွဲတွေမှာ
ပညာရှင်ဆိုသူတွေဟာ တည်ဆဲစနစ်ကိုသာ အထောက်အပံ့ပေးနေကြပြီး
လူထုနဲ့ အလှမ်းဝေးလှပါတယ်။ နှလုံးရည်အပြည့်နဲ့ ပညာရှင်မျိုးဆိုရင်တော့
တစ်မျိုးပေါ့။ ခုတော့ တွေ့ နေရတာတွေဟာ မိမိကိုယ်မိမိ ပညာရှင်တံဆိပ်ကပ်၊
သူတို့ နှလုံးရည်ပိုင်းကတော့ သံသယဖြစ်စရာကြီးပါ။

မေး။ အွန်လိုင်းပေါ်မှာ အစ်မက လက်ရှိအစိုးရနဲ့  ထင်ပေါ်ကျော်ကြား
လူကြိုက်များတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေကို ဝေဖန်ထောက်ပြမှုတွေ
တောက်လျှောက်လုပ်နေတာနဲ့ ပက်သက်ပြီး အစ်မက လက်ဝဲအမြင်နဲ့ 
ချဉ်းကပ်တဲ့ လက်ဝဲသမားတစ်ယောက်လို့  ပြောဆိုသတ်မှတ်ခံနေရတဲ့အပေါ်
ဘာများပြောချင်ပါသလဲ။

ဖြေ။ ကိုယ့်ကိုကိုယ်တော့ နာမည်ကြီးလို့ လည်း မမြင်ပါဘူး။ Critical တော့
ဖြစ်ပါတယ်။ လူတိုင်း Critical ဖြစ်ရင် လူအချို့  အထူး Critical ဖြစ်ဖို့ တောင်
လိုမယ်မထင်ပါဘူး။ ပြည်သူတွေရဲ့ အရေးကိစ္စများကို လစ်လျူရှုထားသူများကို
ပြင်းပြင်းထန်ထန် ဝေဖန်ရပါမယ်။ နိုင်ငံရေးဖောက်ပြန်မှုဆိုတာ အစိုးရ
လက်ထက်မှာသာမက နာမည်ကျော်လူကြိုက်များ ရေပန်းစားတဲ့သူတွေရဲ့ 
အတွင်းစည်းထဲမှာလည်း ဒီဂရီအမျိုးမျိုးနဲ့ ရှိနေနိုင်ပါတယ်။ အစိုးရနဲ့ အတိုက်အခံ
ပြောပြောနေတဲ့ ဒီမိုကရက်တစ်ရီဖောင်းမ်ဆိုတာကြီးမှာ အတားအဆီးတွေ၊
ကန့် သတ်မှုတွေ၊ သောင်မတင်ရေမကျအဖြစ်အပျက်တွေ တောင်လိုပုံ။
ဒီလိုအခြေအနေမျိုးမှာ ပါးစပ်ပိတ်၊ ရေငုံနှုတ်ပိတ်နေခြင်းဟာ မတရားမှုကို
အားပေးနေသလိုမို့  ကိုယ်သိတဲ့နည်းနဲ့  Critical လုပ်ရပါတယ်။ နိုင်ငံရေးအရ
ကျပ်တည်းတာကို အတိုင်းအတာတစ်ခုအထိ သည်းခံနိုင်ပါတယ်။ သို့ သော်
မတော်မတရားနည်းတွေနဲ့  စီးပွားရှာထားတဲ့သူတွေကို ကျဉ်ခြင်း၊ ရှောင်ခြင်း၊
အရေးယူနိုင်ခြင်း တစ်စေ့မရှိဘဲ သူတို့ နဲ့ မကင်းမရှင်း နိုင်ငံရေးသမားများကို
ဝေဖန်ရပါမယ်။

မေး။ ABSDF မှာ ပါဝင်ခဲ့တဲ့သူတစ်ယောက်အနေနဲ့  AB ဟာ လက်ရှိ
အနေအထားအတိုင်း ဆက်ရှိသင့်ပါသလား။

ဖြေ။ ABSDF ဟာ အထူးသတိထားသင့်ပါတယ်။ တက္ကစီတွေပေးပြီး ABSDF ကို
စည်းရုံးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အဓိကကတော့
နိုင်ငံရေးတန်းတူရည်တူ ဖြစ်မနေခြင်းကိုဘဲ ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို
ဧကရီတစ်ပါးတောင် အစိုးရနဲ့ ယှဉ်ရင် နိုင်ငံရေးအရ တန်းတူရည်တူဖြစ်မှု
လုံးလုံးမရတဲ့အနေအထားမှာ ABSDF ကို ဦးအောင်မင်းအဖွဲ့ က ကျကျနန
ပလေး (ကစား) ပြပါလိမ့်မယ်။ အထူးသဖြင့် ရှေ့ ထွက်နေတဲ့၊ သမိုင်းလည်း
ရှိခဲ့တဲ့ အသက် ၅၀ တန်း ကျောင်းသားကြီးများ ခြေမခွေဖို့ ၊ ခြေမချော်ဖို့ ၊
သူတို့ အိပ်မပျော်သွားဖို့  တတေတေ သတိပေးနေရပါမယ်။

မေး။ (အာဏာရ) ပါတီထိပ်သီးပိုင်းကပုဂ္ဂိုလ်တွေ လူသိရှင်ကြား ကွဲလွဲမှုတွေ
ဖြစ်နေတဲ့အပေါ် အစ်မအမြင် ပြောပြပါဦး။

ဖြေ။ အချို့ ဆိုတဲ့ တကယ်ပြောင်းလဲချင်စိတ်ရှိသူတွေ ရှိများရှိခဲ့ရင်
ဒီလူတွေ ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုပါတယ်။ ပြောမယ့်သာပြောရတယ်။
အားတော့မရှိလှပါ။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ ပါတီထိပ်သီးပိုင်းက
ကွဲလွဲမှုတွေဆိုတာ တကယ်လား၊ ကောလာဟလလား အစ်မလည်း
သေသေချာချာ မသိပါ။ ထုံးစံအရတော့ သူတို့ မှာ အပျော့အမာ သိပ်မကွဲလှပါဘူး။
သူတို့ မှာ Ideological Unity ရှိတယ်။ အတိုက်အခံဘက်က လိုက်မမီတဲ့
သဘောတူညီညွတ်မှုမျိုးဆိုပါတော့။

မေး။ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပက်သက်ပြီး လက်ခံပါသလား။
လက်ခံတယ်ဆိုရင် ဘယ်လို ဖက်ဒရယ်ပုံစံမျိုးလဲ။

ဖြေ။ ဖက်ဒရယ်ပြည်ထောင်စုကို လက်ခံပါတယ်။ ဖက်ဒရယ်ဆိုတာ
ခွဲရေးကြီးပါလို့  မှိုင်းတိုက်ထားခံရလို့ ဖြစ်နေတဲ့ ကြောက်ရွံ့ စိုးရိမ်မှုတွေလည်း
ဖျောက်ပစ်ရပါမယ်။ ဖက်ဒရယ်အစိုးရဟာ ပြည်နယ်တိုင်းဒေသခံ လူထုပဋိပက္ခ
ဖြေရှင်းတဲ့အခါ လူအဆန်ဆုံးနည်းတွေ၊ ပြည်မ - ပြည်နယ် မြို့  - တော၊
ကျောသားရင်သား မခွဲခြားတဲ့ နိုင်ငံရေးပေါ်လစီတွေ၊ ခိုင်ခံ့တဲ့ဥပဒေတွေ
ဒါတွေကဘဲ ပေါက်ဖွားလာရပါမယ်။ လူထုထောက်ခံတဲ့ ဖက်ဒရယ်အစိုးရမျိုးကို
ဆိုလိုပါတယ်။

မေး။ နောက်ဆုံးအနေနဲ့  ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ နဲ့  ဒီချုပ်
ဘယ်သူ အားသာပါသလဲ။

ဖြေ။ ဒီချုပ်ဘဲနိုင်ပါလိမ့်မယ်။ ၂၀၁၅ မတိုင်ခင် ပွဲကြမ်းနိုင်ပါတယ်။
သို့ သော် ကြံ့ဖွံ့ ပါတီဝင်တွေ ဒီချုပ်အဖွဲ့ ထဲ စိမ့်ဝင်ပျံ့ နှံ့ ပြီးသားဆိုရင်တော့
အသစ်ပေါ်လာမယ့် နိုင်ငံရေးပါတီတစ်ရပ်ရဲ့  အခန်းကဏ္ဍမှာလည်း Entity တစ်ခု
အနေနဲ့ ဖြစ်လာနိုင်ခြေရှိပါတယ်။

ဖြေကြားသူ - အေးအေးစိုးဝင်း
အင်တာဗျူးတင်ဆက်သူ - ညီလေး

(လူထုပုံရိပ်ဂျာနယ် အတွဲ ၁၊ အမှတ် ၅၂ မှ ကူးယူဖော်ပြပါသည်)

2 comments :

Anonymous said...

ကျနော် တို့နိုင်ငံ စစ်မှန်တဲ့ဒီမိုကရေစီ ရဖို့ အချိန် ဘယ်လောက်ကြာမလဲဆိုတာ သိချင်လို့ပါခဗျ......As far as i know,there is no 100% democracy at south east asia countries.when i ask the NLD men from Malaysia,they said Malaysia has about 35% demo but country is rich.I ask them if our country became like Malaysia,r u happy?They said yes.Why they say?Myanmar demo pass Singapore.In Singapore,people can not gather not more than 5.But people dont care this because they r rich.before the country is rich,when poor,,if u put democracy first,country will collapse.Look at Russa.Before country rich,when demo is put first,whole country collapse.All rich asia countries proved that without demo,can do rich country.Taiwan,Korea,china,Thai,Singapore,Malaysia.Now,Vietnam became one asia tiger without demo.Vietnam is comming to Myanmar to do business.Some Myanmar people go to Vietnam to get money as labor.Democracy is like pill.If u dont know how to use demo,country will collapse especilally when country is poor,like USSR.My view is firstly,do rich then raise the demo.If country is rich,people dont care demo because they have enough food.People will not intrest to seperate from country if they r rich.

Anonymous said...

l dont agree with ma aye aye soe win too.She said too far and too much.In 2007 september i and my friends fight for freedom and democracy on streets of yangon among bullets.And i knew outright how much difficult in burma to get a change through street political fights.In those days.even in my wildest dreams i couldnt hope we will reach today situation within 5 years.Free press..free public memorials for 1988..2007 martyrs..opposition parties in parliament..and even a chance for ma aye aye soe win to get an interview with a nationwide published journal.Isnt it good we get freedom and democracy without a single citizen die on streets,.,.?I am not a scholar..I am just an engineer and a retired street political fighter.But i agree with the concerns of the scholars.Social ills and econic injustices are taking place even in developed countries.If we are not the perpectual activists.we should not go out on streets in today political situation,