Thursday 12 September 2013

Change or not.


အခြေအနေ ပြောင်းလဲပြီလား ။ မပြောင်းလဲသေးဘူးလား။ 
တိုးတက်လာသလား။ မတိုးတက်လာဘူးလား လို့  မေးလာတဲ့ မိတ်ဆွေတွေအတွက် ပြောင်းလဲမှု စံညွန်းကို ပြောပြလိုပါတယ်။ 

-ဒီမိုကရေစီဆိုတာ အာဏာကို တဦးတည်းက ကိုင်နေသလား။ အများစုက ကိုင်နေသလား။ 
ဗဟိုကနေ အာဏာတွေကို ချုပ်ကိုင်ထားသလား။ ပြည်နယ်အစိုးရတွေကို အာဏာခွဲဝေကျင့်သလုံးသလား ။ 

 -အရင်းအမြစ်တွေကို ပြည်သူတွေအတွက် ခွဲဝေစားသုံးသလား။ ပြည်သူတွေအတွက် ရေရှည် စားသုံးနိင်အောင်လုပ်
ထားသလား ။ 

-အခွန်တွေကို ဘယ်လိုကောက်ခံသလဲ။ အခွန်တွေကို အပြည့်အ၀ကောက်ခံနိင်ပါရဲလား။ အခွန်တွေကို ဘယ်လိုသုံးစွဲပါသလဲ။ 
အခွန်တွေဟာ ပြည်သူတွေဖွင့်ဖြိုးမှုမှာ တကယ်ထိထိရောက်ရောက်သုံးပါသလား။ 

-တရားဥပဒေဟာ ပြည်သူတွေအတွက်တကယ်လုံခြုံမှုရှိပါသလား။ မရှိဘူးလား ။ 

- နိင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ရှိသလား။ 

- လွတ်လပ်စွာမဲပေးခွင့်ရှိသလား။ 

-ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ပြည်သူတွေအတွက်တကယ်လုပ်ပေးသလား။ 

-လွတ်လပ်စွာ စုရုံးခွင့်ရှိသလား။ ယုံကြည်မှုအတွက်ထုတ်ဖေါ်နိင်ခွင့်ရှိသလား။ 

-စီးပွားရေးမှာ တန်တူအခွင့်အရေးရှိသလား။ ပုဂိလိက ပိုင်ဆိုင်ခွင့်ရှိသလား။ 


စတဲ့အချက်တွေကို ကျနော်တို့  ကြည့်ပြီး 
ပြောင်းလဲ နေသလား မပြောင်းလဲနိင်သေးဘူးလား ဆိုတာ ကို စဉ်းစားကြရတာဖြစ်ပါတယ်။ 

1 comment :

Anonymous said...

Hlut Taw only interested in Dr Seik Phur??????????
Hlut Taw afraid of bank account holders.............